12/02/2014

♪ Surface Pro နှင့်ယှဉ်ပြိုင်မည့် hybrid laptop တစ်မျိုးကိုမိတ်ဆက်ရန် LG စီစဉ်နေ ♫


ယခင်က hybrid laptop တစ်မျိုးကို မိတ်ဆက်ပေးခဲ့သည့် LG Electronics သည် Microsoft ၏ Surface Pro 3 နှင့်ဆင်တူသော keyboard ဖယ်ရှားနိုင်သည့် hybrid laptop သစ်တစ်မျိုးကို မိတ်ဆက်ရန် စီစဉ်လျက်ရှိသည်။

Keyboard တပ်ဆင်သည့်အခါ laptop တစ်လုံးအနေဖြင့် သုံးနိုင်ပြီး keyboard ကိုဖြုတ်ပြီးနောက် tablet တစ်လုံးအနေဖြင့် သုံးနိုင်မည့် အဆိုပါ LG ထုတ်ကုန်သစ်တွင် Intel ၏ စတုတ္ထမျိုးဆက် core processor နှင့် Solid State Drive တစ်ခု ပါဝင်လာမည်ဖြစ်ပြီး ဘက်ထရီ သက်တမ်းကလည်း ပိုမိုကြာမြင့်ကြောင်း LG မှ တာဝန်ရှိသူများက ဆိုခဲ့သည်။ ထို့အပြင် LG သည် keyboard တွင် touchpad system တစ်ခုကို အသုံးပြုရန် စဉ်းစားလျက်ရှိသည်။

LG သည် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက ၁၁.၆ လက်မ hybrid PC ဖြစ်သည့် Windows 8.1 အသုံးပြု Tab-Book ကို မိတ်ဆက်ပေးခဲ့သည်။ Laptop အနေဖြင့်ရော tablet အနေဖြင့်ပါ သုံးနိုင်သည့် Tab-Book တွင် slide-out QWERTY keyboard ကို ထုတ်ကုန်၏ touchscreen အောက်ဘက်၌ ပါဝင်လာသည်။ အဆိုပါ keyboard ကို အသုံးပြုလိုသည့်အခါ Tab-Book ဘေးရှိ ခလုတ်တစ်ခုကို နှိပ်ခြင်းဖြင့် အသုံးပြုနိုင်သည်။

ဇူလိုင်လတွင် LG သည် မျိုးဆက်သစ် Tab-Book သစ်ကို မိတ်ဆက်ပေးခဲ့ပြီး ၎င်းတွင် Windows 8.1 အစား Android 4.2 ကို အသုံးပြုခဲ့သည်။ သို့သော်လည်း ၎င်းထုတ်ကုန်အတွက် Android ကို upgrade ပြုလုပ်နိုင်ခြင်း မရှိပေ။

ထို့နောက်တွင် ကုမ္ပဏီအနေဖြင့် လက်ရှိ tablet ရောင်းအားကို မကျေနပ်သောကြောင့် hybrid ထုတ်ကုန်သစ်ကို မိတ်ဆက်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း LG Electronics မှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

သို့သော် အဆိုပါ ထုတ်ကုန်သစ်ကို ဈေးကွက်အတွင်း ရောင်းချမည့်အချိန်အား ကုမ္ပဏီမှကြေညာထားခြင်း မရှိသေးပေ။

-နောင်နောင်
(Ref : CNET)
Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com