12/02/2014

♪ HTC Desire 820s ကို တရုတ်တွင် ကြိုတင်မှာယူသူ ၁.၂၆ သန်း ရှိပြီ ♫

htc

Focus Taiwan ၏ သတင်းအရ တရုတ်နိုင်ငံရှိ HTC ဌာနခွဲသည် Desire 820s ကို ကြိုတင်မှာယူမှုပေါင်း ၁.၂၆ သန်းကို လက်ခံရရှိထားသည်ဟု သိရပါသည်။ ပြိုင်ဆိုင်မှု ပြင်းထန်သော တရုတ်နိုင်ငံတွင် Desire 820s ကို စိတ်ဝင်စားကြသည်မှာ အထင်ကြီးစရာ ကောင်းသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။

HTC က Desire 820s အလုံးရေ ငါးသောင်းကိုသာ အွန်လိုင်းမှ ရောင်းချမည်ဟု ကြေညာထားပါသည်။ ပထမဆုံး ၀ယ်ယူသူ အယောက် ငါးထောင်သည် ၆၅ ဒေါ်လာ လျှော့ဈေးဖြင့် ရရှိမည် ဖြစ်သည်။ ထို့အတွက် ဒေါ်လာ ၂၉၃ တန်ကြေးရှိသော စမတ်ဖုန်းကို ဒေါ်လာ ၂၂၈ ဖြင့် ရရှိမည် ဖြစ်သည်။

HTC Desire 820s တွင် Snapdragon 615 ထက် စွမ်းဆောင်ရည်မြင့်မားသည်ဟု ကြေညာထားသော MediaTek MT6752 Chipset ကိုထည့်သွင်းထားပြီး နိုဝင်ဘာလ အစောပိုင်းတွင် ကြေညာခဲ့ပါသည်။ ၅.၅ လက်မ 720p Display, 2GB RAM, 16GB Internal Storage တပ်ဆင်ထားပါသည်။ အနောက်ဘက်တွင် 13MP နှင့် မျက်နှာချင်းဆိုင်တွင် 8MP Camera တပ်ဆင်ထားပါသည်။ LTE ဆက်သွယ်မှုကို အထောက်အပံ့ပေးပါသည်။
Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com