7/31/2017

Word, Power Point, Exel, စသည်တို့ကိုသုံးကြည့်ချင်ရင် Microsoft Word 16.0.8326.2049 Latest APK


ဖုန်းတွေကို ဘာလို့စမတ်ဖုန်းလို့ခေါ်လည်းဆိုရင်..သူတို့တွေက...PC တစ်ခုလို..အလုပ်လုပ်နိုင်လို့..ခုလည်းကြည့်လေ..သေးငယ်တဲ့ Android ဖုန်းတွေမှာတောင်..Microsoft Office တွေကိုသုံးလို့ရမယ်ဆိုတော့...ဖုန်းတစ်လုံးရဲ့..စွမ်းဆောင်ရည်ဟာ..PC တစ်လုံးနဲ့သိပ်မကွာတော့ဘူးဆိုတော သက်သေထူနေပါပြီ...တကယ်တော့..တစ်ချို့သော..အရာတွေဟာ..PC မှာမလုပ်တာတွေကိုတောင်..လုပ်နိုင်ပါတယ်...တကယ်တော့လည်း ယခုအချိန်ဟာ..PC ခေတ်လွန် Mobile ခေတ်ထဲ လုံးလုံးလျားလျားဝင်သွားပါပြီ..PC ဆိုတာ..လုပ်ငန်းကိုင်ငန်းမှာသာ သုံးတဲ့အဆင့်ထဲမှာ ကျန်ခဲ့ပါပြီ....လူတွေအပျော်အားနေသမျှ..ကလစ်နေကြတာကတော့ Mobile ပါ..PC ဆိုတာ လူတွေအတွက်...ဖျော်ဖြေရေးအတွက်..အသုံးမလိုတော့သလိုဖြစ်သွားရရှာလေပြီ..PC ရဲ့နေရာတော်တော်များများကို..Mobile ကနေရာယူသွားရှာလေပြီ...
အခုတင်ပေးလိုက်တဲ့...Microsoft Office ဟလည်းတစ်ချိန်တုန်းကဆိုရင် သေးငယ်တဲ့ Mobile တွေမှာသုံးနိုင်လာလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ..ဒါပေမဲ့အခုတော့ အဲ့ဒီမထင်ခဲ့တာတွေဟာ..တကယ်ဖြစ်လာခဲ့ပြီလေ...သူငယ်ချင်းများအနေဖြင့် မိမိဖုန်းမှာ Word, Power Point, Exel, စသည်တို့ကိုသုံးကြည့်ချင်ရင်တော့ဖြင့်..အောက်က Download ဆိုတာလေးကို ကလစ်ပြီး ဒေါင်းယူလိုက်ကြနော်...အားလုံးအဆင်ပြေပါစေ....


File Size: 57mb
Version: 15.0.3722.2000
Required Android : 4.0 and up
ဝင်းလှိုင်-နည်းပညာ









<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

7/29/2017

♪ မြန်မာလူငယ်များပါဝင်သော စက်ရုပ်အသင်းသည်ကမ္ဘာ့ အကောင်းဆုံး အဆင့် ၁၀ အတွင်းရရှိ ♫


ကမ္ဘာ့ပထမဦးဆုံး အပြည်ပြည်ဆိုင်ရာ စက်ရုပ်ပြိုင်ပွဲဖြစ်သော “FIRST Global Robotics Olympics” သို့ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ကျောင်းသား ၊ ကျောင်းသူ ၇ ဦး ပါဝင်သော အဖွဲ့မှ သွားရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲဝင်နိုင်ငံပေါင်း ၁၆၃ နိုင်ငံရှိသည့်အနက် မြန်မာအသင်းဟာ အဆင့် ၆ ရရှိခဲ့တယ် လို့ သိရပါတယ်။

အဲဒီ ပြိုင်ပွဲကို အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ  “Constitution Hall တွင် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ သုံးရက်တိုင်တိုင်ကျင်းပပြုလုပ်ခဲ့ပြီး ကမ္ဘာ့တိုက်ကြီးခြောက်ခုရှိ နိုင်ငံပေါင်း ၁၀၀ ကျော်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ် လို့ ဆိုပါတယ်။ ပြိုင်ပွဲ ရဲ့ ရည်ရွယ်ချက်မှာ ကမ္ဘာတစ်ဝန်းမှ လူငယ်များ၏ သိပ္ပံနှင့် နည်းပညာနယ်ပယ်အတွင်း နည်းပညာအသစ်တွေကို ကို တီထွင်ကြံစရန် စိတ်အားထက်သန်မှုကို  မြေတောင်မြှောက်ပေးလိုတဲ့ ရည်ရွယ်ချက်ဖြင့်ျကင်းပပြုလုပ်ခြင်းဖြစ်တယ် လို့ ဆိုပါတယ်။

FIRST Global Robotics Olympics သို့ မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်ရန် ပြိုင်ပွဲမတိုင်မှီ လူရွေးချယ်မှုများပြုလုပ်ခဲ့ရာ အထက်တန်းကျောင်းများ၊တက္ကသိုလ် မှ (အသက် ၁၅ မှ ၁၈ အတွင်းရှိ) ကျောင်းသူ ကျောင်းသားများထံမှ လျှောက်လွှာ ၅၀ ကျော်ကျော် လက်ခံရရှိခဲ့ပြီး ဖန်တီးရာ Myanmar Innovation Lab သည် USAID ရဲ့ ပူးပေါင်းပါဝင်ကူညီမှုဖြင့် မြန်မာနိုင်ငံကိုကိုယ်စားပြုမည့် အသင်းကို စေလွှတ်နိုင်ခဲ့တယ် လို့ သိရပါတယ်။

First Global မှကြိုတင် ပေးအပ်သော စက်ပစ္စည်းများဖြင့် ခေတ်မှီပြီးစွမ်းရည်ပြည့်ဝတဲ့ စက်ရုပ်တစ်ခုကို ဖန်တီးရာတွင် ပြုလုပ်ခဲ့ကြပြီး လိုအပ်သော နည်းစနစ်ပိုင်းဆိုင်ရာအကူအညီများနှင့် လမ်းညွှန်ပြသမှုများကို လည်း ဖန်တီးရာမှ ကူညီခဲ့တယ် လို့ သိရပါတယ်။.




