5/13/2017

♪ " OPPO F3 " ရဲ့ အသေးစိတ်ဖော်ပြချက်များ Price - 419,000 Ks ♫

Image may contain: phone

OPPO F3 ဟာ ဆွဲဆောင်မှုရှိတဲ့ features တွေ များစွာပါရှိပြီး သုံးစွဲလို့ကောင်းတဲ့ flagship ဖုန်းအသစ်တစ်လုံးအနေနဲ့ ထွက်ရှိလာတော့မှာပါ။ OPPO F series တွေရဲ့ ထုံးစံအတိုင်းပဲ ကင်မရာစွမ်းအားက အထူးကောင်းမွန်ပြီး အရှေ့ကင်မရာစွမ်းအားပိုင်းကို ပိုမိုအလေးပေးထားတာကို တွေ့ရပါတယ်။ ဒါကြောင့် Selfie ချစ်သူတွေကတော့ ကြိုက်နှစ်သက်ကြမှာ အသေအချာပါပဲ။ ဒီဇိုင်းပုံစံလေးက ပါးပါးလွှာလွှာလေးနဲ့ လက်ထဲမှာ ကျစ်ကျစ်လျစ်လျစ်လေး ကိုင်တွယ်သုံးစွဲနိုင်ပါတယ်

Frame က အရင်ထုတ်လုပ်ခဲ့တဲ့ F1s နဲ့ယှဉ်ရင် 27 ရာခိုင်နှုန်းလောက် ပိုမိုကျဉ်းမြောင်းသွားပြီး bezel ကလည်း 2.0mm ပိုကျဉ်းသွားလို့ လက်တစ်ဖက်တည်းနဲ့ ဖုန်းကိုအသုံးပြုနိုင်သလို ကိုင်ရတာလည်း ပိုအဆင်ပြေပါတယ်။ ကိုယ်ထည်ကိုလည်း ပါးလွှာတဲ့သတ္တုနဲ့ ပြုလုပ်ထားလို့ တောင့်တင်းခိုင်မာပြီး အကြမ်းခံတဲ့အပြင် အလေးချိန်ကလည်း အရမ်းကြီး မလေးပါဘူး။ ဖုန်းအရွယ်အစားက 153.3 x 75.2 x 7.3 mm ရှိပြီး အလေးချိန်က 153g လေးပါတယ်။


GSM, HSPA နဲ့ LTE networks တွေကို ထောက်ပံ့ထားပြီး SIM Tray 3 ခု ပါရှိတာကြောင့် Nano SIM card 2 ကတ်နဲ့ Micro SD card 1 ကတ်ကို တစ်ပြိုင်နက်တည်း ထည့်သွင်းသုံးစွဲနိုင်ပါတယ်။ ဖုန်းထဲမှာ သိမ်းဆည်းထားတဲ့ data တွေကို လုံခြုံစေဖို့အတွက် advanced solid-state fingerprint reader ပါရှိပြီး OPPO F3 က ဖုန်းကို လျင်မြန်စွာ unlock လုပ်နိုင်ပါတယ်။ ဒါ့အပြင် OPPO F3 မှာ hydrophobic membrance ပါရှိလို့ လက်ချောင်းမှာ ရေတွေစိုနေရင်တောင် အသုံးပြုနိုင်ပါတယ်။ မျက်နှာပြင်အကျယ်က 5 လက်မခွဲရှိပြီး FHD in - Cell Display က 1080 x 1920 pixels အရည်အသွေးရှိတဲ့ မြင်ကွင်းတွေကို ပြသပေးနိုင်ပါတယ်။


