Facebook က ဓါတ်ပုံများတွင် သူ၏ စတစ်ကာများကို ထည့်သွင်းနိုင်သည့် Stickered App ကို ဖြန့်ချီပေးလိုက်ပါသည်။ Stickered App တွင် ရိုက်ကူးထားပြီးသော ဓါတ်ပုံများတွင် စတစ်ကာများ ထည့်သွင်းနိုင်သကဲ့သို့ စတစ်ကာများ ထည့်သွင်း၍ တိုက်ရိုက် ဓါတ်ပုံရိုက်ကူးနိုင်ပါသည်။
စတစ်ကာများထည့်သွင်းထားသည့် ဓါတ်ပုံများ ပြုလုပ်ပြီးလျှင် Stickered App မှပင် Messenger တွင် ပေးပို့နိုင် သကဲ့သို့ ဖုန်းတွင် သိမ်းဆည်းနိုင်ပါသည်။
Stickered App အပြင် Facebook က Messenger App ကိုလည်း Update ပြုလုပ်ပေးလိုက်ပါသည်။ Update တွင် နှစ်သစ်ကူးရာသီတွင် Selfie များပြုလုပ်ရန် ဓါတ်ပုံဖရိန်များ၊ နှင်းခဲပုံသဏ္ဍာန် Chat Head နှင့် Holiday-Themed Sticker Packs များပါရှိပါသည်။
Stickered for Messenger ကို Play Store မှ ရယူနိုင်ပြီ ဖြစ်ပြီး iOS အတွက် မကြာမီ ဖြန့်ချီပေး မည် ဖြစ်သည်။
Download Stickered for Messenger