5/10/2017

♪ “Panasonic Eluga Ray X” ♫

Image may contain: phone

Panasonic Eluga Ray X ဟာ သုံးစွဲလို့အဆင်ပြေမယ့် features တွေ၊ သုံးစွဲလို့ထိုက်တန်တဲ့ဈေးနှုန်းတွေနဲ့ မကြာမီဈေးကွက်ထဲကိုရောက်ရှိ လာတော့မှာဖြစ်ပါတယ်။ ဖုန်းဒီဇိုင်းပုံစံလေးက ခေတ်မီဆန်းသစ်မှုရှိပြီး ကျစ်လျစ်တဲ့ ကိုယ်ထည် တည်ဆောက်ပုံရှိပါတယ်။ ဖုန်းအရွယ်အစားက 153.4x77x10.5 mm ရှိပြီး အလေးချိန်က 193g တောင် လေးတဲ့ အတွက် ကိုင်ရတာထူပြီး အနည်းငယ်လည်း လေးပါတယ်။

GSM, HSPA နဲ့ LTE networks တွေကိုထောက်ပံ့ထားပြီး Dual SIM စနစ် ပါရှိပါတယ်။ ၅ လက်မခွဲ ကျယ်တဲ့မျက်နှာပြင်ကို IPS LCD capacitive touchscreen display နဲ့ဖန်တီးပြုလုပ်ထားပြီး HD မြင် ကွင်းတွေကိုပြသပေးနိုင်ပါတယ်။ မျက်နှာပြင်ကိုအကြမ်းခံနိုင်အောင် Corning Gorilla Glass နဲ့ ထပ်မံ ဖုံးအုပ်ကာကွယ်ပေးထား ပါသေးတယ်။

အနောက်ကင်မရာက 13MP ရှိပြီး ကြည်လင်ပြတ်သားတဲ့ဓာတ်ပုံတွေနဲ့ HD ဗီဒီယိုတွေကိုရိုက်ယူပေးနိုင် သလို အရှေ့ကင်မရာကလည်း 5MP ရှိပါတယ်။ Internal Memory 32GB ပါရှိတဲ့အပြင် Micro SD Card ကို 64GB အထိ ထပ်မံ စိုက်ထည့်သုံးနိုင်လို့ သုံးစွဲလို့ကောင်းတဲ့ အနေတော်ပမာဏလောက်ကို ရရှိနိုင်မှာပါ။ စက်စွမ်းအားပိုင်းအတွက် Mediatek MT6737 chipset နဲ့ RAM 3GB ပါရှိတဲ့ Quad-core 1.3GHz Cortex-A53 ကို ထည့်သွင်းထားတာကြောင့် သင့်တင့်ကောင်းမွန် တဲ့ စက်စွမ်းဆောင်ရည်တွေကိုပေးစွမ်းနိုင်ပါတယ်။

အရှေ့ဘက် Home button မှာလည်း Data လုံခြုံရေးအတွက် Fingerprint Sensor ကို တပ်ဆင်ထားတာကို တွေ့ရပါတယ်။ ဘက်ထရီ စွမ်းအားပိုင်းအနေနဲ့တော့ Li-Ion 4000mAh က တစ်နေ့တာလုံး စိတ်ကြိုက်သုံးစွဲဖို့အတွက် လုံလောက်မှုရှိပါတယ်။


<Specifications>

Network - GSM/HSPA/LTE
CPU - Quad-core 1.3GHz Cortex-A53
Memory - 32GB (up to 64GB)
OS - Android OS, v6.0 (Marshmallow)
Bluetooth - v4.2, A2DP

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com