ပုံမှန် screen အထူကို 4 ပုံ 1 ပုံလောက် လျှော့ချထားလို့ ပိုမိုကြည်လင်ပြတ်သားတဲ့ မြင်ကွင်းတွေကို ရရှိနိုင်ပြီး နေအလင်းရောင်အောက်မှာလည်း ကောင်းမွန်စွာ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် multitouch စနစ်ကိုလည်း သုံးစွဲနိုင်ပြီး အထဲမှာ Android OS, v 6.0 (Marshmallow) ကို အခြေခံထားပြီး အသုံးပြုရတာ အလွန်အဆင်ပြေတဲ့ Color OS 3.0 ကို run ပေးထားပါ တယ်။ OPPO F3 OS က ဖုန်းအသုံးပြုရတာ ပိုမိုအဆင်ပြေချောမွေ့ပြီး ဘက်ထရီစားလည်း သက်သာသလို တိကျမြန်ဆန်တဲ့ လုပ်ဆောင်ချက်တွေကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။


ColorOS 2.0 ထက် 25 ရာခိုင်နှုန်းလောက် ပိုမိုစွမ်းအားမြင့်မားပြီး Home Screen loading speed က 35 ရာခိုင်နှုန်းခန့်နဲ့ Installation speed က 41 ရာခိုင်နှုန်းခန့် ပိုမိုမြန်ဆန်တာကို တွေ့ရပါတယ်။ OPPO F3 မှာပါရှိတဲ့ Clone App feature က Whatsup, Facebook စတာတွေကို app 2 ခုခွဲကာ အကောင့် 2 ခုကို တစ်ပြိုင်နက်တည်း သုံးစွဲနိုင်ပြီး Privacy Protection စနစ်လည်း အထူးကောင်းမွန်ပါတယ်။ ဒါ့အပြင် Avast Virus Scanner ကလည်း အပြင်က virus တွေ အလွယ်တကူ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးထားပါသေးတယ်။ ဖုန်းမှထွက်တဲ့ ရောင်ခြည်တွေကြောင့် မျက်လုံးထိခိုက်မှု အနည်းဆုံးဖြစ်အောင် Eye Protection စနစ်ကိုလည်း ထည့်သွင်းပေးထားပါတယ်။


Screenshot လုပ်တဲ့အခါမှာလည်း ပိုမိုအဆင်ပြေစေမယ့် Long Screen Capture ကိုလည်း သုံးစွဲနိုင်ဦးမှာပါ။ အနောက်ကင်မရာက 13MP, 1/3 inch sensor ပါရှိပြီး အရှေ့ dual selfie ကင်မရာကတော့ 16MP + 8MP အသီးသီး ပါရှိပါတယ်။ ဒါကြောင့် ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေနဲ့ အရည်အသွေးမြင့်မားတဲ့ ဗီဒီယိုတွေကို မှတ်တမ်းတင်နိုင်ပါတယ်။ Selfie ဓာတ်ပုံတွေကို ရိုက်တဲ့အခါမှာလည်း တစ်ယောက်တည်းရိုက်ရိုက်၊ အုပ်စုလိုက်ပဲရိုက်ရိုက် အဆင်ပြေစေမယ့် ultra wide angle 6P Len ကို သုံးထားပါတယ်။


ဒါ့အပြင် အရှေ့ကင်မရာမှာ Beautify 4.0, Selfie Panorama, Screen Flash နဲ့ Palm Shutter တို့ကို သုံးစွဲနိုင်ပြီး အနောက်ကင်မရာမှာတော့ Expert Mode, Ultra HD, Anti-Shake 2.0 စတဲ့ features တွေလည်း ပါရှိပါတယ်။ OPPO F3 ကို လက်ရှိမြန်မာပြည်ဈေးကွက်မှာ ရွှေရောင်တစ်မျိုးတည်းကိုပဲ တင်သွင်းရောင်းချပေးထားပါတယ်။

* Battery Life *

OPPO F3 မှာ Non-removable Li-ion 3200mAh battery ကို ထည့်သွင်းထားပြီး တစ်နေ့တာဖုန်းသုံးစွဲဖို့ လုံလောက်တဲ့အပြင် ဖုန်းအားသွင်းရတာလည်း မြန်ဆန်မှုရှိတဲ့ VOOC Flash Charge စနစ် ပါဝင်ပါတယ်။ ဒါကြောင့် ရုပ်ရှင်တွေ၊ ဗီဒီယိုတွေကိုလည်း အေးဆေးကြည့်ရှုနိုင်ပါတယ်။

