12/14/2014

♪ Facebook တွင် post အဟောင်းများကို ရှာဖွေခြင်း ♫


Facebook သည် လူမှုရေးကွန်ရက်ကို iPhone နှင့် desktop မှ သုံးစွဲသူများအတွက် search feature သစ်ကို တနင်္လာနေ့က မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ feature သစ်သည် သုံးစွဲသူအနေဖြင့် ၎င်း account ရှိ post အဟောင်းများနှင့် သူငယ်ချင်းများ၊ public စာမျက်နှာများမှ ဝေမျှထားသည့် post အဟောင်းများကို ရှာဖွေစေနိုင်မည် ဖြစ်သည်။

လက်ရှိတွင် ၎င်း feature ကို iPhone နှင့် desktop user များသာ အသုံးပြုနိုင်မည် ဖြစ်သည်။ Android အတွက်ကိုမူ Facebook ၏ ကြေညာချက်တွင် မဖော်ပြထားသော်လည်း မကြာမီတွင် အသုံးပြုနိုင်ဖွယ် ရှိသည်။

အဆိုပါ search feature ကို သုံးစွဲသူ၏ Facebook account တွင် စတင်အသုံးပြုနိုင်ပြီဆိုပါက search box ၏ အောက်ဘက်တွင် search for posts ဟူသော သတိပေးချက်ကို တွေ့ရမည် ဖြစ်သည်။

ထိုအခါတွင် search bar ၌ keyword အချို့ကို ရိုက်ထည့်ပြီး မှန်ဘီလူး icon ကို နှိပ်ရုံဖြင့် keyword နှင့် သက်ဆိုင်သည့် post အဟောင်းများကို အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်သည်။


Keyword များကို ထည့်သွင်းရာတွင် အောက်ပါအချက်များကို သတိပြုသင့်သည်။

- Keyword ထည့်သွင်းရာတွင် စာလုံးနည်းလေ ပိုကောင်းလေဖြစ်သည်။ ဥပမာ Internet Journal iPhone ဟု ရိုက်ထည့်ပြီး ရှာဖွေပါက Internet Journal Facebook စာမျက်နှာတွင်ရှိသည့် iPhone သတင်း post များကို တွေ့မြင်ရမည် ဖြစ်သည်။

- Account post များကို ရှာဖွေရာတွင်လည်း first name ကို ရိုက်ထည့်ပြီး ရှာဖွေပါက တိကျသေချာသည့် ရှာဖွေမှုကို ရရှိရန် ပိုမိုလွယ်ကူစေမည် ဖြစ်သည်။

- ရှာဖွေမှုရလဒ်များကို အချိန်ကာလအလိုက် အစီအရီ ဖော်ပြပေးမည် မဟုတ်သောကြောင့် လိုချင်သည့် ရှာဖွေမှုကို မတွေ့ရှိပါက scroll ပြုလုပ်ရန် လိုအပ်မည် ဖြစ်သည်။

- ရှာဖွေမှုရလဒ်များကို ကြည့်ရှုသည့်အခါ ညာဘက်အပေါ်ထောင့်ရှိ settings ခလုတ်ကို နှိပ်ကာ ဖော်ပြပေး သည့် ရလဒ်များကို ပြောင်းလဲနိုင်မည် ဖြစ်သည်။

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com