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

♪ Android မှာ ငွေရှာနိုင်မယ့် အကောင်းဆုံး Apps များ ♫


သင့်ရဲ့ စမတ်ဖုန်းဟာ ဖုန်းပြောခြင်း၊ အင်တာနက် သုံးခြင်းများအတွက် ငွေကြေးကုန်ကျစေတဲ့ ကိရိယာ ဖြစ်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ စမတ်ဖုန်းကနေ ငွေရှာနိုင်တယ်ဆိုတာကိုတော့ သိတဲ့ လူ နည်းပါးပါတယ်။ Google Play Store မှာ ငွေရှာပေးနိုင်တဲ့ App များစွာ ရှိတဲ့ အထဲကမှ အကောင်းဆုံးများကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Google Opinion Rewards



သင့်အတွက် ငွေရှာပေးမယ့် Google ရဲ့ App တစ်ခုက Google Opinion Rewards ဖြစ်ပါတယ်။ သူ့မှာ စစ်တမ်းများကို ဖြေဆိုပေးရုံနဲ့ Google Play Credit ကို ရရှိနိုင်ပါတယ်။ စစ်တမ်းအသစ်တစ်ခု ရောက်လာတာနဲ့ သင့်ကို Notification ပေးပို့မှာပါ။ အချိန် ခဏပေးရုံနဲ့ စစ်တမ်းများကို ဖြေဆိုနိုင်ပါတယ်။ စစ်တမ်း ဖြေဆိုလို့ ရလာတဲ့ Play Store Credit ဖြင့် Play Store မှာ Apps, Music နဲ့ အခြား အရာများကို ၀ယ်ယူနိုင်ပါတယ်။ စစ်တမ်း အများစုဟာ အချိန်ကန့်သတ်ချက်ရှိတဲ့အတွက် အချိန်သိပ်မဆွဲဖို့ အကြံပေးလိုက်ပါတယ်။
Download

၂။ PiniOn


PiniOn မှာ Service, Brands, Products များနဲ့ ပတ်သက်တဲ့ သဘောထားများကို ဖြေဆိုခြင်းဖြင့် ၀င်ငွေရရှိနိုင်ပါတယ်။ အလုပ်များကို လျှင်မြန် လွယ်ကူစွာ လုပ်ဆောင်နိုင်ပါတယ်။ အလုပ်များ လုပ်ဆောင်လေလေ၊ သင့်အတွက် အလုပ်များပိုမို ရရှိလေလေ ဖြစ်ပါတယ်။ ရရှိတဲ့ ငွေကြေးများကို သင့်ရဲ့ ဘဏ်အကောင့် သို့မဟုတ် PayPal အကောင့်သို့ လွှဲပြောင်းနိုင်ပါတယ်။
Download

၃။ Freelancer


Freelancer ကတော့ မိနစ်ပိုင်းအတွင်း ငွေရှာနိုင်မယ့် App မဟုတ်ပါဘူး။ သင့်မှာ ကျွမ်းကျင်မှု တစ်ခု ရှိရမှာ ဖြစ်ပြီး Freelance Jobs များကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အလုပ်ရှင်များရဲ့ စီမံကိန်းများကို ပြီးစီးအောင် လုပ်ပေးမယ့် အချိန်နဲ့ တကွ သင့်ရဲ့ ကျွမ်းကျင်မှုကို တင်ပြ၍ အလုပ်လျှောက်ရမှာဖြစ်ပါတယ်။ သူတို့ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီရင်တော့ သင့်ကို ငှားရမ်းမှာပါ။
Download

၎။ MintCoins


MintCoins မှာ Apps များကို ဒေါင်းလုပ်လုပ်ခြင်း၊ ဗီဒီယိုများ ကြည့်ခြင်း၊ ၀က်ဆိုက်များမှာ အကောင့်လုပ်ခြင်း၊ စစ်တမ်းများ ဖြေခြင်း၊ သူငယ်ချင်းများကို ဖိတ်ခေါ်ခြင်းဖြင့် ငွေရှာနိုင်ပါတယ်။ ၁ ဒေါ်လာပြည့်တာနဲ့ သင့်ရဲ့ PayPal အကောင့်ထံ လွှဲပြောင်းနိုင်ပါတယ်။
Download

၅။ AppCasher


AppCasher မှာ Apps များကို အင်စတောလုပ်ခြင်း၊ အသုံးပြုခြင်းဖြင့် အမှတ်များ ရနိုင်ပါတယ်။ အမှတ်များကို Gift Cards အဖြစ် ပြောင်းလဲနိုင်ပြီး Amazon , iTunes တို့မှာ ကုန်ပစ္စည်းများ ၀ယ်ယူနိုင်ပါတယ်။ အဲဒီအစား ငွေသားများကို ရယူဖို့ ရွေးချယ်နိုင်ပြီး သင့် PayPal အကောင့်ထံ လွှဲပြောင်းနိုင်ပါတယ်။ သင့်ရဲ့ Special Code ကို အသုံးပြုစေ၍ သင့်သူငယ်ချင်းများက AppCasher မှာ အကောင့် ပြုလုပ်ရင် သင်က အမှတ်များ ရနိုင်ပါတယ်။
Download