* Design *

OPPO F3 ရဲ့ တည်ဆောက်ပုံဒီဇိုင်းက ပါးလွှာကျစ်လျစ်ပြီး အကြမ်းခံနိုင်ပါတယ်။ ကိုင်တွယ်သုံးစွဲလို့ကောင်းတဲ့ပုံစံနဲ့ ခေတ်မီဆန်းသစ်မှုရှိအောင် ဖန်တီးတည်ဆောက်ထားပြီး အကောင်းစား hardware ပစ္စည်းတွေကို အသုံးပြုထားတာကြောင့် တစ်ချက်ကြည့်လိုက်တာနဲ့ အဆင့်မြင့်စမတ်ဖုန်းတစ်လုံးမှန်း သိသာစေနိုင်ပါတယ်။

* Processor *

OPPO F3 မှာ RAM 4GB နဲ့အတူ MT6750T Octa-core 1.5GHz processor နဲ့ MaliT86-MP2 Graphics Card က စက်စွမ်းဆောင်ရည်တွေကို အကောင်းဆုံးထောက်ပံ့ထားလို့ ဘယ်လောက်လေးတဲ့ apps တွေနဲ့ ဂိမ်းတွေကိုမဆို အဆင်ပြေပြေ ကစားနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရုပ်ထွက်လည်း ကောင်းမွန်ပါတယ်။

* Display and Camera *

5.5-inch အကျယ်ရှိတဲ့ မျက်နှာပြင်ကို FHD capacitive touchscreen display အမျိုးအစားနဲ့ ပြုလုပ်ပေးထားပြီး 1080 x 1920 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကို ရရှိမှာပါ။ 13MP ရှိတဲ့ အနောက်ကင်မရာနဲ့ 16MP + 8MP ရှိတဲ့ အရှေ့ dual selfie ကင်မရာတို့ကို တပ်ဆင်ထားပြီး အလွန်အသုံးဝင်တဲ့ features တွေလည်း အများကြီးပါရှိပါတယ်။

* Verdict *

OPPO F3 ဟာ 2017 ခုနှစ်မှာ ထုတ်လုပ်ထားတဲ့ ကင်မရာအကာင်းဆုံး အဆင့်မြင့်စမတ်ဖုန်းတွေထဲမှာ တစ်လုံးအပါအဝင်ဖြစ်ပြီး ဘယ်နေရာရောက်ရောက် ကိုယ့်ကိုယ်ကို လှလှပပလေး မှတ်တမ်းတင်ထားချင်တဲ့ Selfie ချစ်သူအတွက်တော့ မရှိမဖြစ်ဆောင်ထားသင့်တဲ့ အဆင့်မြင့်ဖုန်းလေးပဲ ဖြစ်ပါတယ်။

Specification
» Network : 2G, 3G, 4G (Dual nano-SIM)
» Weight : 153 g
» Display : 5.5", In-Cell, IPS TFT FHD touchscreen
» Dimensions : 153.3 x 75.2 x 7.3 mm
» Memory : 64GB, 4GB RAM, microSD card up to 128GB
» Camera : 13MP, Dual PDAF, f/2.2 Aperture, 1/3inch Sensor
Front : 16MP Beautify, 8MP ultra-wide angle, f/2.0 Aperture,
1/3inch Sensor
» Connectivity : GPS, WLAN, Bluetooth 4.0, OTG
» OS : Android OS 6.0 (Marshmallow), Color OS 3.0
» Chipset : MT6750T (Octa-core 1.5GHz)
GPU : MaliT86-MP2
» Protection : 2.5D, Corning Gorilla Glass 5, Fingerprint

Contact Phone - 09-453492457 (OPPO 15th Street Showroom)

Price - 419,000 Ks



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com