12/08/2014

♪ ဈေးနှုန်းသက်သာသော Android One Phone ကို ဗြိတိန်တွင်ရောင်းပြီ ♫

0

Google က ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အဓိကရည်ရွယ်ပြီး ဈေးနှုန်းသက်သာသော Android Phone များ ထုတ်လုပ်ရောင်းချရန် Android One စီမံကိန်းကို ပြုလုပ်အကောင်အထည်ဖော်နေပါသည်။ အိန္ဒိယ စမတ်ဖုန်း ထုတ်လုပ်သူ Karbonn Mobile က Sparkle V ဟု အမည်ရသော Android One Smartphone ကို ဗြိတိန်တွင် ရောင်းချပေးလိုက်ပါသည်။ Sparkle V ၏ တန်ဖိုးမှာ ယူရို ၁၃၀ ( ဒေါ်လာ ၂၀၅) ဖြစ်ပါသည်။

Google ၏ ရည်ရွယ်ချက်မှာ Social Media, Apps , Web များ အားလုံးကို အသုံးပြုနိုင်ပြီး ဈေးနှုန်း သက်သာသော Specification များ ပံ့ပိုးပေးနိုင်ရန် ဖြစ်ပါသည်။

Sparkle V တွင် ၄.၅ လက်မ 480×854 Display, 1.3GHz Quad-Core Processor, 4GB Storage များ ပါရှိပါသည်။ အနောက်ဘက်တွင် 5MP နှင့် မျက်နှာချင်းဆိုင်တွင် 2MP Camera များ တပ်ဆင်ထားပါသည်။ 1GB RAM ပါရှိပြီး MicroSD Card အသုံးပြုနိုင်ပါသည်။ 1700mAh Battery ပါရှိပါသည်။ Stock Android ကို ထည့်သွင်းထားသည့်အတွက် Android OS Update များကို အစဉ်အမြဲ လျှင်မြန်စွာ ရရှိနိုင်ပါသည်။ ယခုလက်ရှိတွင် Android 4.4.4 KitKat ကို ထည့်သွင်းပေးထားပြီး Android 5.0 သို့ အဆင့်မြှင့်နိုင်ပါသည်။

 Karbonn က ဈေးနှုန်းသက်သာသော Titanium S6, Karbonn A19, Karbonn A5S စမတ်ဖုန်းများကိုလည်း ဗြိတိန်တွင် ရောင်းချပေးနေပါသည်။ သို့သော် စမတ်ဖုန်းအားလုံးတွင် 4G LTE ကို အသုံးပြုနိုင်မည် မဟုတ်ပါ။
Android One သည် ချမ်းသာသော ဗြိတိန်နိုင်ငံအတွက် မဟုတ်သော်လည်း Karbonn သည် ဥရောပတွင် ဈေးကွက်ရရှိရန် ကြိုးစားနေခြင်းကြောင့် ဖြစ်ပါသည်။
Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com