8/08/2017

♪ “EntireView Display တပ်ဆင်ထားမယ့် Huawei Mate 10” ♫

Image may contain: phone and text

ယခုနှစ်ထုတ် စမတ်ဖုန်းများမှာ Full-Screen Display များတပ်ဆင် ထားကြပြီးကုမ္ပဏီများကသူတို့ရဲ့ မျက်နှာပြင်များကိုအမည်အမျိုးမျိုးပေး ထားကြပါတယ်။ Samsung Galaxy S8 မှာ Infinity Display ,XiaomiMi Mix မှာ Bezel-Less , LG G6 မှာ Full Vision Display စတဲ့ အမည် များဖြစ်ကြပါတယ်။

အောက်တိုဘာလ ၁၆ ရက်နေ့မှာမိတ်ဆက်မယ်လို့ သတင်းထွက်နေတဲ့ Huawei Mate 10 မှာလည်း Full-Screen Display တပ်ဆင်ထားမယ်လို့ သတင်းထွက်နေပြီးပေါက်ကြားထွက်ပေါ်လာတဲ့ မှတ်ပုံတင် စာရွက် စာတမ်းများအရအဲဒီမျက်နှာပြင်ကို EntireView Display လို့ အမည်ပေး ထားမှာ ဖြစ်ပါတယ်။ မကြာခင်ကလည်းကုမ္ပဏီရဲ့ Consumer Division မှ အကြီးအကဲ Richard Yu က Mate 10 မှာ Full-Screen Display တပ်ဆင်ထားမယ်လို့ အတည်ပြုထားပါတယ်။

ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းအရ Mate 10 ကိုမော်ဒယ်နှစ်မျိုး ထုတ်လုပ်ပေးထားမှာ ဖြစ်ပြီး Mate 10 ($1041) နဲ့ Mate 10 Lite ($550) တို့ ဖြစ်ကြပါတယ်။ Mate 10 မှာ ၆.၁ လက်မမျက်နှာပြင်နဲ့ Mate 10 Lite မှာ ၅.၈ လက်မမျက်နှာပြင် ပါမယ်လို့ မျှော်လင့်ရပါတယ်။ ဖုန်းနှစ်လုံး စလုံးရဲ့ Aspect Ratio ဟာ 18:9 ဖြစ်ပြီး 2K Resolution များဖြစ်နိုင်ပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com