5/08/2017

♪ Sony Xperia XZs ကို ၈၉၉,ဝဝဝ ကျပ်ဖြင့် ကြိုတင်မှာယူနိုင်ပြီ ♫


MWC 2017 ပွဲမှာ မိတ်ဆက်ခဲ့တဲ့ Sony Xperia XZs ကို ၈၉၉,ဝဝဝ ကျပ်နဲ့ မေလ ၁ဝ ရက် နောက်ဆုံးထားပြီး ကြိုတင်မှာယူစနစ်နဲ့ ၀ယ်ယူနိုင်ပြီလို့ သိရပါတယ်။


“ဖုန်းကို နီးစပ်ရာ လူကြီးမင်း ဖုန်းဆိုင်တွေမှာ Pre-order နဲ့ ၀ယ်ယူနိုင်ပါပြီ။ မေလ ၁ဝ ရက်နေ့ နောက်ထားပြီး Pre-order နဲ့ ၀ယ်ယူသူတွေကို နားကြပ်၊ 1000mAh Power Bank ၊ ဖုန်းကာဗာ၊ Screen ကာဗာအပြင် 2.5GB Internet Package ပါတဲ့ MPT SIM ကတ်ကို လက်ဆောင်အနေနဲ့ ပေးသွားမှာပါ” လို့ လူကြီးမင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။



သတ္တုကိုယ်ထည်နဲ့ ထုတ်လုပ်ထားတဲ့ Xperia XZs ဟာ ရေစိုခံဖုန်းအမျိုးအစားဖြစ်ပြီး SIM ကဒ်နှစ်ကဒ် အသုံးပြုနိုင်ပါတယ်။ မြင်ကွင်းအရွယ်စား ၅.၂ လက်မရှိပြီး Qualcomm ရဲ့ Snapdragon 820 Quad-Core CPU နဲ့ မှတ်ဥာဏ် 64GB ရှိပြီး RAM 4GB ရှိပါတယ်။ 19MP ကျောဘက်ကင်မရာနဲ့ 13MP ရှေ့ကင်မရာတွေ ပါဝင်ပြီး Android 7.1 (Nougat) ကို အသုံးပြုပေးထားတာပါ။ ဘက်ထရီကတော့ Li-lon 2900 mAh Battery ကို တပ်ဆင်ထားပါတယ်။ ဖုန်းရဲ့ လုံခြုံရေးအတွက် လက်ဗွေစနစ်ကိုတော့ ဖုန်းရဲ့ ပါဝါခလုတ်မှာ တပ်ဆင်ပေးထားပါတယ်။ NFC ပါဝင်ပြီး USB 2.0 , Type C အမျိုးအစားကို အသုံးပြုပေးထားပါတယ်။ ရရှိနိုင်တဲ့ အရောင်တွေကတော့ အပြာနု (Ice Blue), ငွေ (Warm Silver), အနက် (Black) အရောင်သုံးမျိုးရှိပါတယ်။



Credit to ==> Internet Journal
 



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com