8/10/2015

မြန်မာဂြိုဟ်တုစနစ်အတွက် အဆိုပြုလွှာခေါ်ယူ




 မန်မာဂြိုဟ်တုစနစ်အတွက် အဆိုပြုလွှာ ခေါ်ယူလိုက်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ သိရသည်။


အဆိုပြုလွှာ တင်သွင်းသူများအနေဖြင့် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁ ရက် နောက်ဆုံးထားပေးပို့ နိုင်မည်ဖြစ်ကြောင်း၊ အသေးစိတ် အချက်အလက်များကို www.mcit.gov.mm ဝက်ဘ်ဆိုက်တွင် ဒေါင်းလုပ်ရယူနိုင်ကြောင်း သိရသည်။

နိုင်ငံတော်အတွင်း ဂြိုဟ်တုသုံးစွဲနေသူများအား စုစည်း၍ ဂြိုဟ်တုတစ်လုံးတည်း အသုံးပြုကာ ဆောင်ရွက်သွားနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ပြောကြားခဲ့ဖူးသည်။
ဇွန်လ ၁၇ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သော မြန်မာဂြိုဟ်တုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ICT ကဏ္ဍမှ ဆက်သွယ်ရေးတစ်ခုတည်း မဟုတ်ဘဲ ကဏ္ဍတော်တော်များများမှာ ဂြိုဟ်တုနည်းပညာဖြင့် ချိတ်ဆက် အသုံးပြုနေကြပြီ ဖြစ်ကြာင်း၊ ဂြိုဟ်တုတစ်ခုကို ဝယ်ယူရုံဖြင့် မပြီးသေးဘဲ နည်းပညာပါ လိုအပ်ကြောင်း၊ လူ့စွမ်းအား အရင်းအမြစ်များလည်း လိုအပ်ကြောင်း၊ တစ်ချိန်တွင် မိမိကိုယ်တိုင် ထိန်းသိမ်း ကိုင်တွယ် ဆောင်ရွက်နိုင်သည့် အဆင့်ထိ ရောက်ရှိစေရေးကို မျှော်မှန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်ဟု သိရသည်။

လုပ်ငန်းများအား အဆင့်လိုက် ဆောင်ရွက်သွားရမည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် နိုင်ငံတော်အတွင်း ဂြိုဟ်တု သုံးစွဲနေသူများအား စုစည်း၍ ဂြိုဟ်တုတစ်လုံးတည်း အသုံးပြုကာ စုစည်းဆောင်ရွက်သွားနိုင်ရေးကို ဆောင်ရွက်သွားရမည် ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့ကြောင်း သိရသည်။

Credit=> internetjournal
Thiha Htike(THT)
My Facebook Account Click


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download