11/30/2015

♪ တံတားဆောက်ရမယ့်ဥာဏ်စမ်း Game လေးတစ်ခု - Bridge Constructor v3.6 Apk (26-Nov) ♫

Cover art

ကဲဗျာ ဥာဏ်စမ်း Game ကောင်းကောင်းလေးတွေတင်ပေးပါလို့ တောင်းဆိုထားသူများအတွက်  Bridge Constructor ဆိုတဲ့ ဥာဏ်စမ်း Game လေးကိုတင်ပေးလိုက်ပါတယ်ဗျာ။ အခုအသစ်ထွက်ထားတဲ့ Version လေးမှာတော့ အရင်အဟောင်းတွေနဲ့မတူပဲ Feature အသစ်လေးတွေ အခန်းအသစ်လေးတွေ ထပ်တိုးပြီးပါဝင်လာတာကိုတွေ့ရပါတယ်ဗျာ။ ပိုပြီးကစားလို့ကောင်းလာတာပေါ့ဗျာ။ သေသေချာချာလေးကို စဉ်းစား ချင့်ချိန်ပြီးကစားရမယ့် Game လေးဖြစ်ပါတယ်ဗျာ။ စစပေါ်ခြင်းတုန်းက လူကြိုက်အတော်များခဲ့တဲ့ Game တစ်မျိုးပါဘဲ။ အခုလည်း 8-Oct မှာ Version အသစ်ထွက်လာလို့တင်ပေးလိုက်တာပါ။ Game ရဲ့ ပုံစံလေးကတော့ တောင်တစ်တောင်နဲ့ တစ်တောင်ကြား မြစ်တစ်ခုနဲ့တစ်ခုကြားတွေမှာ တံတားထိုးပေး ရတဲ့ Game လေးပါ။ အဆင့်တွေက လည်းအများကြီးနဲ့ကစားရမှာပါ။ တဆင့်ထက်တဆင့်က ပိုပိုခက်လာ ပါတယ်။ တကယ့်ကို သွေးအေးအေး နဲ့ ဦနှောက်သုံးပြီး ကစားချင်သူများအကြိုက်တွေ့စေမှာပါ။ Android OS 2.3 နှင့်အထက်ဖုန်းများမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



 
 

 

 

 



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

♪ Sony Xperia C5 Ultra ကို အမေရိကန်တွင် ရောင်းပြီ ♫


Selfie Photos များရိုက်ကူးရန် ကောင်းမွန်သော Sony Xperia C5 Ultra ကို အမေရိကန် တွင် ရောင်းချပေးလိုက်ပါသည်။ Sony ၏ စမတ်ဖုန်းအများစုကဲ့သို့ပင် Xperia C5 Ultra ကို Carrier များမှ ရောင်းချခြင်းမရှိဘဲ Unlocked ရောင်းချပေးထားပါသည်။

ဈေးနှုန်းအားဖြင့် ဒေါ်လာ ၃၁၉.၉၉ သတ်မှတ်ထားပြီး လက်ရှိတွင် အဖြူရောင်တစ်မျိုးသာ ရောင်းချပေးနေ ပါသည်။ Amazon နှင့် Expansys အရောင်းဆိုင်များတွင် ၀ယ်ယူနိုင်ပါသည်။

Sony Xperia C5 Ultra ၏ အရှေ့ဘက်တွင် 13MP Camera နှင့်အတူ LED Flash တစ်ခုကို ပူးတွဲတပ်ဆင်ပေးထားပါသည်။ စွမ်းဆောင်ရည်သင့် Phablet ဖြစ်ပြီး ခြောက်လက်မ 1080p Display ပါရှိပါသည်။ အနောက်ဘက်တွင်လည်း 13MP Camera နှင့် LED Flash ကို တပ်ဆင်ထားပါသည်။

2GB RAM, 16GB Storage, 2930mAh Battery , 1.7GHz Octa-Core MediaTek MT6752 SoC , Android 5.0 Lollipop တို့ ထည့်သွင်းထားပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com
Read More ...

♪ Internet Speed ကို နေရာပေါင်းစုံကနေမြှင့်မယ် ♫


မင်္ဂလာပါ ကျတော် စာမရေးရတာလည်း ကြာပြီ…
အခုရေးပေးမယ့်အကြောင်းအရာကတော့ မိမိကွန်ပျူတာကနေ
အင်တာနက် Speed ကို Software မသုံးပဲ မြှင့်တင်တဲ့နည်းလေး
တွေဖြစ်ပါတယ်။ ဟိုယခင်ကတော့ ကျတော် Internet Speed
မြှင့်တဲ့ Software လေးတော့ တင်ပေးဖူးတယ်နောက်ပိုင်းမှာတော့
Technical ပိုင်းသီးသန့်ရေးမယ်လို့ စိတ်ကူးထားတဲ့အတွက်ကြောင့်
Software တွေလည်းမတင်တော့ပါဘူး၊ ထိုကြောင့်လည်း Post တစ်ခု
တက်ဖို့ကို တစ်ခါတစ်လေ ၂ ပတ် ၁ခါ ၃ပတ် ၁ခါမျိုး ကြာသွားတတ်ပါတယ်။
ကျတော့ကိုအားပေးတဲ့ ပရိတ်သတ်ကြီးကိုလည်း အထူးကျေးဇူးတင်ပါတယ်။
ကဲ စကားတွေများပြီး ၀ုန်းဒိုင်းကြဲ စလိုက်ရအောင်….
အရင်ဆုံး RUN Box ကို ဖွင့် “gpedit.msc” လို့ရိုက်ပါမယ်.


ထို့နောက်တော့ ကျတော်တို့က Computer Configuration အောက်က
Administrative Template/ Network / QoS Packet Scheduler ကိုနှိပ်
လိုက်ပါမယ်။ ပြီးသွားရင်တော့ အောက်ပါပုံအတိုင်း


ညာဘက်ခြမ်းက Limi reservable bandwidth ဆိုတာကို Double
Click နှိပ်လိုက်ပမယ်။ထို့နောက်တော့ လက်ရှိရှိနေတဲ့ Not Configured
ဆိုတာကို Enable လုပ်ပြီး Bandwidth % ကို “ 0 ” ဟုအောက်ပါပုံအတိုင်း


သတ်မှတ်ပေးပြီး Apply OK လုပ်လိုက်ပါမယ်။ ပြီးသွားရင်တော့ Run
Box ထဲမှာ “gpupdate /force” လို့ရိုက်လိုက်ပါမယ်။ ဒါဆိုရင် သင့်ရဲ့
အင်တာနက် Speed ကို 20% မြှင့်တင်လိုက်တာဖြစ်ပါတယ်။
နောက်တစ်နည်းကတော့ Registry ကနေမြှင့်တင်တဲ့နည်းပါ…
ကဲ အရင်ဆုံး Run Box ထဲကနေ “regedit” လို့ရိုက်ပါမယ်။ ပြီးသွားရင်တော့
သွားရမယ့်လိပ်စာက


HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\services\
Tcpip\ServiceProvider ကိုသွားပါမယ်။ ထို့နောက်တော့ အထက်ပါပုံ
အတိုင်းမှ
DnsPriority မှာ Value data ကိုလက်ရှိတန်ဖိုးကို ဖျက်ပီး 7 ဟုရိုက်ပါ
HostsPriority မှာ Value Data ကို လက်ရှိတန်ဖိုးကိုဖျက်ပီး 6 ဟုရိုက်ပါ
LocalPriority မှာ Value Data ကို လက်ရှိတန်ဖိုးကို ဖျက်ပီး 5 ဟုရိုက်ပါ
NetbtPriority မှာ Value Data ကို လက်ရှိတန်ဖိုးကိုဖျက်ပီး 8 ဟုရိုက်ပါမယ်။
အားလုံးပြင်ပီးသွားချိန်မှာတော့ အောက်ပါပုံအတိင်း


ဖြစ်နေရမှာဖြစ်ပါတယ်။ ဒါဆိုရင် Registry ကနေသွားပြင်ထားတာဖြစ်ပါတယ်။
နောက်တစ်နည်းကတော့ Command Prompt ကနေလုပ်တာဖြစ်ပါတယ်။
ဒါကြောင့် ကျတော်တို့က CMD ကို Run As Aministrator အနေနဲ့ သွားရ
အောင်လို့ Run Box ထဲမှာ “ %comspec% ” လို့ရိုက်လိုက်ပမယ်။


ထို့နောက်တော့ အထက်ပါအတိုင်း “ regsvr32 actxprxy” လို့ရိုက်ပြီး
Enter ခေါက်လိုက်ပါမယ်။ကဲ အထက်ပါလုပ်ဆောင်ချက်တွေအားလုံးပြီး
သွားရင်တော့ သင့်ရဲ့ ကွန်ပျူတာကို Restart ချလိုက်ပါမယ်။ ဒါဆိုရင်
သင့်ကွန်ပျူတာမှာ သုံးနေတဲ့ အင်တာနက် Speed ကို သိသိသာသာ
တိုးတက်လာတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။
စာဖတ်ပရိတ်သတ်ကို အစဉ်လေးစားလျှက်

Cristiano Zarni@ဦးဇာနည်


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com
Read More ...

♪ ထူးထူးခြားခြား Speed Boat ပြိုင်မောင်းကြမယ် - Driver Speedboat Paradise v1.5.0 [Mod] Apk ♫

   Driver Speedboat Paradise- screenshot

ဒီတစ်ခေါက်မှာတော့ ဂိမ်းဝါသနာရှင်ဘော်ဒါတွေအတွက် ရေထဲမှာ Speed Boat ပြိုင်မောင်းရမယ့် Game တစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ Online ရော Offline ပါနှစ်မျိုးစလုံးကစားလို့ရမယ့် Game လေးဖြစ်ပါ တယ်။ Offline ကတော့ ဘော်ဒါတွေသိထားပြီးသားဖြစ်မှာပါ။ Online မှတော့ Facebook ထဲမှာ ရှိတဲ့ မိမိ ရဲ့သူငယ်ချင်းများကိုဖိတ်ခေါ်ပြီးပြိုင်မောင်းနင်္ိုင်မှာဖြစ်ပါတယ်။ ဆိုင်ကယ်တွေ ကားတွေပြိုင်မောင်းနေရတာ ငြီးငွေ့လာ ရင်တော့ အခု ရေထဲမှာပြိုင်မောင်းလို့ရမယ့် Riptide GP2 လေးကိုမောင်းကြည့်ပါ။ ကစားလို့ကောင်းပါ တယ်။ ရေထဲမှာဆိုတော့ တမူထူးခြားမယ့် ရသလေးတစ်ခုကိုခံစားရမှာပေါ့ဗျာ။ Install လုပ်ပုံကလည်းလွယ် ပါတယ်ဗျာ။ အောက်မှာသေချာရှင်းပြပေးထားပါတယ်။ Android OS 4.0 နှင့် အထက်ဖုန်းများမှာ ကစားနိုင်မှာ ပါ။ Game ရဲ့နမူနာပုံစံကိုလည်းအောက်မှာ Screen Shot တွေကိုရိုက်ပြ ထားပါတယ်ဗျာ။



Instructions:
  • Install Apk
  • Copy ‘com.ubisoft.driver.hotwaters’ Folder to sdcard/Android/obb
  • Launch the Game

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 


   Driver Speedboat Paradise- screenshot

   Driver Speedboat Paradise- screenshot

   Driver Speedboat Paradise- screenshot

   Driver Speedboat Paradise- screenshot

   Driver Speedboat Paradise- screenshot

   Driver Speedboat Paradise- screenshot




**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Read More ...

♪ Xiaomi က Redmi Note 3 ကို ဒေါ်လာ ၁၄၀ ဖြင့် ရောင်းချ ♫


Xiaomi က Redmi Note 3 စမတ်ဖုန်းကို မိတ်ဆက်လိုက်ပါသည်။ ၅.၅ လက်မ 1080p Full HD Display တပ်ဆင်ထားပါသည်။ 2 or 3GB RAM ရွေးချယ်နိုင်ပါသည်။ MediaTek Helio X10 Octa-Core Processor မောင်းနှင်မည် ဖြစ်သည်။ 16 or 32GB Internal Storage များ ရွေးချယ်နိုင်ပါသည်။

စွမ်းဆောင်ရည်သင့် စမတ်ဖုန်းများထဲတွင် သာလွန်ကောင်းမွန်သည့် အမျိုးအစားဖြစ်ပြီး တရုတ်တွင် အလွန် အံ့အားသင့်ဖွယ်ဈေးနှုန်းဖြစ်သော ဒေါ်လာ ၁၄၀ ၀န်းကျင်ဖြင့် 2GB RAM Version ကို ရောင်းချမည် ဖြစ်သည်။ 3GB RAM Version ကို ဒေါ်လာ ၁၇၀ သတ်မှတ်ထားပါသည်။

Redmi Note 3 တွင် Android 5.1 Lollipop ကို အခြေပြုထားသော MIUI 7 နှင့် အရွယ်ကြီးမားသော 4000mAh Battery ထည့်သွင်းထားပါသည်။ သတ္တုကိုယ်ထည်ကို အသုံးပြုထားပြီး ရွှေ၊ ငွေနှင့် အညိုရောင်များ ရွေးချယ်နိုင်ပါသည်။ Fingerprint Sensor ပါရှိပြီး ၀.၃ စက္ကန့်အတွင်းတွင် ဖုန်းကို Unlock လုပ်ပေးနိုင်သည်ဟု ရှောင်မီက ပြောပါသည်။ အနောက်ဘက်တွင် 13MP Camera နှင့် အရှေ့ဘက်တွင် 5MP Camera တပ်ဆင်ထားပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com
Read More ...

