12/05/2014

♪ Meizu MX4 Pro ကို တရုတ်တွင် အမှာစာ ၆.၇ သန်း ရရှိ ♫

MX
Meizu က MX4 Pro ကို ပြီးခဲ့တဲ့လမှာ ကြေညာခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ ရောင်းချဖို့ အဆင်သင့်ဖြစ်နေ ပါပြီ။ Meizu က သူ့ရဲု့ဖုန်းကို တရုတ်မှာ မှာယူမှု ၆.၇ သန်းရရှိနေပြီလို့ ကြော်ညာဆိုင်းဘုတ်မှာ ကြွားလုံး ထုတ်ထားပါတယ်။

MX4 Pro ဟာ MX4 နဲ့ ဒီဇိုင်း တော်တော်ဆင်တူပါတယ်။ ဒါပေမယ့် MX4 Pro မှာ ပိုမိုမြန်ဆန်တဲ့ Exynox 5430 Chipset, 3GB RAM တပ်ဆင်ထားပါတယ်။ ၅.၅ လက်မမျက်နှာပြင်က တစ်လက်မလျှင် Pixel သိပ်သည်းဆ ၅၄၆ ဖြစ်ပါတယ်။ Resolution က 2560×1536 ဖြစ်ပါတယ်။

အနောက်ဘက်မှာ 20.7 MP နဲ့ မျက်နှာချင်းဆိုင်မှာ 5 MP Camera များတပ်ဆင်ထားပြီး NFC, Dual-Band WiFi 802.11ac, Android 4.4 KitKat များ အသုံးပြုနိုင်မှာပါ။ စွမ်းဆောင်ရည်မြင့် ဖုန်းဖြစ်ပြီး ဒေါ်လာ ၄၁၀ ဖြင့်ရောင်းချမှာ ဖြစ်ပါတယ်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com