12/24/2014

♪ Fingerprint Sensor ပါရှိသော Laptop များ လာမည် ♫

5

Laptop များ၏ Trackpad များကို ဦးဆောင်တီထွင်နေသော Synaptics က Fingerprint Sensor တပ်ဆင်ထားသော SecurePad အမည်ရ Trackpad များကို ထုတ်လုပ်ရောင်းချမည်ဟု ကြေညာပါသည်။ iPad Mini 3 နှင့် Galaxy S5 တို့တွင် တပ်ဆင်ထားသော Sensor များနှင့် တူညီသည်ဟု သိရပါသည်။

Laptop ရှိ Fingerprint Sensor ဖြင့် Log In ပြုလုပ်ခြင်း၊ အွန်လိုင်းတွင် ဈေးဝယ်ခြင်းများကို ပြုလုပ်နိုင် မည် ဖြစ်သည်။ Synaptics သည် Google, Microsoft, Qualcomm, Samsung, Lenovo, Dell, Netflix တို့ကဲ့သို့ နည်းပညာ ကုမ္ပဏီကြီးများနှင့် ငွေပေးချေမှု နယ်ပယ်မှ Visa, MasterCard, Bank of America, PayPal တို့က အထောက်အပံ့ပေးနေသော Fast Identity Online Alliance ၏ အဖွဲ့ဝင်လည်း ဖြစ်ပါ သည်။

Synaptics က Laptop ထုတ်လုပ်သူများအတွက် SecurePad Sensor ကို စတင် အသုံးပြုနိုင်ပြီဟု ပြောပါ သည်။ မည်သည့် Laptop ထုတ်လုပ်သူများက SecurePad ကို အသုံးပြုမည်ဆိုသည်ကို မသိရသေးပါ။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com