12/14/2014

♪ သုံးစွဲသူ၏ လက်ကို touchscreen တစ်ခုအသွင် ပြောင်းလဲအသုံးပြုနိုင်စေမည့် Cicret လက်ပတ် ♫

http://internetjournal.media/sites/default/files/news/2014/12/23FEB7F000000578-0-image-m-7_1418383677417.jpg

ဝတ်ဆင်နိုင်သည့် ထုတ်ကုန်ဈေးကွက် အတွင်းသို့ နည်းပညာ ကုမ္ပဏီများအပြိုင်အဆိုင် ဝင်ရောက်လာချိန်တွင် အလွန်သေးငယ်သည့် built-in projectorတစ်ခုကို အသုံးပြုထားပြီး သုံးစွဲသူ၏ အရေပြာအားtouchscreen တစ်ခုအသွင်ပြောင်းလဲနိုင်မည့် လက်ပတ်တစ်ခုကိုလည်း မကြာမီ မြင်တွေ့ရဖွယ်ရှိသည်။
Cicret ဟုခေါ်သည့် အဆိုပါလက်ပတ်ကို ဝတ်ဆင်သုံးစွဲသူသည် အရေပြားကိုtouchscreen တစ်ခုအသွင် ပြောင်းလဲကာ email စစ်ဆေးခြင်း၊ ဗီဒီယိုကြည့်ခြင်းစသည်တို့ကို ပြုလုပ်နိုင်မည် ဖြစ်သည်။အဆိုပါ လက်ပတ်ကိုထုတ်လုပ်ရန်အတွက် Cicret ဝက်ဘ်ဆိုက်တွင် မတည်ငွေ ကောက်ခံလျက်ရှိပြီး ၎င်းကိုမည်သည့်ဖုန်း၊ tablet နှင့်မဆို အလုပ်လုပ်နိုင်ကြောင်းနှင့် Cicretလက်ပတ်ကို ဝတ်ဆင်သူများသည် email ဖတ်ရှုခြင်း၊အင်တာနက် သုံးခြင်း၊ဗီဒီယိုများ ကြည့်ရှုခြင်း၊ ဂိမ်းကစားခြင်းနှင့် ဖုန်းခေါ်ဆိုခြင်းတို့ကိုပြုလုပ်နိုင်စေမည် ဖြစ်သည်။လက်ပတ်တွင် ပါဝင်သည့် အလွန်သေးငယ်သောprojector သည် ပုံရိပ်တစ်ခုကို အရေပြားပေါ်တွင် ဖော်ပြပေး နိုင်ပြီး swipe,tap နှင့် pinch ပြုလုပ်ခြင်းတို့ကို proximity sensor ၈ ခုက သိရှိနိုင်မည်ဖြစ်သည်။၎င်းလက်ပတ်တွင် USB port တစ်ခုနှင့် accelerometer တစ်ခု ပါဝင်သည့်အပြင် Bluetooth နှင့် Wi-Fi တို့ကို အထောက်အပံ့ ပေးထားသည်။
Cicret နှင့် Pascale နည်းပညာ ကုမ္ပဏီကို တည်ထောင်သူ ဂွီလာအူမီ ပွမ်မီယာကဖုန်းခေါ်ဆိုမှုများပြုလုပ်နိုင်ရန် အတွက် လက်ပတ်အတွင်း 3G cardတစ်ခုထည့်နိုင်ရန် စီစဉ်နေကြောင်း ဆိုခဲ့သည်။၎င်းလက်ပတ်ကို လက်ရှိတွင်တီထွင်လျက်ရှိပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း ရှေ့ပြေးပုံစံတစ်ခုကိုဖန်တီးသွားမည် ဖြစ်ကြောင်းနှင့် လာမည့်နှစ် ဇွန်လတွင် ဈေးကွက် သို့တင်ပို့ရောင်းချနိုင်ရန် မျှော်လင့်ထားကြောင်း ပွမ်မီယာက ပြောကြားခဲ့သည်။
Cicret လက်ပတ်ကို ပေါင် ၃၀၀ ဖြင့် စတင်ရောင်းချဖွယ်ရှိပြီး ၎င်းကို 16GBနှင့် 32GB အမျိုးအစားဖြင့် ရရှိနိုင်ကာ အရောင် ၁၀ မျိုးဖြင့်ရွေးချယ်ဝယ်ယူနိုင်မည်ဟု သိရသည်။
Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com