12/15/2014

♪ ဒေါ်လာ တစ်ရာတန် Lenovo K3 ♫

1


Lenovo ၏ K3 ဟု အမည်ပေးထားသည့် တန်ဖိုးနည်း စမတ်ဖုန်းကို တရုတ် အရောင်းဆိုင် JD တွင် တွေ့ရှိရသည်ဟု သိရပါသည်။ Xiaomi ၏ စမတ်ဖုန်းများကဲ့သို့ပင် K3 ကို JD ၏ အွန်လိုင်း အရောင်းဆိုင်များမှသာ ရောင်းချမည့်ပုံပေါ်ပါသည်။ စမတ်ဖုန်း၏ ဈေးနှုန်းကို သက်သာစေရန်အတွက် အွန်လိုင်းမှသာ ရောင်းချသည့် ဈေးကွက်နည်းဗျူဟာကို Lenovo က အသုံးပြုမည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။ K3 သည် Xiaomi Redmi 1S နှင့် ယှဉ်ပြိုင်နိုင်ပါသည်။

Lenovo K3 သည် ဒေါ်လာ ၉၇ ၀န်းကျင်သာရှိသည့် စွမ်းဆောင်ရည်နိမ့် စမတ်ဖုန်း ဖြစ်ပါသည်။ K3 တွင် 1.2GHz Quad-Core Snapdragon 410 SoC, 1GB RAM, 16GB Internal Storage တပ်ဆင်ထားပြီး SD Card အသုံးပြုနိုင်ပါသည်။ ငါးလက်မ 1280×720 pixel IPS Display ၊ အနောက်ဘက်တွင် 8MP နှင့် အရှေ့ဘက်တွင် 2MP Camera တပ်ဆင်ထားပါသည်။ LTE ဆက်သွယ်မှုကို အသုံးပြုနိုင်မည်ဖြစ်သည်။ 2300mAh Battery တပ်ဆင်ထားပါသည်။ K3 သည် ဈေးနှုန်းအပိုင်းတွင် Xiaomi Redmi 1S နှင့် တူညီသော်လည်း Hardware အပိုင်းတွင် သာလွန်ပါသည်။

Lenovo K3 ကို လျှို့ဝှက်အမည် Music Lemon ဟု ပေးထားပြီး အနောက်ဘက်အခွံကို အ၀ါရောင် အသုံးပြုထားပါသည်။ K3 ကို တရုတ်တွင်သာမက အခြားနိုင်ငံများရှိ တန်ဖိုးနည်း စမတ်ဖုန်းဈေးကွက် တွင်ပါ ရောင်းချမည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။

Myanmar DigitalLife 

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 


www.pyaephyo.com