8/10/2015

3D ဗွီဒီယိုဖိုင် format သစ်တစ်မျိုးကို 8i ကုမ္ပဏီ မိတ်ဆက်







နယူးဇီလန် အခြေစိုက် startup ကုမ္ပဏီ တစ်ခုဖြစ်သော 8i သည် light field နည်းပညာအခြေခံ 3D ဗွီဒီယိုဖိုင် format သစ်တစ်မျိုးကို မိတ်ဆက်ခဲ့သည်။ ၎င်းကုမ္ပဏီ၏ ရည်မှန်းချက်မှာ သဘာဝအတွင်းရှိ အရာများက virtual reality တွင်းသို့ ရောက်ရှိလာကာ သဘာဝအတွင်းရှိ အရာများ ဖန်တီးနိုင်ရန်ဖြစ်ပြီး အထူးသဖြင့် လူများကို သဘာဝနှင့် အနီးစပ်ဆုံးတူအောင် ဖန်တီးနိုင်ရေး ဖြစ်သည်။

3D ဗွီဒီယိုများသည် ကွန်ပျူတာ graphic ပုံရိပ်များအဖြစ် ပြောင်းလဲအသုံးပြုသည့် နည်းလမ်းတစ်ရပ်ဖြစ်ပြီး အမျိုးမျိုးသော ဒီဂျစ်တယ်ဗွီဒီယိုများကို light field နည်းပညာ format များသို့ အသွင်ပြောင်းကာ ထုထည် ပမာဏ 3D ဗွီဒီယိုအဖြစ် ထုတ်လွှင့်နိုင်ရန် ပြန်လည်တည်ဆောက်ထားခြင်း ဖြစ်သည်။ ကုမ္ပဏီမှ ထုတ်လုပ်သော software နှင့်ပေါင်းစပ်ထားသော ဗွီဒီယိုများ ရိုက်ကူးနိုင်သည့် မည်သည့် ကင်မရာနှင့်မဆို သဘာဝကျသော VR content ဖန်တီးမှုများတွင် အထောက်အပံ့များ ရရှိမည် ဖြစ်သည်။

8i အနေဖြင့်၎င်းနည်းပညာ၏ alpha ဗားရှင်းကို မိတ်ဆက်ခဲ့သလိုလူပေါင်း ၁၀၀ ကို 3D ဗွီဒီယို နည်းပညာသစ်ဖြင့် ရိုက်ကူးထားသော ပုံရိပ်များကို format သစ်တစ်ခုဖြင့် ဖန်တီးပြသခဲ့သည်။ အဆိုပါ အင်တာဗျူးနှင့် ဖျော်ဖြေရေး စီးရီးများတွင် တေးဂီတပညာရှင်၊ အားကစားသမားနှင့် နည်းပညာ ကျွမ်းကျင်သူများလည်း ပါဝင်ခဲ့သည်။ “ယခုအမှတ်တံဆိပ်သစ် ဆယ်သွယ်ရေး နည်းလမ်းဟာ ပုံသဏ္ဍာန်အသစ်နဲ့ ဖျော်ဖြေရေးပွဲကို မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုထဲမှာ လှည့်လည်သွားလာနိုင်ဖို့ ပြုလုပ်ပေးထားပါတယ်” ဟု 8i တွဲဖက်တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် လင့်ဂတ်စ်ဂင်းက TNW သို့ပြောဆိုခဲ့သည်။

Ref: TheNextWeb
Credit=>internetjournal

Thiha Htike(THT)
My Facebook Account Click


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download