Konami ရဲ့ လူကြိုက်များတဲ့ Pro Evolution
Soccer (PES) ဘောလုံး ဂိမ်းတွေဟာ နှစ်စဉ် နှစ်တိုင်း PC နဲ့ Console Gamer
တွေကြားမှာ အလွန်လူကြိုက်များပါတယ်။ နောက်ဆုံးထွက်ရှိထားတဲ့ PES 2017
ဟာလည်း လက်ရှိမှာ FiFA 2017 နဲ့အပြိုင်း လူကြိုက်များတဲ့
ဂိမ်းတစ်ခုဖြစ်ပါတယ်။
ဒီ
Game ကို မိုဘိုင်း device တွေပေါ်မှာ ဆော့ကစားချင်တဲ့ သူတွေအတွက် Android
အတွက် ရော iOS အတွက်ပါ ထွက်ရှိမှာဖြစ်တယ်လို့ Konami ရဲ့ Website မှာ
တရားဝင်ကြေညာထားပါတယ်။
ပြီးခဲ့တဲ့ မေလ (၁၀) ရက်နေ့ကနေ့စပြီး Online
ကနေ pre-register လုပ်ထားနိုင်ပြီဖြစ်ပြီး Apple User တွေ အနေနဲ့ကတော့ UK,
US နဲ့ Japan မှာနေထိုင်သူတွေသာ pre-register
ပြုလုပ်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။
ဒီဂိမ်းရဲ့ တရားဝင်ထွက်ရှိမယ့်ရက်ကိုတော့
တိတိကျကျမဖော်ပြထားဘဲ late May 2017 လို့သာဖော်ပြထားတဲ့အတွက် ဒီလ
မကုန်ခင် လေးမှာ ထွက်ရှိနိုင်ချေရှိပါတယ်။
ဒီဂိမ်းကိုတော့ Android အတွက် ဆိုရင် Android
5.0 နဲ့အထက်၊ Apple အတွက်ဆိုရင်တော့ iOS 9.0 နဲ့အထက် (iPhone 5s or later,
iPad Pro, iPad mini 2 or later, iPod Touch(6th generation or later)
mobile device တွေမှာသာ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။