12/12/2014

♪ Screen နှစ်ဖက်လုံးသုံးနိုင်သည့် ဒုတိယ မျိုးဆက် YotaPhone ကိုမော်စကိုနှင့် လန်ဒန်တို့တွင် မိတ်ဆက်ခဲ့ ♫



ရုရှားကုမ္ပဏီ Yota သည် မော်စကိုနှင့် လန်ဒန်မြို့တွင် ပြုလုပ်ခဲ့သည့် ပွဲများ၌ YotaPhone 2 ကို မိတ်ဆက် သွားခဲ့ကြောင်း သိရသည်။

YotaPhone 2 သည်၂၀၁၄ ခုနှစ် CES နှင့် MWC ပြပွဲများတွင် ထင်ရှားခဲ့သည့် ထုတ်ကုန်များ အနက်မှ တစ်ခုဖြစ်သည်။ ၎င်း စမတ်ဖုန်းတွင် e-ink နည်းပညာကို အသုံးပြု၍ ဒုတိယ touch screen ကိုထည့်သွင်း ပေးထားကာ သုံးစွဲသူများ အနေဖြင့် စွမ်းအင်သုံးစွဲမှုပေါ် မူတည်၍ မျက်နှာပြင် နှစ်ဖက်ကို လိုအပ်သလို အသုံးပြုနိုင်သည်။ YotaPhone 2 တွင် 2.2 GHz quad-core Qualcomm Snapdragon 800, RAM 2GB, storage 32GB နှင့် Qi ကြိုးမဲ့ အားသွင်းနိုင်သည့် ထောက်ပံ့မှု၊ 2,500 mAh ဘက်ထရီအပြင် Bluetooth 4.0 နှင့် NFC တို့လည်း ပါဝင်လာသည်။ သို့သော်လည်း YotaPhone 2 ၏ အားနည်းချက်မှာ ကျောဘက် ကင်မရာမှာ 8 megapixel နှင့် ရှေ့ကင်မရာ 2.1 megapixel ပါဝင်ပြီး စမတ်ဖုန်းအတွင်း Android 4.4.3 သာ အသုံးပြုထားသည်။

အဆိုပါ စမတ်ဖုန်း၏ ပထမ မျက်နှာပြင်တွင် တန်ဖိုးကြီး ဖုန်းများတွင် အသုံးပြုလေ့ရှိသော Gorilla Glass 3 ဖြင့် ကာကွယ် ထားသော ၅လက်မ Full HD Super AMOLED display ကို အသုံးပြုထားသည်။ ထို့နောက် ဖုန်းကို တစ်ဖက်သို့ လှန်လိုက်လျှင် စွမ်းအင်ချွေတာမှု ပြုလုပ်ထားသော e-ink မျက်နှာပြင်တွင် 540x960 ၄.၇ လက်မ ပါဝင်လာမည် ဖြစ်သည်။
Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com