၆။ Foap


Foap က သင့် ဓါတ်ပုံများကနေ ငွေရှာပေးနိုင်ပါတယ်။ သတ်မှတ်ထားတဲ့ အချက်အလက်များနဲ့ ပြည့်စုံတဲ့ ဓါတ်ပုံများကို သင်က Foap မှာ Upload ပြုလုပ်၍ ရောင်းချနိုင်ပါတယ်။ ၅ ဒေါ်လာရတာနဲ့ ငွေကြေးကို ထုတ်ယူနိုင်ပါတယ်။
Download

၇။ CashPirate


CashPirate မှာ စစ်တမ်းများ ဖြေခြင်း၊ ဂိမ်းကစားခြင်း၊ အခြား သူငယ်ချင်းများကို ဖိတ်ခေါ်ခြင်းဖြင့် အမှတ်များ ရရှိပါတယ်။ အမှတ် ၁၀၀၀ လျှင် ၁ ဒေါ်လာနဲ့ လဲလှယ်နိုင်ပါတယ်။ ရလာတဲ့ ငွေကြေးများဖြင် Play Store မှာ ၀ယ်ယူနိုင်သလို သင့် PayPal အကောင့်ထံ လွှဲနိုင်ပါတယ်။
Download




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

♪ မီယာမီကမ်းခြေ က လင်းလက်တောက်ပလာပြန်လာတဲ့ Blu Vivo 8 ♫


အမေရိကန် ဖလော်ရီဒါ၊ မီယာမီကမ်းခြေမြို့ အခြေစိုက် Blu ကုမ္ပဏီ ဟာ သူရဲ့ ခုနှစ်မြောက် ထုတ်ကုန်နေရာမှာ အမှတ်စဉ် ၇ ကို ကျော်လွှားပြီး Blu Vivo 8 အဖြစ် အများပြည်သူရှေ့ကို ချပြခဲ့ပြီး Amazon မှာ ဒေါ်လာ ၃၀၀ ( မြန်မာငွေ ၄ သိန်းခန့်ဝန်းကျင်) နဲ့ ၀ယ်ယူလို့ ရရှိနိုင်ပြီ လို့ ဆိုပါတယ်။

အမေရိကန် ကုမ္ပဏီဖြစ်တဲ့ BLU Products ဟာ ဒီဇိုင်းပိုင်းအရ အရမ်းလန်းတဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်နေခဲ့တဲ့ ကုမ္ပဏီဖြစ်ပြီး ဈေးသက်သာတဲ့ မိုဘိုင်းဖုန်းတွေနဲ့ မိုဘိုင်းဖုန်းဆက်စပ်ပစ္စည်းတွေကို ရောင်းချခဲ့ပြီး အခုလည်း သက်သာတဲ့ ဈေးနှုန်း၊ အဆင့်မြင့်ထုတ်ကုန်အရည်အသွေးတွေနဲ့ ဈေးကွက်ထဲကို ဖြန့်ကြက်ခဲ့တာ ဖြစ်ပါတယ်။

အသစ်ထုတ်လိုက်တဲ့ Blu Vivo 8 ဟာ Coring Gorilla Glass 3.0 သုံးစွဲထားတဲ့ မျက်နှာပြင် ဟာ နိမ့်ပါးတယ် လို့ ဆိုနိုင်ပေမယ့် အကျယ်  ၅.၅ လက်မ ရှိပြီး 64 GB သိုလှောင်နိုင်စွမ်း Onboard ပေးထားပါတယ်။ 4GB RAM ကို သုံးစွဲထားပြီး 4G LTE အဆင်သင့်ဖြစ်နေစေပါတယ်။ 1080p Res ရှိတဲ့ မျက်နှာပြင် ဟာ Full HD မျက်နှာပြင် ရရှိမှာ ဖြစ်ပါတယ်။ ဘော်ဒီကိုယ်ထည်တစ်ခုလုံး နီးပါး ဟာ (87 % လို့ ဆိုပါတယ်။) သတ္တုကိုယ်ထည် နဲ့ တည်ဆောက်ထားပြငီး MediaTek 6755 P10 2.0 Octa core processor ပါရှိပြီး Fingerprint sensor ဟာ မရှိမဖြစ် ထည့်သွင်းပေးထားပါတယ်။ အရှေ့ကင်မရာ 16 MP၊ နောက် ကင်မရာ 13MP ရှိပြီး ကင်မရာ ရဲ့ ဆင်ဆာ ဟာ Sony IMX258 နည်းပညာ သုံးစွဲထားပါတယ်။

ဘက်ထရီကတော့ 4010 mAh ထည့်သွင်းထားပါတယ်။ GSM နက်ဝက်ဖြစ်ပြီး အမေရိကတလွှားမှာ အကောင်းဆုံး ကွန်ယက် လို့ ခေါ်ဆိုနိုင်တဲ့ T-Mobile , AT&T စတာတွေ နဲ့ ချိတ်ဆကလို့ ရနိုင်မယ် လို့ ဆိုပါတယ်။ Android ကတော့ 7.0 Nougat ပါ။





