5/09/2017

♪ “Samsung Galaxy S8 ကိုယှဉ်ပြိုင်မယ့် Meizu Pro 7” ♫

Image may contain: phone and screen

တရုတ် စမတ်ဖုန်းထုတ်လုပ်သူ Meizu ရဲ့ Pro 7 စမတ်ဖုန်း ဓါတ်ပုံနဲ့ သတင်းအချက်အလက်များအွန်လိုင်း မှာပေါက်ကြားထွက်ပေါ်လာပါတယ်။ Meizu Pro 7 ဟာ Samsung Galaxy S8 နဲ့ ဒီဇိုင်းအလွန် ဆင်တူပါတယ်။ Meizu Pro 7 ဟာ Samsung Galaxy S8 လိုပဲဘယ်နဲ့ ညာဘက်ဟာ ဘေးဘောင်မဲ့ ဒီဇိုင်း ဖြစ်ပြီးအောက်ခြေနဲ့ အထက်မှ ဘေးဘောင်များ ဟာလည်းအလွန် သေးငယ်ပါတယ်။

စွမ်းဆောင်ရည် အပိုင်းမှာလည်းMeizu Pro 7 ဟာ မြင့်မားပါတယ်။ Samsung Galaxy S8 လိုပဲMeizu Pro 7 မှာ Home, Back, Recent Buttons များကို On-Screen Buttons များအဖြစ် အသုံးပြုထားပါတယ်။ ပေါက်ကြားထွက်ပေါ် နေတဲ့ သတင်းများအရMeizu Pro 7 မှာ ၅.၇ လက်မ 4K 3840x2160 Pixels Display တပ်ဆင်ထားပါတယ်။

Helio X30 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 12 Megapixel Sony IMX362 CMOS Sensor တပ်ဆင်ထားပါတယ်။ 4GB/6GB RAM, 64GB/128GB Storage တပ်ဆင်ထားပါတယ်။ Android Nougat ကိုFlyme OS နဲ့ ပေါင်းစပ်ထားပါတယ်။Volume Keys , Power/ Lock Key များကိုညာဘက်ဘေးမှာ တပ်ဆင်ထားပါတယ်။




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com