8/10/2015

ဘက်ထရီ အပူလွန်ကဲပြီး မီးလောင်နိုင်သောကြောင့် Shield tablet များကို Nvidia ပြန်လည်သိမ်းဆည်း







Nvidia မှ ရောင်းချခဲ့သော Shield tablet အများအပြားကို ပြန်လည်သိမ်းဆည်းမည် ဖြစ်ကြောင်း အမှုဆောင်အရာရှိချုပ် ဂျန်ဆွန်ဟွမ်က ပြောကြားလိုက်သည်။

၂၀၁၄ ခုနှစ် ဇူလိုင်လမှ ၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်း ရောင်းချခဲ့သော ၈ လက်မ Shield tablet များတွင် ပါဝင်သော ဘက်ထရီက အပူလွန်ကဲကာ မီးလောင်မှု ဖြစ်ပွားနိုင်ကြောင်း၊ ပြန်လည်သိမ်းဆည်းမည့် ထုတ်ကုန်များတွင် Shield Android TV set-top box နှင့် Shield portable ဂိမ်းစက်တို့ မပါဝင်ကြောင်း Nvidia မှ ပြောကြားခဲ့သည်။

Code အမည် B01 ဟုခေါ်သော ဘက်ထရီ ပါဝင်သည့် tablet များသည် ပြန်လည်သိမ်းဆည်းမည့် စာရင်းတွင် မပါဝင်သော်လည်း Y01 ဘက်ထရီ ပါဝင်သည့် ထုတ်ကုန်များကို ပြန်လည် သိမ်းဆည်းသွားမည် ဖြစ်ကြောင်း သိရသည်။

ပြန်လည်သိမ်းဆည်းမည့် Shield tablet အရေအတွက်မှာ အမေရိကန်မှ ၈၃,၀၀၀ ဖြစ်ပြီး ကနေဒါမှ ၅,၀၀၀ ခန့် ဖြစ်သည်။

ကွန်ပျူတာများအတွက် ဂရပ်ဖစ်ပရိုဆက်ဆာများကို ထုတ်လုပ်ခြင်းဖြင့် နာမည်ကျော်လူသိများသည့် Nvidia သည် ဂိမ်းဝါသနာရှင်များအတွက် Shield tablet ကို ထုတ်လုပ်ခဲ့သည်။

Nvidia ကမူ ပြန်လည်သိမ်းဆည်းခဲ့သော Shield tablet အတွက် ဘက်ထရီများကို အခမဲ့ အစားထိုး လဲလှယ်ပေးသွားမည်ဟု ပြောကြားခဲ့သည်။

Ref: CNET
Credit=>internetjournal

Thiha Htike(THT)
My Facebook Account Click


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download