 
Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

♪ အတတ်ပညာ အသစ်များကို သင်ကြားပေးမယ့် Android Apps များ ♫


ပညာ ခေတ်မှာ အတတ်ပညာ အသစ်များကို အစဉ်အမြဲ လေ့လာသင်ယူနေကြရပါတယ်။ အင်တာနက်ရဲ့ ကျေးဇူးကြောင့် အတတ်ပညာ အသစ်များကို သင်ကြားဖို့ သင်တန်းများ တက်စရာမလိုတော့ပါဘူး။ နေရာမရွေး အတတ်ပညာ အသစ်များကို လေ့လာနိုင်အောင် Android App များကို ဖန်တီးပေးထားကြပါတယ်။

၁။ ဘာသာစကား အသစ်များ သင်ကြားပါ။

Android Users များအတွက် ရွေးချယ်စရာ ဘာသာစကား သင်ကြားတဲ့ App များစွာ ရှိပါတယ်။ အဲဒီ App အများစုမှာ အဓိက ဘာသာစကားများဖြစ်တဲ့ အင်္ဂလိပ်၊ ဂျပန်၊ မန်ဒရင်း၊ ပြင်သစ်နဲ့ စပိန်တို့ကို သင်ကြားပေးပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ App များထဲမှ သင်နဲ့ ကိုက်ညီတဲ့ တစ်ခုကို ရွေးချယ်သုံးနိုင်ပါတယ်။

Memrise က ဂိမ်းအခြေပြု သင်ကြားပေးတဲ့အတွက် စိတ်ဝင်စားစရာကောင်းပါတယ်။ ကမ္ဘာအ၀န်းမှ ဘာသာစကားများစွာကို သူက ထောက်ပံ့ပါတယ်။

Mondly မှာ သင် ပြောတဲ့ စကားများကို နားလည်ပြီး အသံထွက်ကို စစ်ဆေးပေးတဲ့ စွမ်းရည်မြင့် Chat Bot ပါပါတယ်။ ဘာသာစကားတစ်ခုစီကို အထူးပြု၍ သင်ကြားပေးတဲ့ စနစ်ကို ကျင့်သုံးထားပါတယ်။

Duolingo က နာမည်ကြီး ဘာသာစကား သင်ကြားတဲ့ App ဖြစ်ပါတယ်။ သူက နေ့စဉ် လေ့ကျင့်ဖို့ သင့်ကို သတိပေးနိုင်ပါတယ်။ ဘာသာစကားများစွာကို သူက ထောက်ပံ့ပါတယ်။ သက်တမ်းကြာရင့်တဲ့ App တစ်ခု ဖြစ်ပါတယ်။

ဖော်ပြထားတဲ့ Apps များကို အခမဲ့ အသုံးပြုနိုင်ပေမယ့် အချို့သင်ခန်းစာများကိုတော့ အခပေး သင်ကြားရမှာ ဖြစ်ပါတယ်။

Download
Memrise
Mondly
Duolingo

၂။ Code ရေးနည်း သင်ကြားပါ။

Software နဲ့ Web Developer ဖြစ်ချင်သူများအတွက် SoloLearn က ကုဒ်ရေးနည်း သင်ကြားပေးနိုင်ပါတယ်။ C#, JavaScript , SQL တို့လို နာမည်ကျော် ကွန်ပြူတာ ဘာသာစကားများကို လေ့လာနိုင်ပါတယ်။ Mondly လိုပဲ သူ့မှာ ဘာသာစကားတစ်ခုအတွက် အထူးပြု သင်ကြားပေးတဲ့ နည်းစနစ်ကို အသုံးပြုထားပါတယ်။ လွယ်ကူတဲ့ HTML လို ဘာသာစကားကနေ အဆင့်မြင့်တဲ့ ဘာသာစကားများကို သင်ကြားနိုင်ပါတယ်။
Download
SoloLearn

၃။ ဂီတ တူရိယာ တီးခတ်နည်း သင်ကြားပါ။

ဂီတ တူရိယာ တီးခတ်တာကို ၀ါသနာပါသူများအတွက် Yousician က သင်ကြားပေးနိုင်ပါတယ်။ ဂစ်တာ၊ ဘေ့စ်၊ စန္ဒယား တီးခတ်နည်းများကို ပံ့ပိုးပေးထားပါတယ်။ Level များစွာ ပါပြီး သင့် အရည်အချင်းနဲ့ ကိုက်ညီတဲ့ အဆင့်ကနေ စတင် လေ့လာနိုင်ပါတယ်။ သူက သင် တီးခတ်တာကို နားထောင်နိုင်ပြီး ဝေဖန်မှုများ ပြုလုပ်ပေးနိုင်ပါတယ်။ တူရိယာများရဲ့ အသံထွက် မှန်ကန်အောင် ချိန်ညှိနိုင်ဖို့ ကူညီပေးမယ့် Tools များလည်း ပါပါတယ်။

Download

Yousician

၎။ လေ့ကျင့်ခန်း ပြုလုပ်နည်း သင်ကြားပါ။

ဒီနေ့ခေတ်မှာ လေ့ကျင့်ခန်း ပြုလုပ်နည်းများ သင်ကြားဖို့ သင်တန်းသွားစရာ မလိုတော့ပါဘူး။ Apps များက သင့်ကို သင်ကြားပေးနိုင်ပါပြီ။
FitStadium က နှလုံးကျန်းမာရေး၊ ကိုယ်အလေးချိန် လျှော့ချခြင်းနဲ့ သန်မာစေတဲ့ လေ့ကျင့်ခန်းများကို အထူးပြုထားပါတယ်။ သင် လေ့ကျင့်ချင်တဲ့ ကိုယ်ခန္တာ အစိတ်အပိုင်းကို ရွေးချယ်နိုင်ပါတယ်။ အသုံးပြုသူများရဲ့ တုန့်ပြန်မှုများကို အခြေခံ၍ FitStadium ကို ကောင်းသထက်ကောင်းအောင် ပြုလုပ်ပေးနေပါတယ်။
7 Minute Workout ဟာလည်း လူကြိုက်များတဲ့ App ဖြစ်ပါတယ်။ အားလပ်ချိန်နည်းတဲ့ လူများအတွက် ရတဲ့ အချိန်လေးမှာ ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းများကို သူက သင်ပြပေးထားပါတယ်။ အချိန်အနည်းငယ်ပေးရုံဖြင့် ကျန်းမာတဲ့ ကိုယ်ခန္တာ ရရှိဖို့ သူက ကူညီပေးပါတယ်။
Download
FitStadium
7 Minute Workout

