12/07/2014

♪ MyanPay Online Payment စနစ်တွင် Mobile Banking စနစ်ဖြင့် ငွေဖြည့်သွင်းခြင်း စတင်အသုံးပြုနိုင် ♫

https://www.myanpay.com.mm/Images/MyanPayFlow.jpg

အွန်လိုင်းမှတစ်ဆင့် ငွေပေးချေခြင်း၊ ငွေလက်ခံခြင်းများ ဆောင်ရွက်နိုင်သည့် MyanPay Online Payment Gateway တွင် CB Bank ၏ Mobile Banking စနစ်အား စတင်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

MyanPay အသုံးပြုသူ၏ အကောင့်အတွင်းသို့ CB Bank Mobile Banking မှတစ်ဆင့် ငွေဖြည့်သွင်းခြင်း အား ဒီဇင်ဘာလ ၁ ရက်မှ စတင်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း၊ MyanPay အကောင့် အသုံးပြုရန်အတွက် ဘဏ်များဖြင့် ချိတ်ဆက်ဆောင်ရွက်ရခြင်းဖြစ်၍ ဘဏ်ဖွင့်ရက်တွင်သာ သွားရောက်ဆောင်ရွက်နိုင်ကြောင်း၊ ယခုအခါ CB Bank ၏ Mobile Banking စနစ်ဖြင့် ငွေထည့်သွင်းနိုင်ပြီဖြစ်၍ ဘဏ်သို့ သွားရောက်စရာ မလိုတော့ကြောင်း MyanPay ၏ တာဝန်ရှိသူက ပြောသည်။

“CB Bank ရဲ့Mobile Banking စနစ် အသုံးပြုတဲ့ မည်သူမဆို MyanPay အကောင့်ထဲကို ချက်ချင်းငွေ သွင်းပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်” ဟု ပြောသည်။

အင်တာနက် အသုံးပြုသူများ အနေဖြင့် MyanPay ငွေပေးချေမှု အကောင့်အား အင်တာနက်ပေါ်တွင် အခမဲ့ ဖွင့်နိုင်ပြီး မိမိ၏ MyanPay အကောင့်အတွင်းသို့ CB Bank ၏ Mobile Banking စနစ်မှ ငွေဖြည့်သွင်း၍ ချက်ချင်း အသုံးပြုနိုင်ကြောင်း သိရသည်။

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com