8/08/2017

♪ “ကင်မရာငါးလုံးပါမယ့် Vivo XPlay 7” ♫

Image may contain: phone and text

Vivo ရဲ့ နောက်ထုတ်မယ့် XPlay 7 စမတ်ဖုန်းမှာကင်မရာငါးလုံး တပ်ဆင်ထားမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ Vivo XPlay 7 ရဲ့ အနောက်ဘက်မှာကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာကင်မရာ ၂ လုံး တပ်ဆင်ထားမယ်လို့ သိရပါတယ်။ အနောက် ကင်မရာများကိုဒေါင်လိုက် တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် Vivo XPlay 7 မှာ On-Screen Fingerprint Scanner တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ On-Screen Fingerprint Scanner ဟာစကရင်အောက်မှာလက်ဗွေရာအာရုံခံကိရိယာကိုထည့်သွင်းထားခြင်း ဖြစ်ပါတယ်။ Vivo XPlay 7 ဟာ On-Screen Fingerprint Scanner ပါတဲ့ ပထမဆုံးစမတ်ဖုန်း ဖြစ်လာနိုင်ပါတယ်။

ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းများအရ Vivo XPlay 7 အတွက် အဖြူ၊ အနက်နဲ့ ရွှေရောင်များထုတ်လုပ်ပေးထားမှာ ဖြစ်ပါတယ်။ အခြား Specifications များရဲ့ သတင်းကိုတော့ မသိရသေးပါဘူး။ ရောင်းချမယ့် အချိန်ကိုလည်းမသိရသေးပေမယ့် လာမယ့်နှစ် အစပိုင်းမှာရောင်းချနိုင် ပါတယ်။ Vivo XPlay 7 ဟာယခင်နှစ် နိုဝင်ဘာလမှာ မိတ်ဆက်ခဲ့တဲ့ Vivo XPlay 6 ရဲ့ မျိုးဆက် ဖြစ်ပါတယ်။ 




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com