12/23/2014

♪ ATM ငွေထုတ်စက်များမှ ငွေလိမ် ထုတ်ယူသည့် နိုင်ငံခြားသားများအား အရေးယူထား ♫

http://www.asrisk.com/portals/0/ATM%20SM.jpg

ATM ငွေထုတ်စက်များမှ ငွေလိမ်ထုတ်ယူသူများအားအရေးယူထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနဝက်ဘ် ဆိုက်မှ သတင်းထုတ်ပြန်သည်။

နိုင်ငံခြားသားငါးဦးအား ဖမ်းဆီးအရေးယူထားကြောင်း၊ နိုဝင်ဘာလ ၂၂ ရက်က နိုင်ငံခြားသားတစ်ဦးမှ ငွေ ထုတ်ကတ် အတုဖြင့် ငွေထုတ်ယူနေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော် ထုတ်ချက်အရ ၎င်းနှင့်အတူ အခြားနိုင်ငံခြားသား လေးဦးတို့ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကဘဏ် ခြောက်ခု၏ ATM ငွေထုတ်စက်များမှ ၅၈ ကြိမ် ထုတ်ယူ ခဲ့ကြောင်း ဖော်ထုတ်ရရှိခဲ့သည်ဟု ဒီဇင်ဘာလ ၂၁ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ ပြစ်မှုကျူးလွန်သူ နိုင်ငံခြားသားလေးဦးအား ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် ငွေ ထုတ်ကတ်အတု ၃၅ ကတ်၊ Memory Card နှစ်ခု၊ iPad တစ်လုံး၊ Laptop တစ်လုံးနှင့်အတူ မြန်မာငွေကျပ် ၂၅၂ သိန်းကျော်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကျန်တစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရ သည်။

ဒီဇင်ဘာလ ၁၃ ရက်တွင် ပုဂ္ဂလိကဘဏ်တစ်ခု၏ ATM စက်အနီး နိုင်ငံခြားသားတစ်ဦးအား ငွေထုတ်ကတ် အတုဖြင့် ငွေထုတ်ရန် ကြံစည်နေကြောင်း စစ်ဆေးတွေ့ရှိရကြောင်း၊ ၎င်းအား အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း ထုတ်ပြန်ထားသည်။ စုစုပေါင်း နိုင်ငံခြားသားငါးဦးအား ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရ မိခဲ့ကြောင်း ဖော်ပြထားသည်။ ပြစ်မှုကျူးလွန်သူများသည် ပြည်ပ မှ ငွေထုတ်ကတ် ကုတ်နံပါတ်များကို နည်းပညာများဖြင့် ရယူခဲ့ပြီး ငွေထုတ်ကတ်အတု ပြုလုပ် ကာ မြန်မာနိုင်ငံ အတွင်းရှိ ATM ငွေထုတ်စက်များမှ ငွေများ လိမ်လည်ထုတ်ယူခဲ့ကြခြင်း ဖြစ်ကြောင်း၊ ယင်းငွေထုတ်ကတ် အတုများဖြင့် ထုတ်ယူခဲ့သောငွေများမှာ မြန်မာနိုင်ငံသား ငွေစုရှင်များ၏ အစုရှယ်ယာ များနှင့် ပုဂ္ဂလိကဘဏ် အသီးသီးတို့မှ ထိခိုက်နစ်နာမှုမရှိဘဲ စိစစ်ဆဲ အခြားနိုင်ငံခြားသားများ ၏ ငွေစာရင်းများနှင့် မြန်မာနိုင်ငံ ပုဂ္ဂလိက ဘဏ်များနှင့် ချိတ်ဆက်ထားသည့် VISA ကုမဏီတို့မှ ဆုံးရှုံး ခဲ့ခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရသည် ဟု သိရသည်။

ATM ငွေထုတ်စက်များသည် သက်ဆိုင်ရာ နိုင်ငံခြားငွေကြေး အဖွဲ့အစည်းများမှ တာဝန်ယူတပ် ဆင်ပေးသောစက်များသာဖြစ်ပြီး အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ ဘဏ်များ၏ အားနည်း ချက်ကြောင့် မဟုတ်ဘဲ ATM စက်များ၏ အားနည်းချက်ကြောင့်ဖြစ်ရာ အဆိုပါ အားနည်းချက်အပေါ် အခွင့်ကောင်းယူပြီး နည်းပညာ ကျွမ်းကျင်သည့် နိုင်ငံခြားသား ပြစ်မှုကျူးလွန်သူများက ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း ထုတ်ပြန် ထားသည်။
Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 


www.pyaephyo.com