8/17/2015

♪ ပြည်တွင်းကိုရောက်လာပြီဖြစ်တဲ့ Meizu M2 Note ♫


တရုတ်စမတ်ဖုန်းကုမ္ပဏီကြီးဖြစ်တဲ့ Meizu ကအခြားစမတ်ဖုန်းထုတ်လုပ်တဲ့ကုမ္ပဏီကြီးတွေဖြစ်တဲ့ Huawei နဲ့ Xiaomi တို့လိုနာမည်ကြီး မဟုတ်ပေမယ့် ထိပ်တန်းဖုန်းတွေကိုထုတ်လုပ်နိုင်ပြီး အားလုံးကစောင့်ကြည့် ကြရတဲ့ အကောင်းဆုံးစမတ်ဖုန်းတွေကိုထုတ်လုပ်လေ့ရှိပြီး မကြာသေးမီကပဲ သူတို့ရဲ့ အကောင်းဆုံး Flagship ဖုန်း MX 5 ကိုထုတ်လုပ်ပြသခဲ့ပြီးဖြစ်ပါတယ်။

ဈေးနူန်းသက်သာပြီး ကောင်းမွန်တဲ့စွမ်းဆောင်ရည်ရှိတဲ့စမတ်ဖုန်းတွေကိုထုတ်လုပ်လေ့ရှိပြီး M2 Note မှာလည်းအဆိုပါ အရည်အချင်းတွေအပြည့်ရှိပါတယ်။ M2 Note ဟာ 5.5 inches မျက်နှာပြင်အကျယ်ရှိပြီး Display ကို Japan မှအီလက်ထရောနစ်နှင့်ဆက်စပ်ပစ္စည်းတွေကိုထုတ်လုပ်သူ SHARP ကထုတ်လုပ်ပေး ထားပါတယ် ။Corning Gorilla Glass 3 နဲ့ဖုံးအုပ်ထားလို့ မာကျောမှုအပြည့်ရှိပြီး Resolution 1080 x 1920 pixels (~403 ppi pixel density) ဖြစ်တာကြောင့် ရုပ်ထွက်အကောင်းဆုံး အနေအထားမှာရှိပါတယ်။


Mediatek ရဲ့MTK MT6753 Octa-core 1.3 တပ်ဆင်ထားပြီး RAM 2 GB နဲ့မောင်းနှင်ထားသည်။Mali T720 Triple Core GPU ဆင်ထားတာမို့ 3D Game နဲ့ ထိပ်တန်း Game တွေကိုအထစ်အငေါ့မရှိပဲ ကစားနိုင်မှာဖြစ်ပါတယ်။ Internal Memory ကို 16 GB ,32GB Vesion နှစ်မျိုးထုတ်လုပ်ပြီး MicroSD 128GB ထိထပ်မံအသုံးပြုနိုင်မှာဖြစ်ပါတယ်။Dual sim အမျိုးအစားဖြစ်ပေမယ့် SD ကဒ်ထပ်မံအသုံးပြုပါက Secoundary Sim ကိုအသုံးပြုနိုင်မှာမဟုတ်ပေ။

ပင်မကင်မရာ 13MP နဲ့ Secoundary Camera 5MP တပ်ဆင်ထားပြီး Samsung CMOS အမျိုးအစားတွေဖြစ်လို့အကောင်းဆုံး ဓာတ်ပုံအရည်အသွေးကိုရရှိမှာမလွဲပါဘူး။ဒါ့အပြင် Sony ကုမ္ပဏီ ထုတ်ဘက်ထရီ 3100 mAh ကိုတပ်ဆင်ထားတာကြောင့် နာမည်ကျော်ကုမ္ပဏီများမှထုတ်လုပ်မှုများကို စုစည်းထားသလားလို့တောင်ထင်မှတ်ရပါတယ်။ဈေးနူန်း ၁၉၈၀၀၀ ဖြင့် ဝယ်ယူနိုင်ကြောင်းသိရသည်။


Credit to ==> Phone News Up To Date

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com