၅။ အတတ်ပညာများစွာကို သင်ကြားပါ။

Udemy က အတတ်ပညာများစွာကို တစ်နေရာထဲကနေ သင်ကြားပေးနိုင်တဲ့ ၀န်ဆောင်မှု ဖြစ်ပါတယ်။ သူ့မှာ အတတ်ပညာရပ်ပေါင်း ၁၂၀၀ ကျော်ရှိပါတယ်။ အချို့ကိုတော့ အခပေး သင်ကြားရမှာဖြစ်ပေမယ့် အခမဲ့ သင်ခန်းစာများစွာရှိပါတယ်။ IT ကနေ ဓါတ်ပုံရိုက်ကူးတဲ့ အတတ်ပညာရပ်များအထိ အမျိုးအစားစုံလင်ပါတယ်။ Microsoft Excel လို ဆော့ဖ်ဝဲတစ်ခုအတွက် သင်ခန်းစာများတောင် ပါပါတယ်။

Download
Udemy




Credit to ==>  DigitalTimes.com.mm
 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

♪ " ထွက်ရှိပြီးသမျှ Note တွေထက် မြန်နှုန်းမြင့်ပြီး ဈေးနှုန်းသက်သာမည့် Lenovo Killer Note " ♫

Image may contain: one or more people, phone and text

Lenovo က K7 Note ကဲ့သို့ ထွက်ရှိပြီးသမျှ Note တွေကိုယှဉ်ပြိုင်နိုင်မယ့် Killer Note တစ်မျိုးမကြာခင်မိတ်ဆက်ဖွယ် ရှိနေပါတယ်။

ဒီ Killer Note နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို Lenovo India ရဲ့ facebookမှာတင်ခဲ့တာဖြစ်ပြီးအထူးသဖြင့် တစ်ခြား Note တွေထက် မြန်နှုန်းအဆပေါင်းများစွာမြင့်တယ်ဆိုတဲ့အချက်ကိုအဓိကကြေညာနေတာ ဖြစ်ပါတယ်။


ဒီမျက်နှာပြင်ကြီးစမတ်ဖုန်းက Lenovo K 7 Note နဲ့ ပုံစံတူမယ်လို့ ဆိုထားပြီး K6 Note မှာတုန်းကသုံးထားတဲ့ Snapdragon 430 ကိုကျော်ပြီး Snapdragon 625 ဒါမှမဟုတ် 652 တစ်ခုခုဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဒါမှမဟုတ် helio X20 လည်းသုံးထားနိုင်ပါသေးတယ်။


ဈေးနှုန်းသင့် K series တစ်ခုအနေနဲ့ ပါဝင်မယ့် လုပ်ဆောင်မှုတွေကတော့ အမြင့်ဆုံးနီးပါး ရှိနိုင်မယ် လို့လည်းသိရပါတယ်။ လောလောဆယ်မှာတော့ အသစ်ထွက်ရှိလာမယ့် Killer Note ရဲ့ အထူးပြုလုပ်ဆောင်ချက်ဖြစ်တဲ့ မြန်နှုန်းနဲ့ပတ်သက်ပြီး contest တစ်ခု လုပ်ဆောင်နေပါတယ်။


#MyNeedForSpeedဆိုတဲ့ ဒီပြိုင်ပွဲမှာဆုရသူက Lenovo K 7 Note တစ်လုံး ရရှိမှာပါ။ ပြိုင်ပွဲကာလက တစ်ပတ်ဖြစ်တာကြောင့် နောက်တစ်ပတ်ပြီးရင် အသစ်ထွက်မယ့် Killer Note နဲ့ ပတ်သက်ပြီး ပိုမိုသိရှိရတော့မှာပဲဖြစ်ပါတယ်။


#gsmarena

သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

♪ ကျပ် ၃၀၀,၀၀၀ ၀န်းကျင် တန်ကြေးရှိ “အနောက်ကင်မရာ နှစ်လုံးပါတဲ့ Xiaomi Mi 5X ကိုကြေညာပြီ” ♫

Image may contain: 1 person, phone and text

ရှောင်မီက Mi 5X ကို တရားဝင် ကြေညာလိုက်ပါတယ်။ ယခင်ထွက်ပေါ် ခဲ့တဲ့ သတင်းများအတိုင်းပဲ Xiaomi Mi 5X မှာ ၅.၅ လက်မ Full HD Display တပ်ဆင်ထားပါတယ်။ Qualcomm Snapdragon 625 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ 4GB RAM, 64GB Internal Storage ထည့်သွင်းထားပါတယ်။ Xiaomi Mi 6 လိုပဲအနောက်ဘက်မှာ 12 Megapixel Camera နှစ်လုံးတပ်ဆင်ထားပါတယ်။

