8/10/2015

ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေး အတွက် ရန်ပုံငွေဓာတ်ပုံပြပွဲ ကျင်းပမည်



မန်မာနိုင်ငံဓာတ်ပုံပညာရှင်များအသင်း(PPAM) မှ ဦးဆောင်၍ ရေဘေးသင့်ပြည်သူများ ပြန်လည်ထူ ထောင်ရေးအတွက် အလင်း (The Light) ဓာတ်ပုံပြပွဲကို သြဂုတ်လ ၁၅ရက်နှင့် ၁၆ ရက်တို့တွင် ရန် ကုန်မြို့ရှိ ဒဂုံစင်တာ ၂ ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတစ်ဝန်းမှ ဝါရင့်ဓာတ်ပုံပညာရှင်များက တစ်ဦးလျှင် စိတ်ကြိုက်ဓာတ်ပုံ (ဘောင်အပါ) ၁၀×၁၄လက်မ အရွယ် ၃ ပုံနှုန်း ပါဝင်လှူဒါန်းရန် တိုက်တွန်းနှိုးဆော် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲ ကျင်းပနေစဉ် အတွင်း နာမည်ကျော် သရုပ်ဆာင် အနုပညာရှင်များမှ ပူးပေါင်း ပါဝင်ပြီး ရေဘေးသင့် ပြည်သူများ ပြန်လည် ထူထောင်ရေး ရန်ပုံငွေ အတွက် အလှူငွေများ လက်ခံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အလင်း (The Light) ဓာတ်ပုံပြပွဲတွင် ပြသထားသော လက်ရွေးစင်ဓာတ်ပုံများကို အထူးနှုန်းအနေဖြင့် တစ်ပုံလျှင် သုံးသောင်းကျပ်နှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ဟိုတယ်များ၊ ရုံးခန်းများနှင့် မိမိတို့နေအိမ်တွင် ချိတ်ဆွဲရန် ၀ယ်ယူသူ စိတ်ကြိုက် အရွယ်အစားများကိုလည်း အထူးဈေးနှုန်းထားကာ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဓာတ်ပုံပညာရှင်များအသင်း(PPAM) ၏ https://www.facebook.com/PPAMyanmar တွင် သြဂုတ်လ ၁၅ ရက်မှ ၃၁ ရက် အထိ ပြပွဲဓာတ်ပုံများကို ဖော်ပြပေး ထားမည်ဖြစ်ပြီး ပါဝင်လှူဒါန်း လိုသူများ အနေဖြင့် မိမိစိတ်ကြိုက်ဓာတ်ပုံများကို ရွေးချယ် ဝယ်ယူ လှူဒါန်းနိုင်ကာ ပြပွဲတွင်ပြသထားသော ဓာတ်ပုံများကိုလည်း ခံစား ကြည့်ရှုနိုင်မည် ဖြစ်ကြောင်းသိရသည်။

အသေးစိတ်သိရှိလိုပါက ဖုန်း-၀၉- ၄၅၀၀၂၅၂၀၆၊ ၀၉-၇၃၁၂၀၉၈၈၊ ၀၉- ၄၀၀၄၆၆၄၀၀ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်မည် ဖြစ်သည်။

Credit=>internetjournal
Thiha Htike(THT)
My Facebook Account Click
 



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download