12/11/2014

♪ စက္ကန့်သုံးဆယ်အတွင်းစမတ်ဖုန်းကို အားအပြည့်သွင်းပေးနိုင်သောဘက်ထရီ ♫

4

အစ္စရေး အခြေစိုက် StoreDot ကုမ္ပဏီက စက္ကန့်သုံးဆယ်အတွင်း စမတ်ဖုန်းကို အားသွင်းပေးနိုင်သော ဘက်ထရီကို တီထွင်လိုက်ပါသည်။ အဆိုပါ ဘက်ထရီသည် အီလက်ထရစ်ကားများကို မိနစ်ပိုင်းအတွင်း အားသွင်းပေးနိုင်ရန် အဆင့်မြှင့်တင်နိုင်မည် ဖြစ်သည်။

အစ္စရေးနိုင်ငံ Tel Aviv တွင် ကျင်းပသော Microsoft Think Next Conference တွင် ဘက်ထရီကို သရုပ်ပြသခဲ့ပြီး အားလုံးဝ မရှိသော Samsung Galaxy S4 ကို ၂၆ စက္ကန့်ဖြင့် အားအပြည့်သွင်းပေးနိုင် သည်ကို တွေ့ရပါသည်။ ထိုကဲ့သို့ အားသွင်းပေးရန် တစ်စက္ကန့်လျှင် 100mAh ပံ့ပိုးပေးရခြင်း ဖြစ်ပါသည်။

StoreDot ကဘက်ထရီကို ၂၀၁၆ ခုနှစ်တွင် ရောင်းချနိုင်ရန် မျှော်လင့်ထားပါသည်။ ယခုအချိန်တွင်မူ ဘက်ထရီသည် ကြီးမားသည့် အတွက် စမတ်ဖုန်းများတွင် ထည့်သွင်းနိုင်လောက်သော အရွယ်အစား ရရှိရန်တီထွင်ရမည် ဖြစ်သည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com