ရှောင်မီကMi 5X ရဲ့ အင်တင်နာဒီဇိုင်းကိုအဆင့်မြှင့်ထားပြီးလက်ဗွေရာ အာရုံခံ ကိရိယာကိုချောမွတ်စွာအသုံးပြုနိုင်ဖို့ ဖန်တီးပေးထားပါတယ်။ Android Nougat အခြေပြု MIUI 9 ထည့်သွင်းပေးထားပြီး Xiaomi Smart Assistant , Built-in Image Search များ ပါဝင်လာပါတယ်။ ဖိုင်စနစ် အသစ်နဲ့ အခြားစွမ်းဆောင်ချက်များစွာ MIUI 9 မှာထည့်သွင်း ပေးထား ပါတယ်။

Xiaomi Mi 5X မှာ 3080mAh Battery တပ်ဆင်ထားပါတယ်။ တရုတ် ယွမ် ၁၄၉၉ ( ၂၂၀ ဒေါ်လာ ) သတ်မှတ်ထားပါတယ်။ မြန်မာငွေ အားဖြင့် ကျပ် ၃၀၀,၀၀၀ ၀န်းကျင် တန်ကြေးရှိပါတယ်။ ရွှေ၊ အနက်နဲ့ နှင်းဆီ ရွှေရောင် များရွေးချယ်နိုင်ပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

♪ “Motorola က Moto Z2 Force Edition ကိုကြေညာ” ♫

Image may contain: phone

Motorola က Moto Z2 Force Edition ကိုကြေညာလိုက်ပြီး ၅.၅ လက်မ အရွယ် Quad HD POLED Display တပ်ဆင်ထားပါတယ်။ မျက်နှာပြင် ကိုအကြမ်းခံတဲ့ ShatterShieldအလွှာဖြင့် ဖုံးအုပ်ထားပါတယ်။ အနက် ရင့်ရောင်နဲ့ ရွှေရောင်များရွေးချယ်နိုင်ပါတယ်။

စမတ်ဖုန်းမှာQualcomm Snapdragon 835 Processor , 64GB Internal Storage, 4GB RAM , Android 7.1.1 Nougat များထည့်သွင်း ထားပါတယ်။ Dual SIM မော်ဒယ်ကို နိုင်ငံအချို့မှာရောင်းချပေးမှာပါ။ အနောက်ဘက်မှာ 12MP Camera နှစ်လုံးတပ်ဆင်ထားပြီးတစ်လုံးမှာ Color Sensor ဖြစ်ပြီးအခြားတစ်လုံးမှာ Monochrome Sensor ဖြစ်ပါတယ်။အနောက်ကင်မရာများက 4K Video များကိုရိုက်ကူးပေးနိုင် ပါတယ်။ ကင်မရာများမှာ Phase Detection Autofocus, Laser Autofocus နည်းပညာများထည့်သွင်းပေးထားပါတယ်။

သူ့မှာ Moto Mods Accessories များကိုတပ်ဆင် အသုံးပြုနိုင်ပါတယ်။ Motorola က 360 Degree 4K Video (with 3D Audio) များရိုက်ကူးနိုင် တဲ့ 360 Camera Moto Mod ကိုလည်းဖုန်းအသစ်နဲ့အတူကြေညာလိုက် ပါတယ်။၃၆၀ ဒီဂရီကင်မရာကိုဖုန်းမှာတပ်ဆင်၍ Live ထုတ်လွှင့်နိုင် ပါတယ်။ သြဂုတ်လ ၁၀ ရက်နေ့မှာ ၃၆၀ ဒီဂရီကင်မရာကို ၂၉၉ ဒေါ်လာ ဖြင့် ရောင်းချပေးမှာ ဖြစ်ပါတယ်။ 




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

♪ “Lenovo က စမတ်နာရီလို ၀တ်ဆင်နိုင်တဲ့ ကွေးညွှတ် စမတ်ဖုန်းကို ပြသ” ♫

No automatic alt text available.

Lenovo က ကွေးညွှတ် စမတ်ဖုန်းတစ်လုံးကို Tech World Summit မှာ ပြသလိုက်ပါတယ်။ သူ့ရဲ့ စမတ်ဖုန်းဟာ အလွန်ကွေးညွှတ်ပျော့ပြောင်းပြီး ခေါက်လိပ်နိုင်ပါတယ်။ အဲဒီစမတ်ဖုန်းကို Lenovo Cplus လို့ အမည်ပေး ထားပါတယ်။ နမူနာမော်ဒယ် အဆင့်သာရှိပါသေးတဲ့အတွက် စွမ်းရည်ပြည့်ဝစွာ အလုပ်မလုပ်နိုင်သေးပါဘူး။

ဒါပေမယ့် လက်ရှိနမူနာ မော်ဒယ်ဟာကွေးညွှတ်တဲ့ စွမ်းရည်ကိုတော့ ပိုင်ဆိုင်နေပါပြီ။ စမတ်ဖုန်း ရဲ့ မျက်နှာပြင်ကတော့ သေးငယ်ပြီး ၄.၃၅ လက်မ AMOLED Screen ဖြစ်ပါတယ်။ စမတ်နာရီလိုပါ သုံးနိုင်အောင် သေးငယ်တဲ့ မျက်နှာပြင် တပ်ဆင်ထားတာ ဖြစ်ပါတယ်။ Smartwatch Mode နဲ့ Smartphone Mode ကိုပြောင်းလဲအသုံးပြုရမှာ ဖြစ်ပါတယ်။ 

