5/15/2017

♪ မြန်မာငွေ ၁၅ သိန်းကျော် တန်ကြေးရှိမယ့် iPhone 8 ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/iphone-8-concept-03.png?fit=800%2C450&ssl=1

Apple က ယခုနှစ်နှောင်းပိုင်းမှာ ထုတ်လုပ်ရောင်းချမယ့် iPhone 8 ကို ၀ယ်ဖို့ စောင့်မျှော်နေသူများ အတွက်တော့ မကောင်းတဲ့ သတင်းတစ်ခု ထွက်ပေါ်လာပါတယ်။ အဲဒါကတော့ iPhone 8 ရဲ့ တန်ဖိုးဟာ ၁၅ သိန်းကျော်လောက် ရှိမှာ ဖြစ်ပါတယ်။ iPhone 8 ရဲ့ 128GB Model ကို ၉၉၉ ဒေါ်လာနဲ့ 256GB Model ကို ၁၀၉၉ ဒေါ်လာ သတ်မှတ်ထားတယ်လို့ Business Insider က ပြောပါတယ်။ မြန်မာငွေ အားဖြင့် ၁၃ သိန်းနဲ့ ၁၅ သိန်းကျော် အသီးသီး တန်ကြေးရှိပါတယ်။

iPhone 8 မှာ အသုံးပြုထားတဲ့ OLED Screen အသစ်ကြောင့် ၃၅ ဒေါ်လာ ပိုမို တန်ဖိုးများသွားတယ်လို့ သတင်းအရင်းအမြစ်များက ပြောပါတယ်။ မန်မိုရီ အဆင့်မြှင့်ထားခြင်းက ၁၆ ဒေါ်လာနဲ့ ၂၉ ဒေါ်လာ အကြား ဈေးကြီးသွားပြီး သုံးဖက်မြင် အာရုံခံ စနစ်က ဒေါ်လာ ၂၀ ပိုမိုကုန်ကျစေပါတယ်။ iPhone 8 မှာ စွမ်းဆောင်ရည်မြင့် A11 Processor နဲ့ Biometric Sensors များလည်း ပါလာမယ်လို့ သတင်းထွက်နေ ပါတယ်။

Samsung Galaxy S8 လိုပဲ iPhone 8 မှာ Physical Navigation Buttons များကို ဖယ်ရှားထားပြီး On-Screen Buttons များကိုသာ အသုံးပြုရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ဘေးဘောင်မဲ့ မျက်နှာပြင် ဒီဇိုင်းဖြစ်ပြီး အလွန် လှပကြည့်ကောင်းမှာ ဖြစ်ပါတယ်။ iPhone 8 နဲ့ အတူ iPhone 7S နဲ့ 7S Plus များကို ကုမ္ပဏီက မိတ်ဆက်မှာ ဖြစ်ပြီး ၆၄၉ နဲ့ ၇၆၉ ဒေါ်လာ အသီးသီး တန်ကြေးရှိမှာပါ။



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com