12/03/2014

ISO File Official များကို Poweriso Burning ဆော့ဝဲနဲ့ Windwos DVD အဖြစ် အလွယ်တကူ Brun ယူနည်း

ISO File Official များကို Poweriso Burning ဆော့ဝဲနဲ့ Windwos DVD အဖြစ် 
အလွယ်တကူ Brun ယူနည်း

မင်္ဂလာပါ
ဒီနေ့ ကျနော်ပြန်လည်မျှဝေချင်တာကတော့
Windows အားလုံးကို Poweriso နဲ့ အလွယ်တကူ Burn ယူနည်းလေးပါ
Burning software တွေကတော့ အများကြီးရှိကြပါတယ်။
အဲဒီအထဲကမှ ဒီနေ့ကျနော်ပြပေးချင်တာက Poweriso Burning လေးနဲ့
ISO File တွေကို Windows DVD အခွေကြီးအဖြစ် ဘယ်လို Burn ယူသလဲဆိုတာကို
အသေးစိတ်ရှင်းပြသွားမှာပါ။ သိထားရမှာက ဒီ Poweriso Burning ဆော့ဝဲဟာ
iso images တစ်ခုတည်းကိုသာ Burn ယူနိုင်တာ မဟုတ်သေးပဲ
ကျန်တဲ့ တစ်ခြား image files များကိုလည်း ကြိုက်သလို Burn ယူနိုင်ပါတယ်၊
ဒိပြင် Burning ဆော့ဝဲတွေ အင်စတောလုပ်စရာမလိုပါ။
ဒီနေရာမှာ တစ်ခုတောင်းဆိုချင်တာကကျနော် ဗီဒီယို Tutoiral များ မကြည်လင်တာ၊
သိပ်ရိုးရှင်းနေတာ မျိုးဖြစ်နေခဲ့ရင်တော့ နားလည်ပေးကြဖို့ကို
ဒီနေရာကနေ မေတ္တာရပ်ခံပါတယ်။ အကောင်းဆုံဖြစ်အောင်တော့ကြိုးစားပေးထားပါတယ်၊
နောက်များလည်း အဆက်မျှ ကောင်းသထက်ကောင်းအောင် လုပ်ပေးသွားမှာပါ
ကဲဗျာ Windwos အားလုံးကို Poweriso နဲ့ အလွယ်တကူ Brun ယူနည်း ဆိုတာကို
စလိုက်ကြရအောင်ပါ။

  Windwos အားလုံးကို Poweriso နဲ့ အလွယ်တကူ Brun ယူနည်း

၁။ Poweriso Burning လေးကို အရင်ဦးဆုံး ဒီမှာ ဒေါင်းလော့ယူလိုက်ပါ။
သို့-ဒီမှာ လည်းရယူနိုင်ပါတယ်။ Full Version ဖြစ်အောင် အင်စတော့
လုပ်နည်းကိုတော့ ဒီမှာ ၀င်ကြည့်ပေးပါ။

၂။ ဒေါင်းလော့ရလာမယ့် Zip ဖိုင်ကို Extra Here နဲ့ဖြေပါ၊
ဖိုင်ထဲမှာ 32/64 bit ဆိုပြီး နှစ်ခုရှိပါတယ်။ Key ကတော့ အတူတူပါ
ကိုယ့်ကွန်ပျူတာ က 32 ဆိုရင် 32bit Set up Application ကို Run as
administer အနေဖြင့် အင်စတောလုပ်ပါ၊ ပြီးရင် Key ထည့်ပေးလိုက်ပါ။

၃။ ISO File များကို Windows အဖြစ် Burn ယူမှာဖြစ်တဲ့အတွက်
ISO File Official များကို ဒေါင်းလော့ယူနည်းကို ဒီမှာ ၀င်ဖတ်ပေးပါ။

၎။ မိမိကွန်ပျူတာသို့ DVD အလွပ်တစ်ချပ်ထည့်ပါ၊ တကယ်လို့
ကွန်ပျူတာရဲ့ Hard Drive ကအလုပ်မလုပ်တော့ရင် Hard Drive သီးသန့်
နဲ့ ခွေထည့်ပေးလိုက်ပါ။

၅။ မိမိမှာ ISO File များ အသင့်ရှိပြီဆိုရင်တော့ Burning ဆော့ဝဲကိုဖွင့်ပါ။
၆။ File>>>Open>>>ကိုနှိပ်ပါ၊ မိမိကွန်ပျူတာမှာ သိမ်းဆဲထားတဲ့
ISO File ကို ရွေးပေးလိုက်ပါ။
၇။ Burn ဆိုတာကို ထပ်နှိပ်လိုက်ပါ။
၆။ Burn ဆိုတာကို နှိပ်လိုက်ပြီးတာနဲ့ ပရိုဂရမ်လေးတေစ်ခုပွင့်လာပါမယ်
အဲဒီအထဲမှာ ကျနော် ရွေးချယ်ရမယ့် နေရာတွေကို အနီရောင်လေးနဲ့
ဝိုင်းပြထားပါတယ်။
1. နေရာမှာ Image File ဖြစ်နေရပါမည်။
2. နေရာမှာ Hard Drive အရွေးသာမှန်ကန်ဖို့လိုပါတယ်၊
စောနားပြောသလို Hard Drive က သီးသန့်အပိုတစ်ခုနဲ့
Burn ယူတာဆိုရင်တော့Partition ခွဲထားသည့်အလျှောက်
F ဆိုရင် F သို့...G ဆိုရင်လည်း G ဆိုတာကို
ရွေးပေးလိုက်ပါ။
3. နေရာမှာ maximum speed ကိုသာရွေးချယ်ပေးပါ။
4။ Burn ဆိုတာကို နှိပ်လိုက်ပါ။
၇။ 1 to 100 အနေဖြင့် သူ့အလိုလို Burn ယူနေမှာဖြစ်ပါတယ်၊
အခွေ Burn ယူနေတုန်းလေး ကွန်ပျူတာထဲက ပရိုဂရမ်အသုံးပြုမှုကို
မလုပ်စေချင်ပါ၊ တစ်ခုခု Crack ဖြစ်သွားခဲ့ရင် ခွေတစ်ခွေ ဆုံးရှုံးသွားမှာဖြစ်ပါတယ်။
အားလုံး ပြီးလို့ Successful လို့ ပြရင် Exit ဆိုတာကိုနှိပ်လိုက်ပါ။
Burn လိုပြီးတာနဲ့ကို အခွေက သူ့အလိုလို စက်ထဲကနေ ထွက်လာမှာဖြစ်ပါတယ်
ခွေထွက်လာပြီးတဲ့အခါမှာတော့ မိမိ DVD ဟာ မက်လောက်စရာ
Windows အခွေကြီးဖြစ်နေပါလိမ့်မယ်။
ကြိုက်တဲ့ကွန်ပျူတာကို ၀င်းဒိုး အင်စတောလုပ်ယူနိုင်ပါပြီ။

ISO File Official များကို Poweriso Burning ဆော့ဝဲနဲ့ Windwos DVD
 အဖြစ် အလွယ်တကူ Brun ယူနည်းကို Youtube ကနေတင်ပေးထားပါတယ်
အောက်ကလင့်မှာ ၀င်ကြည့်ပေးပါ

How to burn Windows 7 DVD with Poweriso

အားလုံးပဲ ဘ၀ရဲ့အမောတွေပြေနိုင်ကြပါစေ

ခင်မင်လေးစားလျှက်


အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 







**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download