5/05/2017

♪ " ZTE မှ MAX XL ဖုန်းအား ကြော်ငြာခဲ့ " ♫

Image may contain: phone and screen

ZTE သည် စမတ်ဖုန်းအသစ်တစ်ခုကို Sprint, Virgin နှင့် Boost Mobile တို့အတွက် ထုတ်လုပ်ပေးခဲ့သည်။ 6 လက်မအရွယ် Screen ပါဝင်ပြီး Boost တွင်ရှိသမျှ Display များထဲတွင် အကြီးမားဆုံးဖြစ်လာခဲ့သည်။ ZTE MAX XL သည် CDMA Network အတွက် ထုတ်လုပ်ထားသည့် ZTE ZMAX PRO နှင့် အတူတူပင်ဖြစ်သည်ဟုသိရ၏။

MAX XL တွင် Android 7.1.1 ပါဝင်ခဲ့ကာ ZPRO မှာမူ ယခုထိ Marshmallow ကိုသာ သုံးစွဲနေရဆဲဖြစ်ကြောင်း သိရသည်။ $130 မျှဖြင့် 6 လက်မအရွယ် Full HD 1080p Display နှင့် ဖုန်းအားရရှိမည်ဖြစ်ပြီး 3990 mAh ဘက်ထရီလည်း ပါဝင်သည်။ Snapdragon 435 Chip ဖြစ်ပြီး စွမ်းအင်သုံးစွဲမှုလည်း သက်သာခဲ့သည်။ အဓိကကင်မရာမှာ 13MP ဖြစ်ကာ ရှေ့ဘက်တွင် 5MP ကင်မရာပါဝင်သည်။ RAM 2GB ဖြစ်ပြီး Storage 16GB ပါဝင်ကာ လိုအပ်ပါက Micro SD ဖြင့် ထပ်မံမြှင့်တင်နိုင်မည်ဖြစ်သည်။ Fingerprint Scanner ပါဝင်ပြီး 3.5mm Headphone Jack လည်းပါဝင်ကြောင်း သိရသည်။

Snapdragon 435 သည် Octa-core Processor ဖြစ်ပြီး 1.4GHz မြန်နှုန်းရှိ Cortex A53 Chip ဖြစ်ကာ Adreno 505 ဂရပ်ဖစ်အား သုံးစွဲထားသည်။ 32GB, 2GB RAM ပုံစံကိုလည်း ရရှိနိုင်ကြောင်း သိရသည်။ 165.1 x 83.8 x 9.4 mm အရွယ်ရှိပြီး 180g လေးသည်။ Connectivity အနေဖြင့် WiFi 802.11 a/b/g/n နှင့် Bluetooth 4.2 တို့ပါဝင်ကာ အားအမြန်သွင်းနိုင်သည့် Quick Charge 2.0 ကိုလည်း ထောက်ပံ့ပေးထားသည်။


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com