12/08/2014

♪ Ubuntu မောင်းနှင်မည့် Meizu MX4 စမတ်ဖုန်းကို ၂၀၁၅ ခုနှစ် အစောပိုင်းတွင် ရောင်းချမည် ♫

02


Ubuntu နှင့် တရုတ် အခြေစိုက် စမတ်ဖုန်း ထုတ်လုပ်သူ Meizu တို့သည် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် တရုတ်တွင် လက်မှတ်ရေးထိုးလိုက်ပါသည်။ သဘောတူညီမှုသည် Ubuntu Touch Software ကို အခြေခံထားသော Meizu Flyme OS ဗားရှင်းအသစ်ကို တည်ဆောက်ရန်နှင့် အရောင်းမြှင့်တင်ရန် ဖြစ်ပါ သည်။

Meizu က OS အသစ်ထည့်သွင်းထားသော ပထမဆုံး MX ဖုန်းများကို တရုတ်နှင့် ဥရောပတွင် ၂၀၁၅ ခုနှစ် အစောပိုင်းတွင် ရောင်းချနိုင်မည်ဟု မျှော်လင့်ထားပါသည်။ OS အသစ်ကိုထည့်သွင်းမည့် စမတ်ဖုန်း များထဲတွင် လက်ရှိ Meizu ၏ စွမ်းဆောင်ရည်မြင့် MX 4 ပါဝင်မည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။

၂၀၁၄ ခုနှစ်တွင် ကျင်းပသော MWC ပွဲတွင် ကုမ္ပဏီနှစ်ခုသည် MX 3 ကို အခြေခံထားသော Device အသစ်၏ နမူနာပုံစံကို ပြသခဲ့ပါသည်။

Canonical Ltd. က Ubuntu Touch ကို တီထွင်နေသည်မှာ ကြာပြီ ဖြစ်သော်လည်း လက်တွေ့ စမ်းသပ် သရုပ်ပြနိုင်ခြင်း မရှိသေးပါ။ Ubuntu Touch သည် တူညီသော Apps များကို Mobile နှင့် Desktop တွင် အသုံးပြုနိုင်စေမည် ဖြစ်သည်။ ထို့အပြင် မျက်နှာပြင်ကြီး Device များနှင့် ချိတ်ဆက်၍ Desktop အတွေ့အကြုံကို စမတ်ဖုန်း၊ တက်ဘလက်များမှ ခံစားနိုင်မည်ဟု သိရပါသည်။
Myanmar Digital Life Journal
<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com