8/10/2015

♪ LG ၏ အလယ်လတ်တန်းစားဖုန်းဖြစ်သည့် LG Magna ကို မြန်မာနိုင်ငံတွင် သြဂုတ်လ (၆)ရက်နေ့က စတင်ရောင်းချပေးနေပြီဖြစ် ♫


LG Magna ကို LG Showroom များဖြစ်သည့် LG 1 (ဆူးလေ)၊ LG 2 (ကမ္ဘာအေး)၊ LG 3 (ပန်းဆိုးတန်း)၊ LG Mandalay (82 လမ်း x 27 လမ်းထောင့် ၊ မန္တလေး)၊ LG Pathein (ပုသိမ်)၊ LG Mawlamyaing (မော်လမြိုင်) နှင့် Waiyan Electronics Showroom များဖြစ်သည့် Waiyan (ပန်းဆိုးတန်း)၊ Waiyan (ကမ္ဘာအေး)၊ Waiyan (မြယမုံ၊ တောင်ဒဂုံ)၊ Waiyan (ဗိုလ်တထောင်)၊ Waiyan (အင်းစိန်)၊ Waiyan (ပဲခူး)၊ Waiyan Mandalay (82 လမ်း x လမ်း 30 ထောင့် ၊ မန္တလေး)တို့တွင် (၂၃၉၀၀၀)ကျပ်ဖြင့် ရောင်းချပေးလျက်ရှိပြီး အရောင်မှာအဖြူရောင်၊ ရွှေရောင်နှင့် အနက်ရောက် တို့ ဖြစ်သည်။

Magna သည် ချောမွေ့ ပြောင်လက်နေတဲ့ မျက်နှာပြင်အကွေးပုံစံက စမတ်ကျနေကာ အခြားစမတ်ဖုန်း များ နှင့်မတူ ဖုန်းမျက်နှာပြင်အား အသာအယာ ထိတွေ့ရုံဖြင့် လျင်မြန်သော ဆောင်ရွက်ချက်များကို In-cell touch ဖြင့် ခံစားရရှိစေမှာဖြစ်ပြီး လက်ဖြင့်ထိတွေ့၍ Selfie ရိုက်ရန်မလိုဘဲ ဟန်မပျက် Selfie ရိုက်နိုင်သည့်Gesture Shot ကိုအဓိကကင်မရာ 5MP ဖြင့်ကြင်လင်ပြတ်သားသော ပုံရိပ်ကို အလွယ်တကူ ရိုက်ကူးနိုင်မှာဖြစ်ပါသည်။ကင်မရာ 8MP ပါဝင်ကာ မျက်နှာပြင်အကျယ် ၅လက်မရှိပြီး resolution 720× 1280 နှင့်အတူ IPS LCD က ပုံရိပ်တွေကို ဘယ်ထောင့်က ကြည့်ကြည့် ပြောင်းလဲမှုမရှိသော ရုပ်ပုံတွေကို ရရှိစေနိုင်သည်။

LG magna တွင် 1.3GHz Quad-Core processor ကို အသုံးပြုထားကာ memory မှာ 8GB ,RAM 1GB ပါဝင်ကာ GSM ကွန်ယက်ဖြစ်ပြီး Dual Sim အမျိုးအစားဖြစ်ပြီး 5.0.1 lollipop version နဲ့အတူ ဘက်ထရီ2540mAh က အချိန်ကြာရှည်စွာအသုံးပြုနိုင်မှာဖြစ်ပါသည်။ Dimensions ကတော့ ( 139.8×69.9×10.1) mm ဖြစ်ပြီး 137g အလေးချိန်ရှိသည်။


Credit to ==> TechSpace Journal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com