8/06/2017

♪ " သိပ္ပံပညာရှင်များ အားမကုန်တဲ့ ဘက်ထရီကို တီထွင်နေ " ♫

No automatic alt text available.

ကမ္ဘာ့ပထမဆုံး ဘက်ထရီကို လွန်ခဲ့တဲ့နှစ်ပေါင်း 200 ကျော်က Alessandro Volta ဆိုသူက တီထွင်ခဲ့ပါတယ်။ ဒီနေ့ခေတ် ဘက်ထရီများဟာ ကမ္ဘာ့ပထမဆုံး ဘက်ထရီထက် စွမ်းရည်အလွန်မြင့်မားလာကြပေမယ့် လိုအပ်ချက်များ ရှိနေပါသေးတယ်။ စမတ်ဖုန်းများကို အသုံးပြုဖို့ နေ့စဉ်အားသွင်းပေးနေရတဲ့ အခက်အခဲများက ဘက်ထရီများရဲ့ စွမ်းရည်နိမ့်ကျမှုကို ဖော်ပြနေပါတယ်။ 

အခုတော့ Drexel University’s College of Engineering မှ သိပ္ပံပညာရှင်များက အားမကုန်တဲ့ ဘက်ထရီကို ဖန်တီးနိုင်မယ့် အထူးဒြပ်ထုတစ်ခုကို ပြုလုပ်နေပါတယ်။ ဒြပ်ထုရဲ့အမည်မှာ MXene ဖြစ်ပါတယ်။ အဲဒီဒြပ်ထုဖြင့် ပြုလုပ်ထားတဲ့ ဘက်ထရီများကို စက္ကန့်ပိုင်းအတွင်းမှာ အားအပြည့် ဖြည့်ပေးနိုင်ပါတယ်။ တစ်နည်းအားဖြင့် အားမကုန်တဲ့ ဘက်ထရီဖြစ်ပြီး 2020 ခုနှစ်လောက်မှာ အဲဒီဘက်ထရီပါတဲ့ စမတ်ဖုန်းများကို အသုံးပြုနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ “ပါးလွှာတဲ့ MXene Electrodes များကို MXene ရဲ့ ဆယ်ပုံပုံတစ်ပုံအတွင်းမှာ အားဖြည့်နိုင်တာကို သရုပ်ပြခဲ့ပါတယ်။ ဒါဟာ MXene ရဲ့ လျှပ်ကူးမှုစွမ်းရည်ဟာ အလွန်မြင့်မားခြင်းကြောင့် ဖြစ်ပါတယ်။

သူ့ကို စက္ကန့်ပိုင်းအတွင်းမှာ အလွန်လျင်မြန်စွာ အားသွင်းပေးနိုင်ပါတယ်။ သူဟာ သမားရိုးကျ ဘက်ထရီများထက်လည်း ပမာဏပိုမိုများပြားစွာ သိုလှောင်နိုင်ပါတယ် ” လို့ Drexel မှ သိပ္ပံပညာရှင်အဖွဲ့ကို ဦးဆောင်သူ Dr Yuri Gogotsi က ပြောပါတယ်။ ဒီနည်းပညာက အလွန်ပါးလွှာတဲ့ အီလက်ထရောနစ် ကိရိယာများကို တီထွင်ဖို့နဲ့ ဘက်ထရီသက်တမ်းတိုတောင်းတဲ့ အီလက်ထရစ်ကားများအတွက်လည်း အသုံးဝင်လာမှာ ဖြစ်ပါတယ်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com