Web နှင့် Network Engineering ဒီပလိုမာသင်တန်းများ ဗဟန်းကွန်ပျူတာ
တက္ကသိုလ်တွင် ဖွင့်မည် ဖြစ်ကြောင်းအဆိုပါတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (ဗဟန်းနယ်မြေ) အနေဖြင့် အချိန်ပိုင်း ဘွဲ့လွန်ဒီပလိုမာသင်တန်းများ အဖြစ် Post graduate Diploma in Web Engineering သင်တန်းကို သင်တန်းကြေး ၃ သိန်းကျပ်၊ သင်တန်းကာလ ၄၂ ပတ် ၊ လက်ခံမည့်သူဦးရေ (၃၀) ဦးတို့ဖြင့် ၂၇-၁၂-၂၀၁၄ တွင်လည်းကောင်း၊ Post graduate Diploma in Network Engineering သင်တန်းကို သင်တန်းကြေး ၃ သိန်းကျပ် ၊ သင်တန်း ကာလ ၄၂ ပတ်၊ လက်ခံမည့်သူဦးရေ (၂၀) ဦးတို့ဖြင့် ၂၇-၁၂-၂၀၁၄ တွင်လည်းကောင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းများကို သိပ္ပံဘာသာရပ်ဖြင့် ဘွဲ့ရရှိပြီး၊ ITနှင့် ဆက်စပ်သောဘွဲ့(သို့မဟုတ်) Certificate ရရှိထားသူများ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း၊ အလုပ်ခွင်အကြို (Internship) ကာလ စက်တင်ဘာ လမှ နိုဝင်ဘာလအထိ (၃) လတွင် တနင်္လာနေ့မှ သောကြာနေ့ အထိ အချိန်ပြည့် လုပ်ကိုင်နိုင်သူဖြစ် ရမည် ဖြစ်ကြောင်း၊ လုပ်ငန်းခွင်မှ ဝန်ထမ်းများ အနေဖြင့် မိမိတို့လုပ်ငန်း/ဌာန အကြီးအကဲ၏ ထောက်ခံ ချက်ဖြင့် လျှောက်ထားခွင့် ပြုမည် ဖြစ်ကြောင်း သိရသည်။ သင်တန်းချိန်များမှာ စနေနှင့် တနင်္ဂနွေနေ့များ တွင် နံနက်(၉းဝ၀)နာရီမှ ညနေ(၄းဝ၀)နာရီအထိ၊ တနင်္လာနေ့မှ သောကြာနေ့အထိ ညနေ (၄းဝ၀) နာရီ မှ ညနေ(၆းဝ၀) နာရီထိ လက်တွေချိန်များ သတ်မှတ်ပေးပြီး သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
သင်တန်းနှင့် ပတ်သက်၍ ဖုန်း ဝ၁-၅၃၇၃၉၃၊ ဝ၁-၅၃၄၃၁၅ သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
Internet Journal

** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။