♪ " SP New Product Power Bank P101 " ♫


SP မှ အသစ်ထွက်ရှိလာတဲ့ Power bank P101 နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Power bank P101 ရဲ့ ထူးခြားချက်ကတော့ သင့်ရဲ့ Mobile Phone နှင့် Tablet တွေမှာအသုံးပြုနိုင်အောင် capacity 10400mAh အထိရရှိနိုင်ပြီး dual USB 2.1A output နဲ့ထွက်ရှိလာခြင်းကြောင့် ပုံမှန်ထက် Fastcharging speed ၂ ဆ ပေးစွမ်းနိုင်သော Power Bank တစ်ခုဖြစ်ပါတယ်။

ထို Power Bank P101 များ၏လုံခြုံစိတ်ချမှုကို ဦးစားပေးသည့်အနေဖြင့် စွမ်းအင်ကာကွယ်မှုလေးဆင့်ပါ ရှိသော Utilize Samsung Battery Cells များဖြင့် ထုတ်လုပ်ထားပါတယ်။ 1 year warranty ပေး ထားတာကြောင့် သုံးစွဲသူ user များအနေဖြင့် အခက်အခဲမရှိ စိတ်အေးချမ်းသာမှုအပြည့်အ၀ရရှိနိုင်မည့် power bank တစ်ခုဖြစ်ပါတယ်။ Colour အားဖြင့် White နှင့် Blue ပါရှိပြီး capacity များအနေဖြင့်လည်း 5200mAh, 7800mAh, 10400mAh များအထိရရှိခြင်းကြောင့် မိမိ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်သည်။

SP ချစ်သူများအတွက် ၂၀၁၅ နှစ်ကုန် The End Of Year Promotion အဖြစ် SP Power Bank ၀ယ်ယူသူတိုင်း LED Flash Lamp တစ်ခုရရှိမည့်အခွင့်အရေးအပြင် SMART WATCH နှင့် Selfie Stick များ ထပ်ဆင့်ကံထူးနိုင်မည့်အစီအစဉ်အား November ၁ ရက်နေ့မှ December ၃၁ ရက်နေ့ အထိ ပြုလုပ်ပေးမှာဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်များကို Silicon-Power Myanmar Page ထဲဝင်၍ လေ့လာနိုင်ပါတယ်။

Design ဆန်းသစ်မှု၊ လှပသေသပ်မှု၊ အကြမ်းခံပြီး လူကြိုက်များတဲ့ Power Bank P101 ကို ကွန်ပျူတာဆိုင်များ အများစုတွင် ၀ယ်ယူရရှိနိုင်ပါသည်။

Golden Power Technology
Ph : 01-2304848, 2304849, 2304850, 2304851, 2304852
Price - 29,900/-
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com
Read More ...

♪ " HTC One M9s VS Gionee S6 " ♫

https://fbcdn-photos-e-a.akamaihd.net/hphotos-ak-xfa1/v/t1.0-0/s480x480/12289691_915688691852291_5626531189290868851_n.jpg?oh=cf31baef534054afecf877077d8d45ea&oe=56F5CBD4&__gda__=1457123078_8fe2e3bee646921470a6186e27a56774

HTC One M9s ကို ထိုင်ဝမ်မှာမိတ်ဆက်ခဲ့ပြီး One M9 ရဲ့ ဒီဇိုင်းပုံစံနဲ့ အတော်လေး တူညီနေပေမယ့် အတွင်းပိုင်း hardware ပြောင်းလဲမှုအချို့ကို သတိထားနိုင်ပါတယ်။ M9s ဟာ ၅ လက်မအရွယ် Full HD Display နဲ့ ထွက်ရှိလာပြီး Android OS 5.1 (Lollipop) ကို HTC Sense UI 7.0 နဲ့ တွဲဖက်သုံးနိုင်ဖို့ ထည့်သွင်းပေးထားပါတယ်။ One M9 နဲ့ M9s မှာ အကြီးမားဆုံးပြောင်းလဲမှုက Processor လို့ပြောနိုင်ပြီး Mediatek Helio X10 chip ကို M9s မှာ တွေ့ရမှာဖြစ်ပါတယ်။

HTC ရဲ့ One စမတ်ဖုန်းအများစုမှာ တွေ့ရတတ်တဲ့ chip ဖြစ်ပြီး ဖုန်းတွင်းသိုလှောင်မှု 16GB ကို microSD နဲ့ 200GB ထိ တိုးမြှင့်နိုင်ပါတယ်။ One E တွေအတိုင်း 13MP sensor ကို ကျောဘက်မှာထည့်ပေးထားပြီး OIS ပါဝင်လာတာက သဘောကျစရာ ကောင်းပါတယ်။ 4MP အရည်အသွေးရှိ Ultrapixel ကင်မရာကို ရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။ Gionee ဟာ ၅.၅ လက်မအရွယ်ရှိပြီး HD ရုပ်ထွက်ကိုပဲ ပံ့ပိုးပေးနိုင်ပါတယ်။ ရှေ့ဘက်ကင်မရာဟာ 5MP ဖြစ်ပြီး ပင်မကင်မရာက 13MP အရည်အသွေးရှိပါတယ်။ Gionee S6 မှာ Li-Ion 3150mAh ဘက်ထရီကို သုံးနိုင်ပါတယ်။ Gionee S6 ရဲ့ ဖုန်းတွင်းသိုလှောင်မှုပမာဏ 32GB ရှိပြီး 128GB ထိ microSD နဲ့ တိုးမြှင့်နိုင်ပါတယ်။

* Design *
1. HTC One M9s
သတ္တုအပြည့် ဖုံးအုပ်ထားတဲ့ကိုယ်ထည်ကို HTC One M9s မှာ ဆက်လက်မြင်တွေ့နိုင်ပြီး 144.6 x 69.7 x 9.6mm အရွယ်အစားနဲ့ 158g အလေးချိန်ရှိပါတယ်။ M9s ရဲ့ ဒီဇိုင်းဟာ ထူးထူးခြားခြား ပြောင်းလဲတာ မတွေ့ရဘဲ အရင် One M series တွေနဲ့ ဆင်တူပါတယ်။
2. Gionee S6
Gionee ဟာ S6 ကို အပါးလွှာဆုံး နောက်ဆုံးပေါ် mid-range တစ်လုံးလို့ ကြေညာခဲ့ပြီး အရင် S series တွေနဲ့မတူဘဲ ကျောပြင်ကို ဖန်သားနဲ့ တည်ဆောက်ထားပါတယ်။ 6.9mm အထူနဲ့ သတ္တုကိုယ်ထည်ကို တွေ့နိုင်ပြီး ဘေးဘောင်တွေကလည်း အလွန်ပါးလွှာပါတယ်။

* Processor *
1. HTC One M9s
One M9s ရဲ့ စွမ်းဆောင်ရည်အတွက် Mediatek MT6795 Helio X10 Octa-core processor က မြန်နှုန်းမြင့် ဆောင်ရွက်ပေးပါတယ်။ One E9 နဲ့ E9s မှာပါဝင်တဲ့ RAM ပမာဏအတိုင်း 2GB RAM ကို ထည့် သွင်းထားပြီး ဂရပ်ဖစ်ကတော့ PowerVR G6200 ဖြစ်ပါတယ်။
2. Gionee S6
1.3GHz မြန်နှုန်းရှိ octa-core Mediatek MT6753 processor နဲ့ အကောင်းဆုံးစွမ်းဆောင်ရည် မြှင့်တင်ပေးပြီး RAM 3GB ကိုပါ ကောင်းကောင်းအသုံးချနိုင်ပါတယ်။ နေ့စဉ်လုပ်ငန်းတွေအတွက် လျင်မြန် သွက်လက်စေနိုင်တဲ့ ဂရပ်ဖစ် Mali-T720 ထည့်ထားပါတယ်။

