စမတ်ဖုန်း၊ တက်ဘလက်များ အပြင် လက်တော့ကိုပါ အားသွင်းပေးနိုင်မယ့်
စွမ်းဆောင်ရည်မြင့် Power Bank များ ထွက်ပေါ်လာပါပြီ။ အခုလည်း Lifepowr
အမည်ရ ကုမ္ပဏီက ပမာဏ ကြီးမားတဲ့ 27 000mAh Battery တပ်ဆင်ထားတဲ့ Power Bank
ကို မိတ်ဆက်လိုက်ပါတယ်။
အားသွင်းရာမှာ အလွန် လျှင်မြန်စေတဲ့ USB-C Ports ၂ ခု ပါရှိပါတယ်။ ဒါ့အပြင် အလွန် လျှင်မြန်စွာ အားသွင်းနိုင်တဲ့ Quick Charge 3.0 နည်းပညာ ပါပါတယ်။ USB-A Port ၂ ခုတပ်ဆင်ထားပြီး သူဟာလည်း Quick Charge 3.0 ကို ထောက်ပံ့ပါတယ်။ ကုမ္ပဏီက USB-C Port ပါတဲ့ ကမ္ဘာ့ ပထမဆုံး Power Bank လို့ ကြွေးကြော်ထားပါတယ်။
Power Bank မှ Ports အားလုံးကို တစ်ပြိုင်နက် အသုံးပြုနိုင်ပါတယ်။ Power Bank ကို A3 လို့ အမည်ပေးထားပြီး 60W Charger ဖြင့် တစ်နာရီအတွင်း ၅၀ ရာခိုင်နှုန်း အထိ အားသွင်းနိုင်ပါတယ်။ ၃ နာရီအတွင်း အားအပြည့် သွင်းနိုင်ပါတယ်။ LifePowr က A3 ကို နေရောင်ခြည် စွမ်းအင်ကနေ အားသွင်းပေးမယ့် Solar Panel ကိုလည်း ဖန်တီး ရောင်းချပေးနေပါတယ်။ အဲဒီအတွက် အပြင်သွားတဲ့ အခါ မှာလည်း Power Bank ကို အားသွင်းနိုင်ပါတယ်။
A3 ကို ထုတ်လုပ်ရောင်းချဖို့ Indiegogo ၀က်ဆိုက်ကနေ ရန်ပုံငွေ ကောက်ခံနေပါတယ်။ ၁၅၉ ဒေါ်လာ ရန်ပုံငွေ ထည့်ထားရင် ရောင်းချချိန်မှာ တစ်ခု ရရှိမှာ ဖြစ်ပါတယ်။ နိုဝင်ဘာလလောက်မှာ ရောင်းချမယ်လို့ ကုမ္ပဏီက ပြောပါတယ်။