8/13/2015

Android ဖုန်းများတွင် ဓာတ်ပုံနောက်ခံများအား Blur ပြုလုပ်ခြင်း


Android ဖုန်းတွေမှာ ဓာတ်ပုံတွေရဲ့ နောက်ခံ Background တွေနဲ့ ကိုယ်လိုချင်တဲ့ နေရာတွေ ကို ရွေးချယ်ပြီး Blur ပြုလုပ်နိုင်မယ့် စနစ်ဖြစ်ပါတယ်။ ဒီလိုမျိုး နောက်ခံ Background တွေကို Blur ပြုလုပ်တဲ့ နည်းစနစ်ဟာ နောက်ပိုင်းထွက် နည်းပညာမြင့် ဖုန်းအချို့မှာ ပါဝင်လာပေမယ့် ကင်မရာကနေ ပြုလုပ်ပေးတဲ့ Blur ကိုပဲ ရရှိနိုင်တာဖြစ်ပါတယ်။  ခုပြုလုပ်မယ့် နည်းလမ်းကတော့ ဓာတ်ပုံရဲ့ ကိုယ်လိုချင်တဲ့ အစိတ်အပိုင်းနေရာကို ရွေးချယ်ပြီး Blur ပြုလုပ်နိုင်တဲ့အပြင် Blur ကိုလည်း ကိုယ်လိုချင်သလောက် ရာခိုင်နှုန်းထိ ပြုလုပ်နိုင်တာကို တွေ့ရပါလိမ့်မယ်။
စတင်ပြီးလေ့လာ ကြည့်ကြပါမယ်။ ဓာတ်ပုံတွေကို Blur ပြုလုပ်ဖို့အတွက် ဆော့ဖ်ဝဲကို အသုံးပြုပါမယ်။ အဲဒါကတော့ Image Blur ဆိုတဲ့ ဆော့ဖ်ဝဲပဲ ဖြစ်ပါတယ်။
ဆော့ဖ်ဝဲကို ဖွင့်လိုက်ရင်တော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။
မြင်တွေ့ရတဲ့ မြင်ကွင်းမှာ အသုံးပြုရမယ့် စနစ်နှစ်ခုရှိနေပါတယ်။ ကင်မရာ သင်္ကေတကတော့ ဓာတ်ပုံကို ချက်ချင်းရိုက်ပြီး ပြုလုပ်နိုင်မယ့် စနစ်ဖြစ်ပြီး Gallery သင်္ကေတကတော့ ကိုယ့်ရဲ့ဖုန်းထဲမှာ ရှိနေတဲ့ဓာတ်ပုံ တွေထဲကနေ စိတ်ကြိုက်ပုံကို ရွေးချယ်ပြီး ပြုလုပ်နိုင်မယ့် စနစ်ဖြစ်ပါတယ်။ ဒီနှစ်ခုမှာ ကိုယ့်စိတ်ကြိုက် ရွေးချယ်အသုံးပြု နိုင်ပါတယ်။ ဥပမာအနေနဲ့ ကင်မရာ သင်္ကေတကို ရွေးချယ်လိုက်ကြပါမယ်။ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။
ကိုယ့်စိတ်ကြိုက် ကင်မရာစနစ်တစ်ခုကို ရွေးချယ်လိုက်ပါ။ ဒါဆိုရင်တော့ ကင်မရာပွင့်လာ ပါလိမ့်မယ်။ စိတ်ကြိုက်ဓာတ်ပုံ တစ်ခုကိုရိုက်လိုက်ပါ။ ဒါဆိုရင်တော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။
မြင်တွေ့ရတဲ့ မြင်ကွင်းမှာ အသုံးပြုနိုင်မယ့်စနစ် ၅ ခုရှိနေပါတယ်။ ပထမဆုံး Zoom ဆိုတာကတော့ ဓာတ်ပုံကို အနီးအဝေး၊ အကြီးအသေး လိုအပ်သလို ချဲ့နိုင်မယ့်စနစ် ဖြစ်ပါတယ်။