* Display *
1. HTC One M9s
၅ လက်မအရွယ် display ပါဝင်ပြီး 1080 x 1920 pixels full HD ရုပ်ထွက်အရည်အသွေး ပေးစွမ်းနိုင်တဲ့ Super LCD3 display အမျိုးအစား ဖြစ်ပါတယ်။ Pixel သိပ်သည်းဆ 441ppi ပါဝင်ပြီး မျက်နှာပြင် အကြမ်းဒဏ်ခံနိုင်အောင် Gorilla Glass 4 နဲ့ ဖုံးအုပ်ပေးထားပါတယ်။
2. Gionee S6
မျက်နှာပြင် ပိုမိုကြီးမားပြီး ၅.၅ လက်မအရွယ် AMOLED Display ပါဝင်ပါတယ်။ 720 x 1280 pixels HD resolution ပေးစွမ်းနိုင်တဲ့ မျက်နှာပြင်ဟာ pixel သိပ်သည်းဆ 267ppi ကို ဖော်ပြပေးနိုင်ပါတယ်။ အရောင်အသွေးစုံလင်ပြီး ဂိမ်းနဲ့ဗီဒီယိုတွေအတွက် အဆင်ပြေပါတယ်။

* Verdict *
1. HTC One M9s
HTC One M8, M9 တို့ကို အားပေးမှုကြောင့် သုံးစွဲသူပရိသတ်တွေအတွက် စဉ်းစားပေးပြီး HTC က One M9s ကို ဆက်လက်ဖန်တီးခဲ့ပါတယ်။ One M9 ရဲ့ ကင်မရာအရည်အသွေးလောက် မမီပေမယ့် M9s ရဲ့ သုံးလို့အဆင်ပြေပါတယ်။ HTC ရဲ့ လူကြိုက်များတဲ့ဒီဇိုင်းနဲ့ စွမ်းဆောင်ရည်တို့ကတော့ မပျက်မကွက် ပါဝင်လာခဲ့ပါတယ်။
2. Gionee S6
အပါးလွှာဆုံး စမတ်ဖုန်းတွေဖြစ်တဲ့ OPPO R5 နဲ့ Vivo X5 Max တို့နဲ့ ယှဉ်ပြိုင်နိုင်မယ့် Gionee ရဲ့ အပါးလွှာဆုံး S6 ကို တင်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။ ပြားချပ်တဲ့ကိုယ်ထည်နဲ့ ဖန်သားကျောပြင်ဒီဇိုင်းတို့ ကြောင့် ပိုပြီးခံ့ညားလှပနေပါတယ်။ ဒါ့အပြင် SIM Card (၂) မျိုး ထည့်သုံးနိုင်ပြီး မျက်နှာပြင်ကြီးမားမှုကိုလည်း မြင်တွေ့နိုင်ပါတယ်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com
Read More ...

♪ (29-Nov) မှာ Viber ဗားရှင်းအသစ်ထွက်ပြီ - Viber v5.6.5.1885 Apk (29-Nov) ♫

Cover art

Viber ဆိုတာကတော့ လူသုံးအများဆုံး Application တစ်ခုဆိုလည်းမမှားပါဘူးဗျာ။ အခု 29-Nov ရက်နေ့ မှာ Version အသစ်ထွက်လာပါပြီဗျာ။ အခု Version အသစ်မှာတော့ Theme လေးတွေနည်းနည်းပြောင်း လဲလာတာကိုတွေ့ရပါတယ်ဗျာ။ Version အသစ်သုံးချင်သူများနဲ့ မရှိသေးသောသူများ အတွက် တင်ပေး လိုက်ပါတယ်ဗျာ။ အောက်က Link မှာဒေါင်းယူသွားနိုင်ပါပြီဗျာ။ Android OS 2.3 နှင့် အထက်ဖုန်းများမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

♪ “Huawei Honor Holly” ♫


ဆင်းကတ်နှစ်ခုထည့်သွင်းအသုံးပြုနိုင်မယ့် ဟန်းဆက်များဟာ မည်သို့သော အခြေအနေမှာပဲဖြစ်ဖြစ် အားသာချက် တစ်ရပ်အနေဖြင့်တည်ရှိပါတယ်။ ၀ယ်ယူသူများအနေဖြင့်ဖုန်းနံပါတ်များကို ခွဲခြားအသုံးပြုနိုင် ခြင်းကြောင့် အဆင်ပြေမှုကို ရရှိနိုင်ပါတယ်။ ဈေးကွက်ထဲရှိနောက်ပိုင်းထုတ်ဟန်းဆက် အများစုသည်လည်း Dual Sim ဆိုသည့်အမျိုးအစားဖြစ်အောင် ဆောင်ရွက် လာခဲ့ကြပါတယ်။

Huawei တံဆိပ်ထဲတွင်လည်းဆင်းကတ်နှစ်ခုအသုံးပြုနိုင် သောဖုန်းအမျိုးအစားများစွာလည်း ရှိပါတယ်။ ၂၀၁၄ နှစ်ကုန်ခါနီးမှာ ထုတ်လုပ်ပေးထားသည့် အခုဖုန်းသည် ဆင်းကတ်နှစ်ခု ထည့်သွင်း အသုံးပြု နိုင်မှာဖြစ်ပြီး၊ အသုံးပြုရမယ့် ဆင်းကတ်အမျိုးအစားကတော့ Micro Sim ဖြစ်ပါတယ်။ ဖုန်းပုံစံဟာ အ၀န်းအ၀ိုက်တွေနဲ့ ဖြစ်ပါတယ်။ ဖုန်းရဲ့ အရွယ်အစားပမာဏကတော့ 142.2x72.3x9.4mm ဖြစ်ပြီး၊ အလေးချိန် ကတော့ 156g ရှိပါတယ်။ IPS LCD Capacitive touchscreen ရဲ့ အကျယ်အ၀န်းပမာဏကတော့ 5inches ဖြစ်ပြီး၊ မြင်ကွင်းစွမ်းရည် အတွက် ထောက်ပံ့ပေးထားသော pixels ပမာဏသည် 720x1280 ဖြစ်ပါတယ်။ တစ်လက်မမှာရှိမယ့် pixel ပမာဏသိပ်သည်းဆကတော့ 294ppi ပါ။ Multitouch စနစ်တွင် Emotion UI 2.3 ကို သုံးစွဲနိုင်ပါမယ်။

LED Flash စနစ်သုံးပြီး၊ 8MP စွမ်းရည်ရှိသောအဓိကကင်မရာဖြင့် ဓာတ်ပုံ ရိုက်ကူးပါက 3264x2448 pixels ပမာဏရှိသောပုံရိပ်များကိုရရှိပါမယ်။ ရှေ့ကင်မရာငယ်ရဲ့စွမ်းရည်ဟာ 2MP ရှိပါတယ်။ မှတ်ဥာဏ် ပမာဏ အပိုင်း မှာတော့ RAM ကို 1GB နှင့် internal storage ကိုတော့ 16GB ထည့်သွင်း ပေးထားပါတယ်။ ပြင်ပဆူညံသံများကို ဖယ်ရှားစစ်ထုတ်ပေးနိုင်မယ့် Active noise cancellation with dedicated mic စနစ်ကိုအသုံးပြုနိုင်ပါမယ်။ Chipset က Mediatek MT6582 ဖြစ်ပြီး၊ GPU ကတော့ Mali-400 MP2 ဖြစ်ပါတယ်။ ဘက်ထရီအမျိုးအစားကတော့ Li-Ion 2000 mAh ဖြစ်ပါတယ်။

<Specification>
Network - GSM/HSPA
Screen - 5 inches
CPU - Quad Core 1.3GHz
OS - Android OS,v4.4.2
Memory - 16 GB, up to 32 GB
Bluetooth - v4.0
Contact - 01-391808
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com
Read More ...

