ဈေးကွက်ရှယ်ယာ ကျဆင်းခဲ့သော်လည်း Samsung သည် ယခုနှစ်တတိယ
သုံးလပတ်တွင် စမတ် ဖုန်း ဈေးကွက်ကို ဆက်လက်ဦးဆောင် နေဆဲဖြစ်ကြောင်း
Gar-tner သုတေသန အဖွဲ့မှဖော်ပြခဲ့သည်။
တတိယ သုံးလပတ်တွင် Samsung ၏ ကမ္ဘာတစ်ဝန်း စမတ်ဖုန်း ရောင်းချမှုသည် ၇၃.၂ သန်းရှိ ခဲ့ပြီး ဈေးကွက်ရှယ်ယာ ၂၄.၄ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့သည်။ ၎င်း၏ ပြီးခဲ့သည့်နှစ် တတိယ သုံးလ ပတ် ဈေးကွက်ရှယ်ယာသည် ၃၂.၁ ရာခိုင်နှုန်း ရှိခဲ့ပြီး စမတ်ဖုန်း အလုံးရေ ၈၀.၄ သန်း ရောင်းချခဲ့ရသည်။

တတိယ သုံးလပတ်တွင် Apple က စမတ်ဖုန်း အရောင်းရဆုံး ကုမ္ပဏီဖြစ်ခဲ့ပြီး
ပြီးခဲ့သည့်နှစ်က ၃၀.၃ သန်းသာ ရောင်းချခဲ့ရာမှ ယခုနှစ်တွင် စမတ်ဖုန်း
ရောင်းချမှု ၃၈.၂ သန်းအထိ မြင့်တက်လာခဲ့သည်။ တရုတ်အခြေစိုက် စမတ်ဖုန်း
ကုမ္ပဏီများဖြစ်သော Huawei နှင့် Xiaomi တို့၏ ရောင်းအားမှာ လည်း
မြင့်တက်လာခဲ့ကြောင်း သိရသည်။
Samsung သည် တရုတ် ကဲ့သို့သော အရေးပါသည့် ဈေးကွက်များတွင် ပြိုင်ဘက်များ၏ ရောင်းချမှု အား မြင့်တက်လာခြင်းကြောင့် ဈေးကွက်ရှယ်ယာ ကျဆင်းခဲ့ခြင်း ဖြစ်သည်။ Gartner ၏အဆိုအရ တရုတ် နိုင်ငံ၏ Samsung စမတ်ဖုန်း ရောင်းအားသည် ပြီးခဲ့သည့်နှစ်ထက် ၂၈.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။
ထို့အပြင် ဧပြီလက မိတ်ဆက်ခဲ့သည့် Samsung ၏ နာမည်ကျော် Galaxy S5 ရောင်းအားမှာ လည်း ဈေးကွက်ရှယ်ယာ ကျဆင်းခြင်း၏ အကြောင်းအရာ တစ်ခုဖြစ်ခဲ့သည်။ Samsung Galaxy S5 ရောင်းချမှုသည် Galaxy S4 ရောင်းချမှုထက် ၄၀ ရာခိုင်နှုန်း လျော့နည်းခဲ့သည်။ Galaxy S5 ရောင်းအားသည် ယခုနှစ်တွင် အမေရိကန် ဈေးကွက်တစ်ခုတည်း၌ သာမြင့်တက်ခဲ့ပြီး ကျန်ဈေးကွက် အားလုံးတွင် ကျဆင်းခဲ့သည်။
၂၀၁၃ ခုနှစ် တတိယ သုံးလပတ်တွင် Samsung သည် မိုဘိုင်းဖုန်း ၁၁၇ သန်း ရောင်းချခဲ့ရသော်လည်း ပြီးခဲ့သည့် သုံးလပတ်တွင်မူ မိုဘိုင်းဖုန်း ရောင်းချမှု ၉၄ သန်းအထိ ကျဆင်းခဲ့ကြောင်း Gartner မှ ဖော်ပြခဲ့သည်။
Internet Journal