8/14/2015

♪ Samsung Galaxy S6 Edge Plus ♫


13.8.2015 မှာSamsung ကကြော်ငြာသွားတဲ့စမတ်ဖုန်းနှစ်လုံးက တော့ Galaxy Note 5 နဲ့ Galaxy S6 Edge + တို့ဖြစ်ကြပြီး Note 5 အကြောင်းရေးသားဖော်ပြပြီးသည့်အလျောက် S6 Edge + အကြောင်း ထပ်မံတင်ပြလိုက်ပါတယ်ခင်ဗျာ ။


ယခင်ထွက်ထားခဲ့တဲ့ S6 Edge ရဲ့ Size 5.1 inches ကိုပိုမိုကြီးမားစေခဲ့ပြီး Phablet အရွယ်အစား 5.7 inches မျက်နှာပြင်အကျယ်ဖြစ်လာပါတယ်။ Edge တွေရဲ့စံအတိုင်းမှန်ခုံး 3 D ပုံစံဖြစ်ပြီး 2560 x 1440 pixel display (515 ppi) အရည်အသွေးရှိမျက်နှာပြင် ရှိကာ S6 Edge မှာမူ 5.1-inch, 2560 x 1440 pixel display (576 ppi) ရှိတာကြောင့် S6 Edge ကပိုပြီးရုပ်ထွက်ကောင်းမွန်မည်ဟုထင်ရသော်လည်း display size အလိုက်မျက်နှာပြင်ပိုမိုကြီးမားသောဖုန်းများမှာ resolution ကျဆင်းလေ့ရှိပေမယ့် S6 Edge + ကတော့ သူနဲ့ မျက်နှာပြင်အရွယ်အစားတူညီသောဖုန်းအားလုံးထဲမှာ အကောင်းဆုံးဖြစ်ပြီး Super AMOLED Quad HD Display ကိုသုံးစွဲထားပြီး စွမ်းအင်သုံးစွဲမှုလျော့ချထားသည့်စနစ်ထည့်သွင်းထားသော Diplay ဖြစ်သည်။

 


CPU ကို Samsung Exynos 7420 Octa-core ကိုသုံးစွဲထားပြီး ထိုပရိုဆက်ဆာမှာ အပူချိန်မြင့်ခြင်းကို ထိန်ချုပ်နိုင်ပြီး S6 Edge တွင်လဲအလားတူသုံးစွဲထားကာ RAM ကို S6 Edge တွင် 3GB နှင့်မောင်းနှင် ခဲ့ပေမယ့် ယခု S6 Edge + တွင်မှု 4GB သုံးစွဲထားသည်။ 32 GB ,64 GB version နှစ်မျိုးဖြင့်ထုတ်လုပ် ပြီး Memory slot မပါဝင်ချေ။ Main Camera 16 MP နှင့် Secondary camera 5 MP တို့တပ်ဆင်ထားပြီး 4K Video များရိုက်ကူးနိုင်သည်။


Fast Charging ,Wireless Charging, Fingerprint Scanner, NFC, Samsung Pay စသောစနစ်များ ပါဝင်လာပြီး ဘက်ထရီ ကို 3000 mAh တပ်ဆင်ထားပြီး Android 5.1 Lollipop ဖြင်လည်ပတ် ထားသည်။ဈေးနှုန်းများမှာ 32 GB ကို US$ 792 ၊ 32 GB ကို US $ 888 သတ်မှတ်ထားပြီး သြဂတ်လ 21 ရက်နေ့တွင်စတင်ရောင်းချမည်ဖြစ်သည်။





Credit to ==> Phone News Up To Date

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com