♪ “OPPO ရဲ့Neo မျိုးဆက်သစ်Neo 7” ♫

https://fbcdn-photos-a-a.akamaihd.net/hphotos-ak-xaf1/v/t1.0-0/s480x480/12308788_465674310277977_8518669169423720256_n.jpg?oh=75bbf4654a297a2dfccdd1dd520c56ce&oe=56F5C2E9&__gda__=1457675790_d4ebc77ffef34d978ae074e5bde09800

နာမည်ကျော်Neo 5 ၏ အောင်မြင်မှုကိုဆက်ခံမည့်OPPO Neo 7 ကို ယခုလကုန်ပိုင်းမှစတင်ကာအိန္ဒိယအပြင် မြန်မာနိုင်ငံအပါအ၀င် အရှေ့ တောင်အာရှ၊ တောင်အာရှ၊အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိကနှင့် မက္ကဆီကိုတို့အပါအ၀င်ကမ္ဘာတစ်ဝန်းရှိ ဈေးကွက်၁၇ခုတွင် ရောင်းချရန် စီစဉ်ထားပြီဖြစ်သည်။၅လက်မScreen အပြင်အဆင့်မြှင့်တင်ထားသော အရှေ့ဘက်ကင်မရာနှင့်16 GB ROM ဖြင့်သုံးနိုင်သည်။ဘက်ထရီ၏ စွမ်းဆောင်ရည်ကလည်း ကောင်းမွန်ပြီးတန်ဖိုးက၁၉၀၀၀၀ိ/-၀န်းကျင် သာရှိမည်ဖြစ်ပြီးယင်းအချက်များကOPPO Neo 7 ၏ထူးခြားချက်ဖြစ်သည်။ ပုံမှန်အားဖြင့်မျက်နှာပြင်အကျယ်အ၀န်းကျယ်ပြန့်သည့်စမတ်ဖုန်းများသည် ဈေးနှုန်းမြင့်မားနေတတ်သော် လည်းOPPO Neo 7 သည်သင့်တင့် မျှတ သောနှုန်းထားဖြင့် ဈေးကွက်အတွင်းရောက်ရှိလာမည်ဖြစ်သည်။ဒါကြောင့် ဈေးနှုန်းသင့်တင့်တဲ့Neo 7 ရဲ့၅လက်မအကျယ်ရှိတဲ့Screen ပေါ်မှာ ရုပ်ထွက်ကောင်းမွန်တဲ့ဗီဒီယိုဖိုင်တွေနဲ့ဓာတ်ပုံတွေကိုကြည့်လို့ရနိုင်မှာပါ။
Neo 7 ကိုထူးခြားဆန်းသစ်သောဒီဇိုင်းဖြင့်ဖန်တီးထားပြီး စွမ်းဆောင်ရည် အဆင့်မြှင့်တင်မှုများကိုလည်း ပြုလုပ်ထားသည်။မြန်မာနိုင်ငံတွင်3G ဗားရှင်းဖြင့်မိတ်ဆက်ပေးမည့်OPPO Neo 7 တွင်ပါဝင်သောMirror Surface သည်လိုအပ်သလိုဖြုတ်နိုင်၊တပ်နိုင်ပြီးOptical Coating နည်းပညာနှင့်Fiber glass ကိုအသုံးပြုထားသည်။ ကျောဘက်ကိုCoating အလွှာ၁၃ခုဖြင့် ပြုလုပ်ထားပြီး တောင့်တင်းခိုင်မာမှုရှိစေရန်လုပ်ငန်းစဉ်၄၀ ဖြင့် ပြုလုပ်ထားသည်။
ဝ .၅၆မီလီမီတာသာရှိသည့်အထူကြောင့်ပါးလွှာမှုအပိုင်းကအံ့အားသင့်စရာ ကောင်းမွန်သည်။ထို့အပြင် အလွှာထပ်အုပ်သည့်အထူးလုပ်ငန်းစဉ်များ ကြောင့်Neo 7 ၏ ကျောဘက်တွင် ချောမွေ့ပြီးမှန်တစ်ချပ်ကဲ့သို့ကြည်လင် သည်ကိုတွေ့ရမည်ဖြစ်သည်။အဖြူနှင့်အနက်ရောင်နှစ်မျိုးရွေးချယ် နိုင်မည့်Neo 7 ၏ကိုယ်ထည်ဘောင်ကိုဆွဲဆောင်မှုရှိသောအရောင်နှစ်မျိုး
(ရွှေရောင်၊ ငွေရောင်)ဖြင့်ရရှိနိုင်မည်။အဓိကထူးခြားချက်မှာ ၅လက်မ Screen ဖြစ်ပြီး ချောမွေ့သောအနားစွန်းများကလက်ထဲတွင် ကိုင်ဆောင် ထားသည့်အခါသက်သောင့်သက်သာရှိစေမည်ဖြစ်သည်။Neo 7 ၏ ကိုယ်ထည်ကို တောင့်တင်းခိုင်မာမှုမြင့်မားသောမဂ္ဂနီဆီယမ်၊ အလူမီနီယံ သတ္တုစပ်ဖြင့် ပြုလုပ်ထားသည်။အရည်အသွေးမြင့်သည့်သတ္တုစပ် ကိုယ်ထည် ကဖုန်း၏အလေးချိန်ကို ပေါ့ပါးစေပြီးအံအားသင့်ဖွယ်ကောင်းသည့် အကြမ်းဒဏ်ခံနိုင်မှုကို ပေးစွမ်းနိုင်သလိုအပူဒဏ်ကိုလည်းလွင့်ပါး ပျောက်ကွယ်စေသည်။OPPO Neo 7 တွင်8-megapixel ကျောဘက် ကင်မရာပါဝင်ပြီး၎င်းသည်အခြေအနေအရပ်ရပ်တွင်အံ့အားသင့်ဖွယ်လှပ သောဓာတ်ပုံများကိုဖန်တီးပေးနိုင် သည်။အဆင့်မြှင့်ထားသော5-megapixel အရှေ့ဘက်ကင်မရာကြောင့်ကြည်လင်ပြတ်သားသောSelfie ဓာတ်ပုံများ နှင့်ဗီဒီယိုများကိုရိုက်ကူးစေနိုင်မည်ဖြစ်သည်။Pure Image 2.0+ imaging platform ပါဝင်သောကြောင့်ဖုန်း၏ကင်မရာကိုများပြားလှသောPlug-in များဖြင့်အသုံးပြုကာရိုက်ကူးနိုင်သည်။ဖုန်းတွင်ပါဝင်သောlight-sensitive sensor ကသုံးစွဲသူ၏မျက်နှာနှင့်အဆင်ပြေစေမည့ှ်Screen အလင်း အမှောင်ကိုချိန်ညှိပေးနိုင်သည်။
ထို့အပြင်အလင်းနည်းသော နေရာများ၌Selfie ရိုက်ကူးသည့် အခါတွင် လည်းScreen ကFlash အနေဖြင့် ပြောင်းလဲလုပ်ဆောင်ပေးမည်ဖြစ်သည်။ Filter ၁၁ခုနှင့်Beautify Mode ၃ခုပါဝင်ပြီးထပ်ဆောင်းAppများကို Download ဆွဲရန်မလိုဘဲဓာတ်ပုံများကိုအလွယ်တကူ ပြင်ဆင်နိုင်သည်။ ထို့အပြင်Double Exposure ကဲ့သို့သောအထူးလုပ်ဆောင်ချက်များကလည်း သုံးစွဲသူများမှသီးခြားဓာတ်ပုံနှစ်ပုံရိုက်ကူးကာ၎င်းတို့ကို ပေါင်းစပ်ပြီး ဓာတ်ပုံ တစ်ပုံတည်းအဖြစ်ဖန်တီးခြင်းတို့ကို ပြုလုပ်ပေးနိုင်သည်။OPPO Neo 7 တွင်Quad-core CPU နှင့်အတူ1 GB RAMနှင့်16 GB ROMကို အသုံးပြု ထားသည်။ဘက်ထရီက2420mAh ဖြစ်သည်။SIM ကတ်(၂) ကတ်ဖြင့် သုံးနိုင်သည်။Micro SD Card Slot ပါဝင်သောကြောင့် 3Gဗားရှင်းအတွက် သိုလှောင်မှုကို32GB အထိတိုးမြှင့်သိမ်းဆည်းနိုင်သည်။Neo 7 တွင်OPPO ၏Android 5.1 ကိုအခြေခံထားသောColorOS 2.1 ကိုအသုံးပြုထားသည်။ ၎င်းသည် ချောမွေ့သောစွမ်းဆောင်ရည်ကို ထောက်ပံ့ပေးနိုင်ပြီး Background တွင်ဗီဒီယိုကြည့်ရှုရင်းသူငယ်ချင်းများနှင့်စကားပြောနိုင် မည့်Floating Window ကဲ့သို့သောFeature သစ်များပါဝင်သည်။ အဆင့်မြှင့်ထားသောColorOS 2.1 နှင့်အတူ ဖျော်ဖြေရေး လုပ်ဆောင်ချက် များကိုလည်းNeo 7 တွင် ထောက်ပံ့ပေးထားသည်။Lockscreen Magazine Feature သစ်သည်OPPO မှစုစည်းပေးထားသောလှပသည့်ဓာတ်ပုံ(၂၀)ကျော်နှင့်အတူLockscreen ဓာတ်ပုံများကိုတစ်ပတ်လျှင်တစ်ကြိမ် အလိုအလျောက်Update လုပ်ပေးမည်ဖြစ်သည်။ဒါကြောင့်OPPO က ထောက်ပံ့ထားတဲ့လုပ်ဆောင်ချက်တွေသာမကဘဲ၊android ရဲ့ဝန်ဆောင်မှု တွေကိုလည်းသုံးစွဲနိုင်မှာဖြစ်ပါတယ်။