သူ့မှာ Facial Recognition နဲ့ Natural Language Processing များကိုအသုံးပြု ထားတဲ့ CAVA အမည်ရဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် အသစ် ပါပါတယ်။ သူက ကလင်ဒါကိုအခြေခံ၍ သင့်အတွက် အကြံပေးမှု များကိုပြုလုပ်ပေးနိုင်ခြင်း အပါအ၀င် အခြားအလုပ်များစွာကို လုပ် ဆောင်ပေးမှာပါ။ ပြပွဲမှာ Lenovo က Cplusအပြင် daystARအမည်ရ AR Headset ကိုလည်း ပြသလိုက်ပြီးကွန်ပျူတာနဲ့ ဖုန်းများဖြင့် ချိတ်ဆက် ဖို့မလိုဘဲသူ့ကိုအသုံးပြုနိုင်ပါတယ်။

Activity Tracker တစ်ခုဖြစ်တဲ့ SmartVest က လေ့ကျင့်ခန်း ပြုလုပ်ရာမှာတိကျစွာ တိုင်းတာပေးနိုင် ပါတယ်။ Lenovo က စပီကာ/ပရိုဂျက်တာ နှစ်မျိုးသုံး ကိရိယာကိုလည်း မိတ်ဆက် လိုက်ပြီး CAVA ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် ပါပါ တယ်။ သူဟာ Google Home နဲ့ Amazon Echo စမတ် စပီကာ များကို ယှဉ်ပြိုင်မှာဖြစ်ပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

♪ MPT ရဲ့ Happy Data Combo Pack ♫


Youtube ဗီဒီယိုတွေကို မထစ်မငေါ့ပဲ ကြည့်နိုင်ပြီး Pyone Play မှာ MRTV-4 နဲ့ Channel 7 က အစီအစဉ်ကောင်းတွေကိုလည်း တစ်စုတစ်စည်းတည်းကြည့်ရှုနိုင်ဖို့ အတွက် ဒေတာ အပိုလက်ဆောင်တွေ ကို ရယူနိုင်မယ့် Happy Data Combo Pack တွေကို MPT က မိတ်ဆက်ပေးလိုက်ပါတယ်။

Happy Data Combo Pack ကို ငွေကျပ် ၄၀၀ နှုန်းကနေစပြီး ၃ သောင်းကျပ်တန်အထိ ကြိုက်နှစ်သက်တဲ့ Pack ကို ရွေးချယ်ဝယ်ယူနိုင်တယ် လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ လူသုံးများတဲ့ Facebook , Viber တွေအအတွက်လည်း ဒေတာ လက်ဆောင်တွေကို ရယူနိုင်မှာ ဖြစ်တယ် လို့ ဆိုပါတယ်။

Happy Data Combo Pack တွေကို တခြား Package တွေလို MPT ရဲ့ prepaid/postpaid GSM/ျွှCDMA အသုံးပြုသူများအပြင် LTE+ အသုံးပြုသူများအားလုံး ရယူနိုင်မှာ ဖြစ်တယ် လို့ ဆိုပါတယ်။ Data တွေနဲ့  အခြားသော ပရိုမိုးရှင်း Data Package တွေကိုလည်း ဆက်လက်ဝယ်ယူ အသုံးပြုနိုင်မှာ ဖြစ်တယ် လို့ ဆိုပါတယ်။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

7/28/2017

♪ Meizu က Display နှစ်ခုစီပါတဲ့ Pro 7 နဲ့ Pro 7 Plus ကို မိတ်ဆက် ♫


Meizu က အရှေ့နဲ့ အနောက်ဘက်မှာ Super AMOLED Display တပ်ဆင်ထားတဲ့ Pro 7 နဲ့ Pro 7 Plus ကို မိတ်ဆက်လိုက်ပါတယ်။ အနောက်ဘက်မှ Display ကတော့ အရွယ်သေးငယ်ပြီး Notification များကို စစ်ခြင်း၊ Music Player ကို ထိန်းချုပ်ခြင်း၊ အနောက် ကင်မရာဖြင့် Selfie များ ရိုက်ခြင်းများအတွက် အသုံးပြုနိုင်ပါတယ်။
စမတ်ဖုန်း နှစ်လုံးစလုံးရဲ့ အနောက်ဘက်မှာ 12MP Camera နှစ်လုံး တပ်ဆင်ထားပြီး တစ်လုံးက အရောင်နဲ့ နောက်တစ်လုံးက အဖြူအမည်း ရုပ်ပုံများကို ရိုက်ကူးပေးနိုင်ပါတယ်။ ကင်မရာ နှစ်လုံး ပေါင်းစပ်၍ အလင်းရောင်နည်းပါးတဲ့ အချိန်များမှာ လှပတဲ့ ဓါတ်ပုံများ ရိုက်ကူးပေးနိုင်ပါတယ်။ အရှေ့ဘက်မှာတော့ 16MP Camera တပ်ဆင်ထားပါတယ်။

Meizu Pro 7 Plus ဟာ Core ဆယ်လုံးပါတဲ့ Helio X30 –a 10nm Chipset ထည့်သွင်းထားတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ Meizu Pro 7 မှာတော့ စွမ်းဆောင်ရည်သင့် Helio P25 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ Pro 7 မှာ 4GB RAM, 64GB Storage နဲ့ Pro 7 Plus မှာ 6GB RAM, 128GB Storage ထည့်သွင်းထားပါတယ်။

Pro 7 Plus မှာ ၅.၇ လက်မ QHD Display နဲ့ Pro 7 မှာ ၅.၂ လက်မ Super AMOLED Full HD Display တပ်ဆင်ထားပါတယ်။ ဖုန်းနှစ်လုံးစလုံးရဲ့ အနောက်ဘက်မှာ ၂ လက်မ အရွယ် Super AMOLED Display ပါပါတယ်။ Plus မှာ 3500mAh Battery နဲ့ သာမာန် မော်ဒယ်မှာ 3000mAh Battery တပ်ဆင်ထားပါတယ်။ ဖုန်းနှစ်လုံးမှာ Android Nougat အခြေပြု Flyme OS ထည့်သွင်းထားပါတယ်။