ဒုတိယ စနစ်ဖြစ်တဲ့ Blur ဆိုတဲ့စနစ်ကို နှိပ်လိုက်ရင်တော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။
မြင်တွေ့ရတဲ့ မြင်ကွင်းရဲ့ အောက်နားလေးမှာ ဘားတန်းလေး တစ်ခုရှိပါတယ်။ အဲဒီဘားတန်းကတော့ Blur ရဲ့ အနည်းအများကို ချိန်ညှိနိုင်တဲ့နေရာ ဖြစ်ပါတယ်။ ဒီဘားတန်းထဲမှာ Blur ရဲ့ အနည်းအများကို လိုအပ်သလို ချိန်ညှိပြီး ကိုယ် Blur လုပ်ချင်တဲ့ နေရာတွေမှာ လိုက်ပြီးပွတ်ပေး ရမှာဖြစ်ပါတယ်။ ဒီလိုမျိုး ဓာတ်ပုံကို Blur လုပ်ဖို့အတွက် ပွတ်တဲ့အခါမှာ ပုံကိုချဲ့ထားတာ ပိုပြီးအဆင်ပြေ နိုင်ပါလိမ့်မယ်။  ဒါမှ ဓာတ်ပုံရဲ့လိုအပ်တဲ့ အစိတ်အပိုင်းတွေကို တိတိကျကျပွတ်ပြီး Blur ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
Blur ရဲ့ ဘေးနားမှာရှိနေတဲ့ Undo ဆိုတဲ့ သင်္ကေတကတော့ ကိုယ်က Blur ပြုလုပ်ထားတဲ့ အစိတ်အပိုင်း တွေထဲက မလိုအပ်ပဲ ပါနေတဲ့နေရာတွေ ရှိနေခဲ့ရင် Blur တွေကို ပြန်လည်ပြီး ဖျက်ပေးနိုင်တဲ့ စနစ်ဖြစ်ပါတယ်။ Blur တွေကို ပြန်လည်ညှိပေးနိုင်တဲ့ စနစ်တစ်ခုလည်း ဖြစ်ပါတယ်။
Undo ရဲ့ဘေးနားမှာရှိနေတဲ့ Brush ကိုနှိပ်လိုက်ရင် ခုလိုမျိုးမြင် ရပါလိမ့်မယ်။
Brush ကတော့ ဓာတ်ပုံပေါ်မှာရှိနေတဲ့ အစိတ်အပိုင်းတွေနဲ့ Blur တွေပေါ်ကို Brush တစ်ခုအနေနဲ့ ပွတ်ပေးနိုင်တဲ့ ချောမွေ့ပေးနိုင်တဲ့ စနစ်ဖြစ်ပါတယ်။ Brush စနစ်မှာလည်း ချိန်ညှိတဲ့ဘားတန်း ပါဝင်ပါတယ်။ ဒီဘားတန်းထဲမှာ Brush ရဲ့အနည်းအများကို ချိန်ညှိပြီး စိတ်ကြိုက်အသုံးပြု နိုင်ပါတယ်။
လုပ်ဆောင်ချက်တွေအားလုံး ပြီးပြီဆိုရင်တော့ Share ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်ခုလို မြင်ရပါလိမ့်မယ်။
မြင်တွေ့ရတဲ့ မြင်ကွင်းမှာ အသုံးပြုနိုင်မယ့် စနစ်လေးခု ရှိနေပါတယ်။ အွန်လိုင်းကို အသုံးပြုပြီး လူမှုကွန်ရက်တွေပေါ်ကို Share ပြုလုပ်နိုင်သလို Device အချင်းချင်းလည်း Share နိုင်ပါတယ်။ ကိုယ့်ဖုန်းထဲမှာပဲ သိမ်းမယ်ဆိုရင်တော့ Save ကိုနှိပ်ပြီး သိမ်းနိုင်ပါတယ်။
Blur Image Background 1.3 APK
ref : http://internetjournal.media



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download