ပြီးတော့system update ကိုလည်းလွယ်လင့်တကူပြုလုပ်လို့ ရနိုင်မှာဖြစ်ပြီး မှတ်သားစရာတွေအတွက်အသုံးပြုရတဲ့Note ကိုသုံးစွဲတဲ့အခါမှာ ပုံတွေနဲ့ တွဲလျက်မှတ်တမ်းပြုလုပ်ထားနိုင်မှာဖြစ်ပြီးlock ပြုလုပ်လိုသူတွေအတွက် third party app တွေသုံးစရာမလိုအောင်lock function ကိုတစ်ပါတည်း ထည့်သွင်းပေးထားပါတယ်။လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေအတွက်ကတော့ app encrypt, data saving, guest mode, Permission monitor နဲ့အတူ block (၆) မျိုးပါဝင်တာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါ့အပြင်စာသားမက်ဆေ့ခ်ျ တွေကိုလည်းလိုအပ်သလိုထိန်းချုပ်ပြီး timer ပြုလုပ်ပေးပို့လို့ရနိုင်ပါလိမ့်မယ်။ ညဘက်တွေမှာအင်တာနက်အသုံးပြုပြီးတဲ့အခါမှာ မေ့လျော့ပြီး အိပ်တတ်သူ တွေအတွက်လည်းအဆင်ပြေအောင်လို့ဖုန်းကနေ (၂) စက္ကန့်ဆိုတာနဲ့ မိုဘိုင်း ဒေတာကိုဖြတ်တောက်ပေးပါတယ်။ပြီးတော့ဖုန်းမှာဘယ်လိုလုပ်ဆောင်ချက်တွေပဲလုပ်နေနေ screen ပေါ်မှာလက်သုံးချောင်းကိုဆွဲစုလိုက်မယ်ဆိုရင် ကင်မရာလုပ်ဆောင်ချက်ဆီချက်ချင်းတန်းရောက်သွားမှာဖြစ်ပါတယ်။ အလင်းရောင်အားနည်းတဲ့နေရာတွေမှာရိုက်ကူးမယ်ဆိုရင်လည်းအလင်း အမှောင်ကိုရိုက်ကူးမယ့် နေရာနဲ့ကိုက်ညီအောင်လိုသလိုချိန်ညှိပေးဦး မှာဖြစ်ပါတယ်။Gesture စနစ်ကလည်း ပြည့်စုံပါတယ်ဆိုတာထက်တောင် ပိုပါသေးတယ်။ColorOS ပါရှိတာကြောင့်Security Mode, Gloves Mode, Screen Off Gesture 13 မျိုးကိုသုံးစွဲနိုင်မှာပဲဖြစ်ပါတယ်။သူ့မှာနောက်ထပ် ပါဝင်တဲ့လုပ်ဆောင်ချက်တစ်ခုရှိပါသေးတယ်။အဲဒီလုပ်ဆောင်ချက်ကတော့ air gesture ဖြစ်ပြီး၊ဖုန်းကိုလက်နဲ့ထိတွေ့စရာမလိုဘဲဖုန်းပေါ်မှာ လက်ဝှေ့ ယမ်းလိုက်ရုံနဲ့Home screen ဖွင့်တာ၊Photo, Mail ဖတ်ရှုတာတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
သူ့မှာပါဝင်တဲ့Gesture စနစ်တွေကြောင့်ဖုန်းရဲ့မျက်နှာပြင်ပေါ်မှာ' V ' သင်္ကေတပြုလုပ်လိုက်တာနဲ့flash မီးကိုဖွင့်ပေးမှာဖြစ်ပြီး၊မျက်နှာပြင်ပေါ် မှာအ၀ိုင်းပုံစံလေး ပြုလုပ်လိုက်မယ်ဆိုရင်တော့ကင်မရာလုပ်ဆောင်ချက်ကို သုံးစွဲနိုင်စေဖို့အတွက်အသင့်ဖြစ်နေမှာပါ။သင့်အတွက် အရေးကြီးတဲ့သူတွေ ရဲ့ဖုန်းနံပါတ် တွေကိုသင်္ကေတတစ်ခုအနေနဲ့သတ်မှတ်ထားတယ်ဆိုရင် ဖုန်းကို ဘာပဲလုပ်နေနေရုတ်တရက်ဖုန်းဆက်ချင်တယ်ဆိုရင်ဖုန်းရဲ့ အပေါ် ဘက်ထောင့်ကိုဆွဲချပြီး၊သုံးစွဲသူသတ်မှတ်ထားတဲ့သင်္ကေတကိုဆွဲလိုက်ရုံနဲ့ ခေါ်ဆိုချင်တဲ့နံပါတ်ကိုအလွယ် တကူခေါ်ဆိုနိုင်မှာပဲ ဖြစ်ပါတယ်။အဓိက အားသာချက်ကတော့ မြန်မာနိုင်ငံဈေးကွက်အတွက်ထုတ်လုပ်ထားတဲ့ ဖုန်းဖြစ်တာကြောင့် မြန်မာစာစနစ်ကိုတစ်ပါတည်းထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။လက်(၃)ချောင်းကို အသုံးပြုပြီးမျက်နှာပြင်ရဲ့အထက်ကနေ အောက်ကိုဆွဲချလိုက်မယ်ဆိုရင်တော့screenshot ပြုလုပ်ပေးမှာဖြစ်ပါ တယ်။Screen ကိုပွင့်လိုတယ်ဆိုရင်ဖုန်းScreen ပေါ်မှာလက်နဲ့နှစ်ချက် ပုတ်ပေးလိုက်ရုံနဲ့သုံးလို့ရမှာဖြစ်ပြီး၊screen off ပြန်လုပ်ချင်တယ်ဆိုရင် တော့home button ပေါ်မှာနှစ်ချက်ပုတ်ပေးရမှာ ဖြစ်ပါတယ်။ထို့အပြင် Dirac Sound စနစ်ကိုအသုံးပြုထားသောကြောင့်OPPO ထုတ်ကုန်များ၏ အလွန်ကောင်းမွန်သောအသံစွမ်းဆောင်ရည်ကိုNeo 7 တွင်တွေ့မြင် နိုင်သည်။
ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့အသွင်အပြင်ပိုင်းမှာ တစ်မူ ထူးခြားပြီးကိုင်ရတာစမတ်ကျတဲ့ဖုန်းအဖြစ်သတ်မှတ်နိုင်မှာပါ။ဘက်ထရီကိုလည်းတာရှည်ခံနိုင်စွမ်းအား ရှိတဲ့Li-Po 2420mAh ကိုတပ်ဆင်ပေးထားပြီး ဖြုတ်တပ်ပြုလုပ်လို့ရနိုင်မှာမဟုတ်ပါဘူး။ နောက်ဘက်ကာဗာကိုတော့ ခွာထုတ်ပစ်ရမှာဖြစ်ပြီးSim Card, sd Card တွေကိုထည့်သွင်းရမှာ ဖြစ်ပါ တယ်။ကင်မရာလုပ်ဆောင်ချက်ကတော့သာမန် အဆင့်သာရှိမှာ ဖြစ်ပါ တယ်။gesture လုပ်ဆောင်ချက်တွေကိုလည်းသုံးစွဲနိုင်မှာဖြစ်သလို ပေးရတဲ့ဈေးနဲ့သင့်တင့်တဲ့စွမ်းဆောင်မှုကိုရရှိပါလိမ့်မယ်။ Sim ကတော့ နှစ်ကတ်သုံးအမျိုးအစားဖြစ်ပြီး၊Micro Sim, Nano Sim ထည့်သွင်းရမှာဖြစ်ပါ တယ်။ကင်မရာကလည်းကိုယ်ထည်မှာမြှုပ်နှံထားသလိုဖြစ်တာကြောင့် ထိခိုက်မိမှာကိုစိုးရိမ်စရာလိုအပ်တော့မှာမဟုတ်ပါဘူး။Cloud storage ကိုနှစ်သက်တယ်ဆိုရင်တော့5GBအခမဲ့ရတဲ့O Cloud ကိုသုံးစွဲပြီးmessage, contact, photo တွေသိမ်းဆည်းနိုင်ပါလိမ့်မယ်။
Network - GSM/HSPA/LTE
Weight - 141 g
Camera - 8 MP
Display Type - IPS LCD Capacitive
Display Size - 5.0 inches
OS - Android OS, v5.1
Memory - 16GB, up to 128GB
Battery - Li-Po 2420mAh