Pro 7 ကို ၄၃၀ ဒေါ်လာ Pro 7 Plus ကို ၅၃၀ ဒေါ်လာဖြင့် ရောင်းချပေးမှာပါ။ မြန်မာငွေအားဖြင့် ၅၈၀ ၀၀၀ နဲ့ ၇၂၀ ၀၀၀ ၀န်းကျင် အသီးသီး ကျသင့်နိုင်ပါတယ်။ သြဂုတ်လ ၅ ရက်နေ့မှာ ရောင်းချမှာပါ။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

♪ Virtual Phone Number များဖန်တီးပေးမယ့် Apps များ ♫


အင်တာနက်မှ အချို့ ၀န်ဆောင်မှု၊ ၀က်ဆိုက်များဟာ နိုင်ငံ ကန့်သတ်ချက်ရှိပါတယ်။ အဲဒီ ၀က်ဆိုက်များမှာ အကောင့် ပြုလုပ်ချင်ရင် ဥပမာအားဖြင့် အမေရိကန်လို နိုင်ငံမှ ဖုန်းနံပါတ် တစ်ခု လိုအပ်ပါတယ်။ အဲဒီ ဖုန်းနံပါတ်ကို Verify လုပ်နိုင်မှသာ အကောင့် ပြုလုပ်နိုင်မှာပါ။ ဥပမာအားဖြင့် PayPal လို ၀က်ဆိုက်များဟာ မြန်မာနိုင်ငံကို မထောက်ပံ့သေးဘဲ အကောင့်ဖွင့်ချင်ရင် အခြားနိုင်ငံမှ ဖုန်းနံပါတ်တစ်ခု လိုအပ်ပါတယ်။ အဲဒီလို ၀က်ဆိုက်များမှာ အကောင့်တစ်ခု ပြုလုပ်ဖို့ Virtual Phone Number များ ဖန်တီးပေးတဲ့ Apps များ ရှိပါတယ်။

၁။ Next Plus


Next Plus က အမေရိကန် ဖုန်းနံပါတ် အတုများကို ပြုလုပ်ပေးနိုင်ပါတယ်။ အဲဒီ ဖုန်းနံပါတ်ကနေ ဖုန်းပြောခြင်း၊ စာပို့ခြင်းများတောင် ပြုလုပ်နိုင်ပါတယ်။ အကောင့်များကို Verify လုပ်ဖို့အတွက် အလွန် အသုံးဝင်ပါတယ်။ သူ့ကို အခမဲ့ အသုံးပြုနိုင်ပေမယ့် ကြော်ညာများ ထည့်သွင်းထားပါတယ်။
Download

၂။ Text Plus


Text Plus ကလည်း အကောင့်များ Verification လုပ်ဖို့အတွက် ဖုန်းနံပါတ် အတုများကို ပြုလုပ်ပေးနိုင်ပါတယ်။ အဲဒီ ဖုန်းနံပါတ်ကနေ ဖုန်းပြောခြင်း၊ စာပို့ခြင်းများကို ပြုလုပ်နိုင်ပါတယ်။ အမေရိကန် ဖုန်းနံပါတ်များ လိုအပ်တဲ့ ၀က်ဆိုက်များမှာ အကောင့်ဖွင့်နိုင်ပါတယ်။
Download

၃။ Talkatone


Talkatone က အမေရိကန် ဖုန်းနံပါတ်တစ်လုံးကို တစ်သက်လုံး သုံးနိုင်အောင် ဖန်တီးပေးနိုင်ပါတယ်။ သူ့ကို Register မလုပ်ဘဲနဲ့တောင် အသုံးပြုနိုင်ပါတယ်။ သင့်ရဲ့ အီးမေး သို့မဟုတ် ဖုန်းနံပါတ်ကို ပေးလိုက်တာနဲ့ အသုံးပြုနိုင်ပါပြီ။ စမ်းသပ် အသုံးပြုကြည့်တဲ့အခါမှာ သူ့ရဲ့ ၀န်ဆောင်မှုက ချောမွတ်ပြီး အဆင်ပြေတာကို တွေ့ရပါတယ်။
Download

၎။ Burner: Smart Phone Numbers



Burner ကတော့ အခပေး ၀န်ဆောင်မှု ဖြစ်ပြီး နိုင်ငံပေါင်း ၄၀ အတွက် ဖုန်းနံပါတ် အတုများကို ဖန်တီးပေးနိုင်ပါတယ်။ အဲဒီ ဖုန်းနံပါတ်များဖြင့် အကောင့်များကို Verify လုပ်နိုင်ပါတယ်။ ဖုန်းနံပါတ်တစ်ခု ပြုလုပ်ဖို့ ၁.၉ ဒေါ်လာ ကျသင့်ပြီး တစ်သက်လုံး အသုံးပြုနိုင်ပါတယ်။
Download

၅။ Hushed Anonymous Phone Numbers


သူကလည်း သင့်ရဲ့ အကောင့်များကို Verify လုပ်ဖို့ ဖုန်းနံပါတ် အတုများ ဖန်တီးပေးနိုင်ပါတယ်။ သင့်ရဲ့ အကောင့်များမှ ဒေတာများ လုံခြုံစေဖို့ သူက အာမခံထားပါတယ်။ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်တဲ့ App ဖြစ်ပါတယ်။
Download





Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...