3G စနစ်ပါသည့် Ooredoo G7 ဟန်းဆက်ကို ငွေကျပ် ၁၅,၀၀၀ ဖြင့် ဝယ်ယူနိုင်ပြီး ငွေကျပ် ၁၅,၀၀၀ တန်ဖိုးရှိသည့် Tigger Offer ဝန်ဆောင်မှုကို ရယူနိုင်မည်ဟု Ooredoo Myanmar က ကြေညာထားသည်။
Ooredoo G7 ဟန်းဆက်သည် Ooredoo ကွန်ရက်တစ်ခုတည်းကိုသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ဟန်းဆက်ဝယ်ယူသည်နှင့် တစ်ပြိုင်နက် SIM ကတ်ကိုပါ ပူးတွဲ ထည့်သွင်းပေးထားခြင်းဖြစ်သည်ဟု သိရသည်။
Tigger Offer ဝန်ဆောင်မှုတွင် Facebook သုံးစွဲရန် 100MB ၊ Ooredoo ဖုန်းလိုင်းအချင်းချင်း ခေါ်ဆိုရန်မိနစ် ၁၀၀ အပြင် အသုံးပြုခြင်းကို ကြိုဆိုသည့်အနေဖြင့် တစ်လ ၅၀၀ ကျပ်နှုန်းဖြင့် ၃ လတိတိ ရမည်ဖြစ်ပြီး အင်တာနက် 10MB ကိုလည်း တစ်လတိတိ ရယူနိုင်မည်ဖြစ်သည်။
ဝန်ဆောင်မှုအရ ရက် ၃၀ သက်တမ်းကုန်ပြီးပါက လစဉ် အနည်းဆုံး တစ်ထောင်ကျပ်တန် ငွေဖြည့်ကတ် ဖြည့်သွင်းပြီး Ooredoo ဖုန်းအချင်းချင်း ဖုန်း တစ်လ မိနစ် ၁၀၀ ခေါ်ဆိုခွင့်ကို ၅ လဆက်တိုက် ရရှိနိုင်မည်ဟု သိရသည်။
Ooredoo G7 ဟန်းဆက်ကို အနက်ရောင်၊ အဖြူ ရောင်၊ အနီရောင်ဟူ၍ အရောင်သုံးမျိုးရရှိနိုင်ပြီး ဇူလိုင်လ ၁၈ ရက်မှစ၍ Tiger Dealer မိုဘိုင်းအရောင်းဆိုင်များတွင် စတင် ဝယ်ယူနိုင်ကြောင်း Ooredoo Myanmar မှ သတင်းထုတ်ပြန်ထားသည်။
Credit==>internetjournal
Thiha Htike(THT)
thihahtike.it@gmail.com
** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။