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com
Read More ...

Samsung ဖုန်းတော်တော်များများ ဖုန်းမှာတင် root လုပ်နိုင်တဲ့ King Root 4.6.0 (last)

ဒေါင်းမရဘူးဆိုလို့ ပြန်တင်ပေးလိုက်ပါတယ်နော်...
ကဲ Samsung ဖုန်းသမားများ ကွန်ပျူတာ မရှိလို့
ကို့ဖုန်းကို root မရလို့စိတ်ပျက်နေတာလား လာပါပီ မင်းသား.
King Root ရဲ့နောက်ဆုံး vir 4.6.0လေး တင်ပေးလိုက်ပါတယ်
J 7 နဲ့ ဖောက်ရအလွန်ခက်တဲ့ S3 Nero တောင် ပေါက်ပါတယ်
စမ်းပီးသားပါ ..J 5 လည်းပေါက်သွားပါတယ်လို့ မနေ့က
chat box မှာလာပြောပါတယ် ကဲ စမ်းသုံးကြည့်ကြပါ 5.1.1 ထိ
 ပေါက်ပါတယ် တစ်ခုတော့ရှိပါတယ် root ဖောက်တုန်း
 internet ဖွင့်ထားပေးရပါ့မယ်

Download King Root 4.6.0
http://pc.cd/tJtrtalK

အကြံပေးလိုပါကMy FB Acc
  >> Min Oke Kar << FB

My Reader App
Min Oke Kar (နည်းပညာ).apk
Download (1)
Download (2)

ကျနော်တင်သမျှ  Post တွေကို Facebook
မှ တိုက်ရိုက်ဖတ်ရှုလိုပါက
Min Oke Kar ဘီးလူးကျွန်းသားလေး နည်းပညာ
page ကို Like လုပ်ထားပေးပါ..
https://www.facebook.com/minoke.kar123

Min Oke Kar (ဘီလူးကျွန်းသားလေး)
နည်းပညာ
Read More ...

Huawei တစ်ချို့ဖုန်းတွေ Firmware တင်ရင်းနဲ့ Step 2 fail ဖြစ်သွားလို့ စိတ်ညစ်နေလား ??


huawei ဖုန်းတော်တော်များများ Firmware တင်တဲ့အခါ
ကြုံရတတ်တဲ့ step 2 fail ဆိုတဲ့ Error ကို Fix လုပ်ဖို့
tool လေးတစ်ခုတင်ပေးလိုက်ပါတယ်နော်..
ထွက်တာ ကြာပီဆိုပေမယ့် အကြောင်းအမျိုးမျိုးကြောင့်
ပျက်သွားတဲ့သူများ လိုချင်တဲ့သူများတော့ ရှီမှာပါ..
Huawei ဖုန်းတော်တော်များများလို့ ပြောပေမယ့်
သေချာရတဲ့ ဖုန်းများကတော G520-500,C8825D,U8825D,T9200,
P6-C00,G700-U00,G610-C00,G610-U00,C8813,C8813D,G730,Y300-0000
စတဲ့ ဖုန်းတွေကတော့ သေချာပေါက် Step 3 Fail error ကို Fix လုပ်နိုင်မှာပါ...
အောက်မှာ ဒေါင်းလိုက်ပါဦး..
Credit >>> Myo Ko Ko Zaw (Developer)

Download >>> https://usersfiles.com/zzbhsdxs0d6h

အကြံပေးလိုပါကMy FB Acc
  >> Min Oke Kar << FB

My Reader App
Min Oke Kar (နည်းပညာ).apk
Download (1)
Download (2)

ကျနော်တင်သမျှ  Post တွေကို Facebook
မှ တိုက်ရိုက်ဖတ်ရှုလိုပါက
Min Oke Kar ဘီးလူးကျွန်းသားလေး နည်းပညာ
page ကို Like လုပ်ထားပေးပါ..
https://www.facebook.com/minoke.kar123

Min Oke Kar (ဘီလူးကျွန်းသားလေး)
နည်းပညာ
Read More ...

