8/17/2015

♪ Sony က Xperia C5 Ultra နှင့် Xperia M5 တို့ကို ကြေညာ ♫

sony xperia c5 ultra

Sony က Xperia C5 Ultra နှင့် Xperia M5 တို့ကို ကြေညာလိုက်ပါသည်။

Xperia C5 Ultra သည် Xperia C3 ၏ မျိုးဆက်သစ်ဖြစ်ပြီး Selfie ဓါတ်ပုံကောင်းများရိုက်ကူးရန် ဒီဇိုင်းထုတ်လုပ်ထားပါသည်။ အနောက်နှင့်အရှေ့နှစ်ဘက်စလုံးတွင် 13MP Camera များတပ်ဆင်ထားပါ သည်။ ခြောက်လက်မ 1920×1080 IPS Display တပ်ဆင်ထားပြီး ဘယ်နှင့်ညာဘက်ရှိ ဘေးဘောင်များ သည် အလွန်သေးငယ်ပါသည်။ 1.7GHz Octa-Core MediaTek MT6752 Chipset , 2GB RAM, 16GB Storage , microSD Card Slot , 2930mAh Battery , Android 5.0 Lollipop တို့ပါရှိပါသည်။ ဘက်ထရီသက်တမ်းမှာ နှစ်ရက်အသုံးခံပါသည်။

Xperia M5 သည် စွမ်းဆောင်ရည်သင့် စမတ်ဖုန်းများထက် အနည်းငယ်သာလွန်ပါသည်။ MediaTek Helio X10 Processor, 3GB RAM, 16GB Storage, microSD Card Slot, 21.5MP Rear Camera, 13MP Front Camera, 2600mAh Battery , Android 5.0 Lollipop တို့ပါရှိပါသည်။ 4G LTE ဆက်သွယ်မှုကို အထောက်အပံ့ပေးပါသည်။

C5 Ultra နှင့် M5 တို့၏ Dual SIM အမျိုးအစားများကို သြဂုတ်လလယ်မှစ၍ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရောင်းချ မည် ဖြစ်သည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com