8/05/2015

MicroSD slot မပါဝင်သလို ဘက်ထရီ မဖယ်ရှားနိုင်သော Galaxy Note 5 ဓာတ်ပုံများ ထွက်ပေါ်လာ






Samsung သည် သိုလှောင်မှုပမာဏ တိုးမြှင့်အသုံးပြုခြင်းနှင့် ဘက်ထရီ ဖယ်ရှားခြင်းတို့ကို Galaxy S6 တွင် စတင်ဖယ်ရှားခဲ့ပြီးနောက် အသစ်ထွက်မည့် Galaxy Note အမျိုးအစားတွင်လည်း ၎င်းနည်းလမ်းအတိုင်း ဆက်လက် ကျင့်သုံးသွားဖွယ်ရှိသည်။

Droid Life မှ ထွက်ပေါ်လာသော ဓာတ်ပုံသစ်များအရ အသစ်ထွက်မည့် Galaxy Note 5 သည် အကြီးစား Galaxy S6 နှင့် ဆင်တူပြီး သတ္တုကိုယ်ထည်ဒီဇိုင်းဖြင့် ပြုလုပ်ထားသည်။ Note ၏ သင်္ကေတဖြစ်သော S Pen stylus ကိုလည်း ယခင်အတိုင်း အောက်ခြေညာဘက်တွင် ထည့်သွင်းပေးထားသည်။
ကွဲပြားသည့်အချက်မှာ ကျောဘက်ခြမ်းတွင် Galaxy S6 Edge ကဲ့သို့ ကွေးညွှတ်ထားသည့် ဒီဇိုင်းဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ဖုန်း၏ အောက်ခြေဘက်တွင် သာမန် USB port, စပီကာ တစ်ခုနှင့် နားကြပ်ပေါက်တစ်ခုတို့ကို တွေ့ရမည် ဖြစ်သည်။



ထို့အပြင် Droid Life ၏ ရင်းမြစ်များအရ Note 5 တွင် ဖယ်ရှားနိုင်ခြင်းမရှိသော 3,000mAh ဘက်ထရီကို အသုံးပြုထားပြီး 4GB RAM နှင့် 32GB, 64GB, 128GB အမျိုးအစားများဖြင့် ရရှိနိုင်မည်ဟု သိရသည်။
Galaxy Note 5 မိတ်ဆက်ပွဲကို လာမည့်ရက်သတ္တပတ်တွင် နယူးယောက်စီးတီး၌ Samsung က ကျင်းပမည် ဖြစ်သည်။
 
Ref: TheVerge
Credit-internetjournal

Thiha Htike(THT)
thihahtike.it@gmail.com



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download