12/02/2014

♪ Xiaomi က ဒီဇင်ဘာလတွင် အိန္ဒိယ၌ Redmi Note ကို ရောင်းချမည် ♫

red

Xiaomi က Redmi Note Phablet ကို အိန္ဒိယတွင် ဒီဇင်ဘာလ၌ ရောင်းချမည်ဟု သူ၏ အိန္ဒိယ Facebook Page တွင် အရိပ်အမြွက်ပြောကြားထားပါသည်။

The Techolic ၏ ရေးသားချက်အရ Xiaomi ၏ ပါတနာဖြစ်သော Flipkart သည် အင်္ဂါနေ့တိုင်းတွင် စတင်ရောင်းချလေ့ရှိသောကြောင့် ဒီဇင်ဘာလ နှစ်ရက်နေ့တွင် Phablet ကို စတင်ရောင်းချမည်ဟု ရေးသား ထားပါသည်။

Redmi Note တွင် ၅.၅ လက်မ LED IPS Display တပ်ဆင်ထားပြီး Resolution မှာ 1280x720pixels ဖြစ် ပါသည်။ 1.7GHz MediaTek Octa-Core Processor , 2GB RAM, 8GB Internal Storage နှင့် 32GB အထိ ၀င်ဆန့်သော MicroSD Card ပါရှိပါသည်။ အနောက်ဘက်တွင် 13MP နှင့် မျက်နှာချင်းဆိုင်တွင် 5MP Camera တပ်ဆင်ထားပါသည်။ 3100mAh Battery ပါရှိပြီး Android 4.3 Jelly Bean နှင့် MIUI v5 ကို တွဲဖက် အသုံးပြုထားပါသည်။
Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com