Huawei Honor 6 ထွက်ရှိခဲ့တာ တစ်လကျော်ရှိခဲ့ပြီဖြစ်ပြီး ယခုအခါ မှာတော့ Dual Camera စနစ်ပါဝင်တဲ့ Honor 6 Plus ထွက်ရှိလာခဲ့ပါတယ်။ ကိုယ်ထည်အမြင်ပိုင်းမှာ iPhone 6 Plus နဲ့ ခပ်ဆင်ဆင်ရှိပါတယ်။
ဒါပေမဲ့ iPhone မှာ မပေးစွမ်းနိုင်တဲ့ 8MP ပါ နောက်ဘက်ကင်မရာနှစ်လုံးတွဲ၊ များလှစွာသော ဘက်ထီရီပမာဏဖြစ်တဲ့ 3600mAh စတာတွေကို Huawei Honor 6 Plusမှာ ပေးစွမ်းထားပါတယ်။ Huawei Honor 6 Plusရဲ့ ကင်မရာနှစ်လုံးတွဲစနစ်ဟာ HTC One M8 ကလိုပဲ ဓာတ်ပုံရိုက်ပြီးတဲ့နောက်မှာ လိုတဲ့နေရာကို လိုသလို focus ပြန်ဖြတ်နိုင်မှာပဲဖြစ်ပါတယ်။
3D ပုံရိပ်တွေကိုလည်း ရိုက်ကူးနိုင်စေမှာပါ။ Kirin 925 Octa-core
processor ကိုအသုံးပြုထားပြီး သူ့မှာ ARM Coretex-A7 ၄လုံးနဲ့ Coretex A15
၎လုံးပါရှိပါတယ်။ ၅.၅ လက်မမျက်နှာပြင်အကျယ်မှာ Full-HD အဆင့်ဖြစ်တဲ့
1920x1080 ရုပ်ထွက်ကို ရရှိနိုင်မှာပါ။ RAM 3G, 1500:1 contrast ratio,
3600mAh, 32GB သိုလှောင်မှု၊ ဆင်းမ်ကတ် နှစ်ကတ်သုံး၊ 4G
ကွန်ရက်သုံးနိုင်ခြင်း စတဲ့ အချက်တွေကလည်း ၄င်းကို အလွန်အဆင့်မြင့်တဲ့
Smartphone ကောင်းတစ်လုံး ဖြစ်လာစေခဲ့ပါတယ်။