Facebook က သူ၏ လူမှုကွန်ရက်သို့ Upload ပြုလုပ်သော ဓါတ်ပုံများကို အရည်အသွေးပိုမိုကောင်း မွန်စေရန် အလိုအလျှောက် ပြုပြင်ပေးလိုက်ပြီ ဖြစ်သည်။ Facebook ၏ Tool အသစ်သည် ဓါတ်ပုံ၏ အလင်းအမှောင်နှင့် ကြည်လင်ပြတ်သားမှုကို ပိုမို ကောင်းမွန်စေရန် ပြုလုပ်ပေးနိုင်ပါသည်။
မိုဘိုင်းဖုန်းမှနေ၍ ဓါတ်ပုံတင်သည့်အခါတွင် Facebook က ဓါတ်ပုံကို ပိုမိုကောင်းစေရန် ပြုပြင်ပေး မည်ဟု ပြောပြီး သူ၏ ပြုပြင်မှုကို အသုံးမပြုချင်လျှင် တုတ်ချောင်း ခလုတ်ကို နှိပ်ရမည် ဖြစ်သည်။ Tool အသစ်ကို လုံးဝ အသုံးမပြုချင်လျှင် Video and Photos Settings ထဲတွင် Off ပြုလုပ်နိုင်ပါသည်။
Facebook ၏ Tool အသစ်ကို iOS တွင် ယနေ့ စတင်အသုံးပြုနိုင်ပြီ ဖြစ်ပြီး Android တွင် မကြာမီ အသုံးပြုနိုင်မည်ဟု သိရပါသည်။