ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ စမတ်ဖုန်းကတော့ Nokia ရဲ့ ဈေးသက်သာ ပြီး
မျက်နှာပြင်ကျယ်တဲ့ Window ဖုန်း Lumia 535 ပဲဖြစ်ပါတယ်။ ဒီဖုန်းရဲ့
မျက်နှာပြင်ကတော့ Gorilla Glass 3 နဲ့ ပြုလုပ်ထားတဲ့ 540 x 960 pixel
ကြည်လင်ပြတ်သားမှုရှိတဲ့ ၅ လက်မ ကျယ်ဝန်းတဲ့ မျက်နှာပြင်ပဲဖြစ်ပါတယ်။
သူ့ရဲ့ CPU အနေနဲ့ကတော့ 1.2GHz quad-core Cortex-A7 ဖြစ်ပြီး Adreno 302 GPU နဲ့ Snapdragon 200 chipset လည်း ပါဝင်ပါတယ်။ 1GB ရှိတဲ့ RAM လည်းပါဝင်ပါတယ်။ Dual SIM ဖြစ်တဲ့အတွက် Sim ကတ် ၂ ကတ်ကို အတူ အသုံးပြုနိုင်ပါတယ်။
ကင်မရာအနေနဲ့ကတော့ 5 MP ရှိပြီး 480p ဗီဒီယို ကို ရိုက်ကူးနိုင်သလို အရှေ့ကင်မရာကလည်း 5MP အထိ ပါဝင်နေပြန်ပါတယ်။ သိုလှောင်ပမာဏကတော့ GB အထိ မူလပါဝင်ပြီး 128 GB အထိ microSD ကတ်တွေကို လက်ခံနိုင်ပါတယ်။ အင်တာနက်နဲ့ချိတ်ဆက် သိုလှောင်မယ်ဆိုရင်တော့ 15GB ရရှိနိုင်ပါသေးတယ်။ သူ့ရဲ့ ဘက်ထရီကတော့ 1,905mAh Li-Ion ဘက်ထရီဖြစ်ပါတယ်။
သူ့ရဲ့အားနည်းချက်တွေကို ရွေးထုတ်ပြရရင်တော့ Window ဖုန်းတွေရဲ့ ထုံးစံအတိုင်း ကင်မရာ အားနည်းချက်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Sim ကတ် ၂ ကတ် သုံးနိုင်တဲ့ Dual SIM ဖုန်းတစ်လုံးအတွက် သူ့ရဲ့ ဘက်ထရီ သက်တမ်းက နည်းနေပါတယ်။ အရောင်ကတော့ အဖြူ ၊အမည်း ၊ အပြာ ၊ အ၀ါ ၊ အစိမ်း ၊ မီးခိုး ၆ ရောင်ရှိပါတယ်။အလေးချိန်ကတော့ ၅.၁၅ အောင်စလေးပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၁၈၀ ၀န်းကျင်သာ ရှိပါတယ်။