12/15/2014

♪ Samsung ရဲ့ မကြာမည်လာတော့မည့် Galaxy E5 နှင့် E7 တို့ရဲ့ Full Specification များပေါက်ကြား ♫


Samsung ရဲ့ Galaxy Series တွေထဲကမှာ Series တစ်ခုအသစ်မွေးဖွားရန် လုပ်ဆောင်နေချိန်တွင်သူတို့ရဲ့ မျိုးသစ်တစ်ခုအနေနဲ့ ထွက်ပေါ်လာမယ့် Galaxy E စီးရီး၏ specification များပေါက်ကြားခဲ့ရသည်။ ၄င်း Galaxy E စီးရီးထဲက model နှစ်မျိုးဖြစ်တဲ့ SM-E500 ( Galaxy E5) နှင့် SM-E700 (Galaxy E7) တို့ပဲဖြစ်ပါတယ်။

ဒီ model နှစ်မျိုးနဲ့ ပတ်သက်ပြီးတော့ တချို့သောသတင်းအချက်အလက်ကိုကြားသိခဲ့ရပါတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ Samsung Galaxy E7 ရဲ့ကောလဟာလသတင်းများထွက်ခဲ့ရပါတယ်။ 


ဤသတင်းများအရ Samsung ၏ Galaxy E7 သည် မျက်နှာပြင်အရွယ်အစားအနေနဲ့ 5.5 လက်မအရွယ်ရှိပြီး 720p Super AMOLED touch Screen ကိုအသုံးပြုထားပါတယ်။ ကင်မရာအပိုင်းအနေနဲ့လည်း Back Camera ကို 13 MP နဲ့ Front Camera ကို 5MP , RAM ကလည်း 2GB ပါဝင်ပါတယ်၊ built-in သိုလှောင်မှုကို 16GB နှင့် 2,950 mAh ဘက်ထရီနှင့်အတူထွက်ပေါ်လာလိမ့်မည်ဟုဖော်ပြထားပါတယ်။သူ့ရဲ့ processor ကလည်း Qualcomm Snapdragon 410 SocC ကို 1.2GHz Quad-Core CPU နဲ့ 7.2 mm သာရှိပြီး Android 5.0 Lollipop နဲ့လာမည်လို့ရေးသားထားပါတယ်

နောက် model တစ်ခုဖြစ်တဲ့ Galaxy E5 အနေနဲ့လည်း 5.5 လက်မအရွယ်အစားနဲ့ 720p Super AMOLED displayပါဝင်ပြီး၊ 8 MP ကင်ရာတစ်ခုနဲ့ 5 MP Front Facing ကင်မရာတစ်ခုပါဝင်ပါတယ်။ RAM က 2GB, internal storage ကို 16GB အထိနှင့် 2,300mAh ဘက်ထရီပါရှိမှာဖြစ်ပြီး၊ 6.9 mm သာအထူရှိပြီး 140g အလေးအချိန်သာရှိတဲ့အတွက်ကိုင်ရတာ အရမ်းလေမနေပဲ ပါးပါးလေးနဲ့ အဆင်ပြေမှာသေချာပါတယ်။ သူလည်း Galaxy E7 ရဲ့ Processor နဲ့မကွာခြားဘဲ Qualcomm Snapdragon 410 SocC ကို 1.2GHz Quad-Core CPU စနစ်ကိုသာသုံးထားမယ်လို့ပါရှိပြီး Android 5.0 Lollipop ကိုမောင်းနှင်းလာမှာဖြစ်ပါတယ်။


သူတို့ရဲ့ကိုယ်ထည်ကို သတ္တုဒြပ်စင်နဲ့ design ဆွဲထားပြီး hardware နဲ့ Specification ကအတော်လေး ဆင်တူပါတယ်။ နောက် battery ကိုလည်း non-removable ဘက်ထရီကို အသုံးပြုမယ်လို့ပါရှိပါတယ်။ ဒါကြောင့် Samsung ရဲ့ Galaxy E Series model နှစ်ခုရဲ့ကွာခြားချက်များကို တရားဝင်အတိအကျ မသိရှိရသေးပါဘူး။




<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com