8/14/2015

♪ Samsung Galaxy Note 5 ထွက်ပြီ ♫


ကိုရီးယား စမတ်ဖုန်းကုမ္ပဏီကြီးဖြစ်သော ကမ္ဘာ့အကြီးဆုံးစမတ်ဖုန်းထုတ်လုပ်သူ Samsung မှယနေ့ တွင် Galaxy Note 5 ကိုစတင်ထုတ်ဖော်ကြော်ငြာခဲ့ပါတယ်။ကောလဟလများထွက်နေသလိုပဲ Note 5 နဲ့အတူ S6 Edge Plus ကိုပါပူးတွဲပြသခဲ့တာဖြစ်ပါတယ်။


Galaxy Note 5 ဟာ မျက်နှာပြင်အကျယ် 5.7 inches ရှိပြီး Quad HD Super AMOLED Display အမျိုးအစားဖြစ်ပြီး Corning Gorilla Glass 4 ဖြင့် ဖုံးအုပ်ထားပါတယ်။1440×2560(518 ppi pixel density )မျက်နှာပြင်အရည်အသွေး Resolution ရှိပြီး ဘေးဘောင်များမှာ အလွန်ကျဉ်းမြောင်းပါးလွှာ ၍ ကျောဘက်ကို 2.5 D အကွေး ပုံစံဖန်တီးထားတာကြောင့် ကိုင်တွယ်ရလွယ်ကူစေပါတယ်။


CPU ကို Samsung ရဲ့ Exynos 7420 True Octa-core ကိုသုံးထားပြီး RAM 4 GB ဖြင့်မောင်းနှင် ထားတာမို့ အကောင်းဆုံးအမြန်ဆုံးဖုန်းတစ်လုံးဖြစ်မှာမလွဲပါဘူး။Internal Memory 32 GB ,64GB version နှစ်မျိုးထုတ်လုပ်မည်ဖြစ်ပြီး MicroSD ထပ်မံတိုးမြင့်အသုံးပြုနိုင်ခြင်းမရှိပဲ 128 GB Version ကိုလဲထည့်သွင်း မကြော်ငြာခဲ့ပါဘူး။


Main Camera 16MP ဖြစ်ပြီး Secoundary camera 5 MP တို့တပ်ဆင်ထားပြီး 2K resolution Video တွေကောင်းစွာရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Wireless Charging ကြိုးမဲ့အားသွင်းစနစ်၊ Fingerprint Scanner လက်ဗွေလုံခြုံရေးစနစ် ၊ Fast Charge အားအမြန်သွင်းသည့် စနစ်များပါဝင်လာပါတယ်။Fully Metal ကိုယ်ထည်ဖြစ်ပြီး ဘက်ထရီကို 3000 mAh တပ်ဆင်ထားပါတယ်။S Pen ပါဝင်ပြီး ယခင် Note များကဲ့ သို Pen ကိုဆွဲထုတ်တာမျိုးမဟုတ်ပဲ Penကိုနှိပ်မှထွက်လာသောစနစ်ဖြစ်သည်။


Android 5.1 Lollipop ဖြင့်မောင်းနှင်ထားပြီး 32GB ကို $720 နှင့် 64GB ကို $816 ဈေးနူန်း သတ်မှတ်ထားကြောင်းသိရှိရပြီး သြဂတ် လ 21 ရက်နေ့တွင်စတင်ရောင်းချမည်ဖြစ်သည်။


 


Credit to ==> Phone News Up To Date

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com