8/13/2015

မန္တလေး၌ MCPA Quiz 2015 ကျင်းပမည်






မန္တလေးတိုင်းဒေသကြီး ကွန်ပျူ တာပညာရှင်အသင်းမှဦးစီး၍ MCPA Quiz ၂၀၁၅ ကို အသင်းရုံးတည်ရှိရာ ရွှေဖြူ ပလာဇာ၊ ဒုတိယထပ်တွင် ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
အဖွဲ့တစ်ဖွဲ့တွင် ခေါင်းဆောင်အပါအဝင် ဘွဲ့ကြို ကျောင်းသား ၃ ဦး ပါဝင်ခွင့်ရှိပြီး သက်ဆိုင်ရာကျောင်းများ၏ ခွင့်ပြုချက်ပါ ရှိရမည်ဟု သိရသည်။

ဖြေဆိုမည့်သူများအနေဖြင့် Fundamental Information Technology Engineer Examination Text Book and Exam Preparation Book ကို လေ့လာထားရမည်ဖြစ်ပြီး မေးခွန်းပုံစံမှာ Multiple Choice ဖြေဆိုမှုပုံစံဖြစ်ကြောင်း သိရသည်။

လျှောက်လွာများကို ၁၅-၈-၂၀၁၅ နောက်ဆုံးထားကာ အသင်းရုံးတည်ရှိရာ ရွှေဖြူ ပလာဇာ၊ ဒုတိယထပ် ဖုန်း ၀၂- ၆၉၃၁ သို့ ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းရမည် ဖြစ်သည်။ မေးခွန်းပုံစံများကို www.itpec.org နှင့် www.mcpamyanmar.org တွင် လေ့လာနိုင်မည်ဖြစ်သည်။

သြဂုတ်လ ၁၉ တွင် မန္တလေးတိုင်းဒေသကြီး၊ ကွန်ပျူ တာပညာရှင် အသင်းရုံး၊ မန္တလေးကွန်ပျူ တာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် (မန္တလေး)၊ ကွန်ပျူတာ တက္ကသိုလ် (မိတ္ထီလာ) တို့တွင် တစ်ပြိုင်နက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Credit=> internetjournal
Thiha Htike(THT)
My Facebook Account Click





<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download