
အမေရိကန် ပြည်ထောင်စုဆန်ဘာဒီနိုမှာသေနတ်ဖြင့် ပစ်သတ်ခံခဲ့ရတဲ့ လူများရဲ့ မိသားစုဝင်များက အကြမ်းဖက် သမားများကို
ဝါဒဖြန့်ခွင့်ပြုထားတဲ့ Facebook, Google နဲ့ Twitter
တို့ကိုတရားစွဲလိုက်ပါတယ်။ လော့စ်အင်ဂျလိစ်ပြည်နယ် California Central
District Court မှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတရားစွဲဆိုလိုက်တာ ဖြစ်ပြီးတရားလိုများက “အင်တာနက် ကုမ္ပဏီများဟာအကြမ်းဖက်သမားများက ၀ါဒဖြန့်ခြင်း၊ ငွေကြေးစုဆောင်းခြင်း ၊ လူသစ်များစုဆောင်းခြင်းများကိုသူတို့ရဲ့ လူမှုကွန်ရက်မှာ ပြုလုပ်နေတာကို သိလျက်နဲ့ ခွင့်ပြုထားပါတယ်” လို့ တရားရုံးကိုတိုင်ကြားထားပါတယ်။
အမေရိကန် ပြည်ထောင်စုဆန်ဘာဒီနိုမှာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် Syed RizwanFarookနဲ့ သူ့ရဲ့ ဇနီး ဖြစ်သူTashfeen Malik တို့ရဲ့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူ ၁၄ ဦးသေဆုံးခဲ့ပြီး ၂၂ ဦးဒဏ်ရာရခဲ့ပါတယ်။ အမေရိကန် သမ္မတ Donald Trump က အကြမ်းဖက် သမားများကို နှိမ်နင်းဖို့အတွက် အင်တာနက်ကိုကန့်သတ်မှုများ ပြုလုပ်ဖို့ အကြံပြုထား ပါတယ်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ ပြင်သစ်နိုင်ငံပဲရစ်မှာ ဖြစ်ပွားတဲ့ အကြမ်းဖက်မှု အပြီးမှာ ပြင်သစ် အာဏာပိုင်အချို့က အခမဲ့ ၀ိုင်ဖိုင်များနဲ့ အွန်လိုင်းကိုကိုယ်ယောင်ဖျောက်၍ အသုံးပြုနေသူများအားပိတ်ပင်ဖို့ စဉ်းစားခဲ့ကြပါတယ်။
လူမှုကွန်ရက်များဟာအကြမ်းဖက် ၀ါဒဖြန့်မှုများကိုပိတ်ပင်ထားကြပေမယ့် လည်း ကမ္ဘာအ၀န်းမှာ အသုံးပြုသူသန်းပေါင်းများစွာရှိတဲ့ အတွက် ထိရောက် စွာစစ်ဆေးအရေးယူနိုင်ခြင်းမရှိသေးပါဘူး။
ယခင်ကလည်းအော်လန်ဒို ညကလပ် အကြမ်းဖက်မှုမှ သေဆုံးသူများရဲ့ မိသားစုဝင်များက
လူမှုကွန်ရက် များကိုတရားစွဲခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
အမေရိကန် ပြည်ထောင်စုဆန်ဘာဒီနိုမှာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် Syed RizwanFarookနဲ့ သူ့ရဲ့ ဇနီး ဖြစ်သူTashfeen Malik တို့ရဲ့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူ ၁၄ ဦးသေဆုံးခဲ့ပြီး ၂၂ ဦးဒဏ်ရာရခဲ့ပါတယ်။ အမေရိကန် သမ္မတ Donald Trump က အကြမ်းဖက် သမားများကို နှိမ်နင်းဖို့အတွက် အင်တာနက်ကိုကန့်သတ်မှုများ ပြုလုပ်ဖို့ အကြံပြုထား ပါတယ်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ ပြင်သစ်နိုင်ငံပဲရစ်မှာ ဖြစ်ပွားတဲ့ အကြမ်းဖက်မှု အပြီးမှာ ပြင်သစ် အာဏာပိုင်အချို့က အခမဲ့ ၀ိုင်ဖိုင်များနဲ့ အွန်လိုင်းကိုကိုယ်ယောင်ဖျေ
လူမှုကွန်ရက်များဟာအကြမ်းဖက်
Mobile Guide Journal (Every Monday)
https://www.facebook.com/