8/08/2017

♪ ၁၃၅,၀၀၀ကျပ် ၀န်းကျင် တန်ကြေးရှိ “နေရောင်ခြည် စွမ်းအင်သုံး Power Bank” ♫

Image may contain: phone and text

စမတ်ဖုန်းများကိုနေရာမရွေးအားသွင်းပေးနိုင်တဲ့ Power Bank များဟာအလွန် အသုံးဝင်ပါတယ်။ ဒါပေမယ့် သူတို့ကိုအားပြန်ဖြည့်ပေးရ တာကအလုပ်ရှုပ်စေပါတယ်။ သူတို့ကိုနေရောင်ခြည် စွမ်းအင်ကနေ အားဖြည့်ပေးနိုင်ရင်တော့ အဆင်ပြေမှာပါ။ ဒီလိုလုပ်ပေးနိုင်တာက SolarJuice 26800mAH External Solar Battery ဖြစ်ပါတယ်။

SolarJuice မှာသမားရိုးကျ USB Port ၂ ခု၊ USB-C Port ၁ ခုနဲ့ micro-USB Port ၁ ခုတပ်ဆင်ထားပါတယ်။ အဲဒီအတွက် Device များစွာကို တစ်ပြိုင်နက် အားဖြည့်ပေးနိုင်ပါတယ်။Power Bank မှာအားအပြည့်ရှိနေ ရင် iPhone 7 Plus ကို ၉ ကြိမ် အားအပြည့်ဖြည့်ပေးနိုင်ပါတယ်။

SolarJuice ကိုအကြမ်းခံအောင် ဖန်တီးထားပြီးတုန်ခါမှုဒဏ်ကိုခံနိုင်ပါ တယ်။ မိုးရေစိုခံသလိုဖုန် မ၀င်အောင်ကာကွယ်ပေးနိုင်ပါတယ်။ အားသွင်း ပလက်ပေါက်များနဲ့ ဝေးတဲ့ အရပ်ဒေသများသို့ ခရီးမကြာခဏသွား သူများအတွက် သူကအလွန် အသုံးဝင်ပါတယ်။ သူ့မှာ Maximum Brightness, Low Brightness, Strobe , SOS စတဲ့ မတူညီတဲ့ Mode ၄ မျိုးပါတဲ့ ဓါတ်မီးလည်းပါရှိပါတယ်။ ဒေါ်လာ ၁၀၀ သတ်မှတ်ထားပြီး မြန်မာငွေ အားဖြင့် ၁၃၅,၀၀၀ကျပ် ၀န်းကျင် တန်ကြေးရှိပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com