♪ City Driving 3D PRO v1.1.3 Apk + Data (a lot of money) ♫

Cover art

ကားမောင်းရတဲ့ဂိမ်းလေးတွေမတင်ပေးရတာကြာလို့ City Driving 3D PRO ဆိုတဲ့ ဂိမ်းလေးတင်ပေး လိုက်ပါတယ်ဗျာ။ ကျွန်တော်အခုတင်ပေးလိုက်တာက Pro version ဖြစ်ပါတယ်ဗျာ။ အခု Pro Version မှာတော့ ကားအသစ် 7စီးနဲ့ Level 3ခုစီထပ်တိုးပါဝင် လာပါတယ်ဗျာ။ တကယ့်ကားအစစ်ကိုမောင်းရ သလိုမျိုး စီယာတိုင်တွေ လီဗာတွေ ဘရိတ်တွေတစ်ခုချင်းစီ အသုံးပြုပြီးမောင်းနှင်နိုင်မှာဖြစ်ပါတယ်ဗျာ။ ဒါ့အပြင် Hack ထားပြီး သား Game လေးဖြစ်တဲ့အတွက် ကြိုက်တဲ့ကားတိုင်းကို တက်မောင်းနိုင်မှာဖြစ်ပါ တယ်ဗျာ။ Taxi , Bus , Police အစရှိတဲ့ကားတွေကိုပါမောင်းနှင်နိုင်မှာဖြစ်ပါတယ်။ တစ်စီးနဲ့တစ်စီး အယူအစလေးတွေကွာလို့ ကားမောင်းရတာမရိုးပါဘူးဗျာ။ Android OS 2.3 နှင့်အထက်ဖုန်းများမှာ ကစားနိုင်မှာဖြစ်ပါ တယ်ဗျာ။ နမူနာအနေနဲ့အောက်မှာ Screen Shoot တွေရိုက်ပြထားပါတယ်ဗျာ။

PRO FEATURES
- Taxi, bus, police car driving only in Pro version.
- 3 New Levels for Pro version
- 7 New cars for Pro version
- NO ADS (neither in-game nor menus)
- 50.000 money gift for start

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



   City Driving 3D - PRO- screenshot

   City Driving 3D - PRO- screenshot

   City Driving 3D - PRO- screenshot

   City Driving 3D - PRO- screenshot

   City Driving 3D - PRO- screenshot

   City Driving 3D - PRO- screenshot

   City Driving 3D - PRO- screenshot



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

Huawei Themeတွေကိုဖုန်းနဲ့ပြုလုပ်ချင်တဲ့သူတွေအတွက်

မင်္ဂလာပါ
အခုတင်ပေးမဲ့ဆော့ဝဲလေးကHuawei Themeတွေကိုပြုလုပ်တဲ့ဆော့ဝဲလေးပါ
အရမ်းကိုကောင်းပါတယ်
ကိုယ်ထည့်ချင်တဲ့Applicationလေးတွေမှာ
Read More ...

11/29/2015

ဖုန်းကို တစ်ချက်နှိပ်လိုက်ရုံနဲ့ ပေါ့ပါးစေမယ် - 1Tap Cleaner (Cache, History) 2.69 APK



Android ဖုန်းကိုင်းဆောင်းသူများအတွက် One Click နှိပ်လိုက်ရုံနဲ့ ပေါ့ပါးသွားစေမယ် 1Tap Cleaner Pro Updated လေးကိုတင်ပေးလိုက်ပါတယ်။ အကိုအမတို့ရဲ့ဖုန်းထဲမှာ အမြဲဆောင်ထားသင့်တဲ့     
application လေးတစ်ခုပါ။နောက်ပြီး ဖုန်းဂိမ်းတွေဆော့နေတဲ့ ဘော်ဒါတို့ အဓိကဆောင်းထားသင့်ပါတယ်။ဒီ application လေးကခလုတ်တစ် ချက်နှိပ်ရုံနဲ့ Cache, History နှင့် Call
/Text Log များကိုလည်းရှင်းလင်းပေးနိုင်ပါတယ်။ Android ဖုန်း / Tablet ဖုန်းတွေမှာ ရှိထားသင့်တဲ့ application ကောင်းလေးတစ်ခုပေါ့ဗျာ။  ဒီကောင်လေးကတော့ ဖိုင်းဆိုဒ်3.01MBဖြစ်ပြီး ဖုန်းအားလုံးမှာသုံးနိုင်ပါတယ်။ အောက်မှာ Screen Shot တွေနဲ့ရိုတ်ပြပေးထားပါတယ် လိုအပ်တယ်
ဆိုရင်တော့ အောက်မှာဒေါင်းယူလိုက်ပါနော်။





 Download Here
<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

Huawei FRP Unlock Tool

googleverifyscreen

Huawei တွေမှာ Samsung ဖုန်းတွေလို reset ချလိုက်ရင်း / Firmware တင်လိုက်ရင်း ဖြစ်တက်တဲ့
Google account ကျသွားတဲ့ error ကိုဖြေရှင်းနိုင်တဲ့ FRP Unlock Tool လေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီအနေအထားကို ဖြေရှင်းဖို့ Computer မှာ Huawei device များကိုသိစေရန် Driver ရှိဖို့နဲ့ ဖုန်းကို Fastboot mode
အနေအထားမှာထားထားပေးဖို့သာလိုအပ်ပါတယ်။ လုပ်ပုံလုပ်နည်းကတော့ FRP Unlock Folder ထဲက
FastbootET01.exe လေးကိုဖွင့်ပြီး Unlock လုပ်ပေးလိုက်ရုံပါပဲ။ Tool ကနေဖုန်းကိုသိအောင်တော့ ကြိုးစားပေးကြပါ။
င်္FRP Unlock Tool လေးကိုလိုအပ်ပါက အောက်ကလင့်ကနေ၀င်ရောက် ရယူလိုက်ပါ။
downloadbutton


အဆင်ပြေပါစေ..





<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

" ပရိတ်ကြီး (၁၁)သုတ် နှင့် ဂုဏ်တော်ကွန်ခြာ"


Phone ထဲမှာထည့်ထားပြီး, မနက်တိုင်းဖွင့် , ညတိုင်းဖွင့် , ခရီးသွားတိုင်းဖွင့် ....
download link - http://doubleu-wine.com/download/Dhamma/Payate.mp3

အဆင်ပြေပါစေ..





<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...